အကြောလျှော့လေ့ကျင့်ခန်းတွေအပြင် အခြားကိုယ်လက်လှုပ်ရှား အားကစားတွေ ပြုလုပ်လေ့ရှိတဲ့ အသက်အရွယ်ကြီးသူတွေရဲ့ သေဆုံးနိုင်ချေနှုန်း သိသိသာသာ လျော့နည်းတာကို တွေ့ရှိရကြောင့် လေ့လာချက်အသစ်အရ သိရှိရပါတယ်။
Penn State University က သုတေသီတွေဟာ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေမှာ တစ်ပတ်ကို နှစ်ကြိမ်ခန့် အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေဟာ နှလုံးရောဂါ သို့ ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုတွေကို လျော့ချပေးနိုင်တဲ့အပြင် သေဆုံးနိုင်ချေရဲ့ ထက်ဝက်ခန့်ကို လျှော့ချနိုင်ကြောင့် လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ ဒါဟာ အကြောလျှော့လေ့ကျင့်ခန်းတွေကို အချိန်အကြာကြီးပေးပြီး လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အကြောလျှော့တာတော့ လုပ်သင့်ပါတယ်။ အကြောလျှော့တဲ့သူတွေဟာ အကြောမလျှော့တဲ့ သူတွေထက် ပိုပြီးအသက်ရှည်ရှည် နေနိုင်တယ်ဆိုတာကတော့ အသေအချာပါပဲ “ လို့ Penn State College of Medicine က လက်ထောက်ပါမောက္ခ Dr. Jennifer Kraschnewski က ပြောပြထားပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : UPI