လူတွေ သတိမထားမိကြတဲ့ ကင်ဆာရှေ့ပြေး လက္ခဏာများ


ကင်ဆာရောဂါဆိုးဆိုရင် အသံကြားရုံနဲ့ ကြောက်ဒူးတုန်ကြတာ၊ စိတ်ပူကြတာ လူတိုင်းလိုဖြစ်ပေ မဲ့၊ ရှေ့ပြေး အဖြစ်၊ နာကျင် ကိုက်ခဲတာ၊ ကျန်းမာရေး ပြသာနာတွေ တွေ့ရတာ၊ ဆီး,ဝမ်း သွားတဲ့
အမူအကျင့်တွေ ပြောင်းလဲလာတာ၊ စသဖြင့်၊ကင်ဆာ လက္ခဏာတွေ ပြလာပေမဲ့၊ အမှုမဲ့ အမှတ်မဲ့ နေကြ
တာ များပါတယ်။ အရေးတကြီး လက္ခဏာ လို့လည်း မထင်မိကြဘူး။ နောက်ဆုံးလေ့လာမှုတွေအရ၊ သာ
မာန် လက္ခဏာတွေနဲက နေမကောင်းဖြစ်ရတာတွေကိုက၊ ကင်ဆာရဲ့ ပထမဆုံး အသိပေးတာတွေ ဖြစ်နေတတ်တယ်။ ဒါ့ကြောင့် ပထမဆုံးပြတဲ့ သတိပေး အသိပေးတဲ့ ကင်ဆာလက္ခဏာတွေ၊ ပေါ်လာကာစ
မှာကို၊ ရောဂါ ရှာဖွေ ကုသလိုက်ရင်၊ ရောဂါ သိပ်မပျံ့သေးခင် ဆိုတော့၊ ပျောက်ကင်းသက်သာဘို့၊ အခွင့်အလမ်း ပိုများပါတယ်။
အောက်ပါတို့ကတော့ လူတွေ အထူးသတိထားသင့်တဲ့၊ ကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာတွေဖြစ်ကြတယ်။

(၁) အလုံးအကြိတ် အဖု အလုံးများ

ကိုယ်ခန္ဓာ ပေါ်မှာ နဂိုက မရှိတဲ့၊ အဖုအလုံးတစ်ခုခု စမ်းတွေ့မိတယ်ဆိုရင် မနာ မကျင်တော့ လူတွေက သတိတောင်ထားချင်မှ ထားတတ်တာပါ။ ဥပမာ ရင်သား အကြိတ် ,လည်ပင်းဘေးတစ်ဖက်တစ်
ချက်က အလုံးအကြိတ်တွေ၊ အမှတ်တမဲ့ စမ်းမိတောင်မှ၊ သက်ဆိုင်ရာဆရာဝန်ကို ပြဘို့၊ ဝန်လေးတတ်
်ကြတယ်။ ကျန်းမာရေးဗဟုသုတရှိသူ ၆၇% ကတော့၊ ဆရာဝန်ကို ပြသ စစ်ဆေးကြပေမဲ့၊ ၇၇% ကတော့ဒီလို အဖု အကြိတ်ဆိုတာ ကင်ဆာ ကြိတ်တွေ ဖြစ်နိုင်ကြောင်း မသိကြပါဘူး။ ဒါ့ကြောင့် ကိုယ်ခန္ဓာမှာ
ပုံမှန် မဟုတ်တဲ့ အဖု အကြိတ် စမ်းမိရင်၊ ဆရာဝန်ကို အချိန်မီ အမြန်ပြဘို့ လိုအပ်တယ်။

(၂) ချောင်းဆိုးကာ အသံဝင်ခြင်း

ရာသီအပြောင်းအလဲမှာ လူတွေ ချောင်းဆိုး နှာစေး ဖြစ်လေ့ရှိကြတယ်။ အဲလို ရာသီအလိုက်ဖြစ်တာ မဟုတ်ပဲ၊ ရက်ပိုင်းအတွင်း ပျောက်ကင်းမသွားပဲ၊ လချီကြာနေရင်၊ အသံလည်း ဝင်သလို၊
အသံလည်းပြောင်းသွားခဲ့ရင် ၊ မပေါ့ဆသင့်ပါဘူး။ သိုင်းရွိုက်ဂလင်းကင်ဆာ၊ လည်ချောင်းကင်ဆာlaryngeal cancer ,အဆုတ်ကင်ဆာ နဲ့ လင့်ဖိုးမားကင်ဆာ ကြိတ်တွေရဲ့၊ ရှေ့ပြေး လက္ခဏာ
အဖြစ်ပြတာ ဖြစ်ပါတယ်။ ပုံမမှန် အကြာကြီး ချောင်းဆိုးနေရင် သလိပ်ထဲ သွေးစ ကပ်ပါလာရင်အစားသောက်ပါ ပျက်လာရင် ၊ စောစီးစွာ ဆရာဝန်နဲ့ ပြသ ကုသသင့်တယ်။

