မိခင်နို့ရည်သည် ကင်ဆာရောဂါကုသနိုင်ဖွယ်ရှိဟု အမှတ်မထင်တွေ့ရှိ


မိခင်နို့ရည်တွင် ကျူမာဆဲလ်များကိုသတ်နိုင်သည့် Hamlet ဟု အမည်ပြောင်းပေးထားသော အရာဝတ္ထုတစ်မျိုးပါဝင်ကြောင်းမထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ဓာတ်ကင်ကုသမှုမျိုးကဲ့သို့ အာနိသင် ရှိပြီး တူညီသော ဘေးထွက်ဆိုးကျိုးမျိုးမရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော်၎င်းသည် ခန္ဓာကိုယ်တွင်းရှိ ကျန်းမာရေးဆဲလ်များကို ပစ်မှတ် ထားခြင်းမရှိသည့်အတွက်ဖြစ်ကြောင်း ပညာရှင်များ ကပြောကြားခဲ့ကြ သည်။

 ဆွီဒင်နိုင်ငံLund တက္ကသိုလ်မှပါမောက္ခCatharina Svan-borg က ကျူမာဆဲလ်များကို ပစ်မှတ်ထား သတ်ဖြတ်နိုင်သည့် Hamlet ၏ စွမ်းရည်နှင့်ပတ်သက်၍ မှော်ဆန်သော အရာဝတ္ထုတစ်ခုရှိကြောင်း ယမန် နေ့က အီးမေးလ်တစ်စောင်တွင် ရေးသားခဲ့ကြောင်းသိရသည်။


ဆီးအိမ်ကင်ဆာလူမမာများကို စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ကောင်းမွန် သည့်ရလဒ်များကိုတွေ့ရှိခဲ့ရကြောင်း၊ ၄င်းသည် အူမကြီးကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာများကို ခုခံတိုက်ဖျက်ရာတွင် အကူအညီပေးနိုင် မပေးနိုင်ကို ယခုအခါပညာရှင်များက လေ့လာလျက်ရှိကြောင်းသိရသည်။ ၄င်းတို့အနေဖြင့် ယခင်နှင့်မတူ ထူးခြားသည့်အဏုဇီဝများကြီးထွားမှုကို တိုက်ဖျက်သောပစ္စည်း;(Antimicrobial agent) များကို ရှာဖွေလျက်ရှိပြီး လတ်ဆတ်သောမိခင်နို့ချိုသည် ၄င်းအရာများအတွက် အလွန်ကောင်းမွန် သော ဇာစ်မြစ်တစ်ခုဖြစ်ကြောင်း၊ စမ်းသပ်မှုတစ်ခုပြုလုပ်ချိန်အတော အတွင်း၌ ၄င်းတို့အနေဖြင့် လူသားဆဲလ်များနှင့် ဘက်တီးရီးယားတို့ရှိနေ ရန်လိုအပ်ကြောင်းနှင့် လက်တွေ့ အကြောင်းပြချက်များ အတွက် လူသား ကျူမာဆဲလ်များကို ၄င်းတို့ရွေးချယ်ထားကြောင်း ပါမောက္ခှလညေဘသမါ က ဖြည့်စွက်ရေးသားခဲ့သည်။ အူနှင့်နို့ရည်ထိတွေ့သည်နှင့် ဓာတ်ပြုမှု စတင်ဖြစ်ပေါ်သည်ဟု ၄င်းတို့ယူဆထားကြောင်းသိရသည်။

လူသစ်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