(၃) ဝမ်းသွားတဲ့ အမူအကျင့် ပြောင်းလဲခြင်း

Whitaker's study လေ့လာမှုအရ၊ ၁၈% ရှိတဲ့ လူတွေမှာ၊ ဝမ်းသွားတဲ့ အမူအကျင့်၊ ပမာဏဝမ်းရဲ့ အရွယ်အစား၊ ဝမ်းသွားတဲ့အချိန်၊ ဝမ်းမှန်နေရာက၊ ချုပ်လိုက် ဝမ်းပျက်လိုက် ဖြစ်လာတာတွေ၊ ဖြစ်
လာတတ်ကြတယ်။အစားမှားလို့ အဲလိုဖြစ်လာတယ်လို့ ထင်ကြတာများကြတယ်။ အဲလို ဝမ်းသွားတဲ့
အမူအကျင့် ပြောင်းလဲလာတာက ခဏမဟုတ်ပ၊ဲ သိပ်ကြာလာရင်ဒါဟာ၊ အူမကြီးကင်ဆာကြောင့် ဖြစ်နိုင်တာတွေမို့၊ မပေါ့ဆပဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၄) ဆီးသွားတဲ့ အမူအကျင့် ပြောင်းလဲလာခြင်း
ဆီးလမ်းကြောင်းပိုးဝင်ကာ ဆီးပူ ဆီးအောင့်တာက၊ အမျိုးသမီးတွေမှာ၊ အဖြစ်များတတ်ကြပါတယ်။ ဆီးသွားရတာ အပြောင်းအလဲဖြစ်လာရင်လည်း၊ ဆီးလမ်းကြောင်းပိုးဝင်ရောင်ရမ်းတာလို့
အလွယ်ယူဆကာ၊ ဆေးမြီးတိုနဲ့ပဲ၊ပြီးစလွယ်ကုကြတာများတယ်။ အဲလိုမလုပ်သင့်ပဲ၊ ကျား, မ မရွေးအရင်ဆုံး ပြသသင့်တာက၊ ဆီးထဲသွေးပါရင်၊ ရုတ်တရက် ဆီးမထိန်းနိုင်ရင်၊ ဆီးသွားရခက်ခဲလာရင်၊
နဲ့ ဆီးပေါက်နေတုံး၊ နာကျင် မှု ခံစားလာရရင် အချိန်မဆိုင်းဘဲ ဘာ့ကြောင့် ဖြစ်ရတယ် ဆိုတာ၊ သိရဘို့
ဆရာဝန်ချက်ချင်း ပြသင့်ပါတယ်။ အဲဒီ လက္ခဏာတွေဟာ၊ ဆီးအိမ်ကျောက်ကပ်နဲ့ ဆီးကြိတ် prostate
မှာ ကင်ဆာ ဖြစ်ပွားနေတာ ပြတဲ့ လက္ခဏာ တွေ ဖြစ်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

(၅) အကြောင်းရင်း မသိနိုင်တဲ့ နာကျင်မှု
ကိုယ်ခန္ဓာ တစ်နေရာရာမှာ ပျောက်နိုင်ခဲတဲ့ နာကျင်မှုတစ်ခုခုခံစားနေရတယ်ဆိုရင်လည်း
ဒါဟာ၊ ကင်ဆာ တစ်ခုခု ဥပမာ မျိုးဥအိမ် ကင်ဆာ ဒါမှမဟုတ် အရိုးကင်ဆာ အသည်းကင်ဆာ စသဖြင့်ခံစားနေရလို့ ၊ နာကျင်တာ ဖြစ်နိုင်ပါတယ်။ ကင်ဆာဆိုတာ စဖြစ်ဖြစ်ချင်း၊ နာကျင်တာ မပြတတ်ပေမဲ့
စတင်ဖြစ်ပွားရာက ဘေးဘီ ပျံ့နှံ့ပြီဆိုရင်၊ နာကျင်ကိုက်ခဲတာနဲ့ ပြတတ်တာက ၊ ကင်ဆာရဲ့
ထူးခြားချက် ဖြစ်တယ်။ ဒါ့ကြောင့် ထိခိက်ဒဏ်ရာကြောင့် မဟုတ်ပဲ၊ တစ်နေရာရာက နာကျင်နေပြီဆိုရင်၊ဆရာဝန်ချက် ချင်းပြတာက အကောင်းဆုံးပါပဲ။ Whitaker's survey လေ့လာမှုအရ၊ အဲလို နာကျင်မှု
ခံစားရသူတွေရဲ့၄၀% ကပဲ၊ အရေးတယူနဲ့ ဆရာဝန်ပြတာ ရောဂါ ရှာဖွေ ကုသတာ ပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။

(၆) အကြာကြီး ဖြစ်နေတဲ့ လည်ချောင်းနာခြင်း

ဆောင်းခါဆိုရင် အအေးမိလို့၊ လည်ချောင်း နာလေ့ ရှိကြတယ်။ ဒါပေမဲ့ အကြာကြီး လည်ပင်းနာနေရင်၊ အစာ စားရခက်နေရင်တော့ အတော်ဆိုးတဲ့ ရောဂါ ကင်ဆာ ဖြစ်နိုင်ပါတယ်။ လည်ချောင်းကင်
်ဆာ၊ လေပြွန်ကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ သုတေသနတစ်ခုမှာ၊လည်ချောင်းနာသူ ၇၈% ဟာ သူတို့မှာ အဲလောက်ဆိုးတဲ့ ရောဂါ ကပ်ငြိနေတာ သတိမထားမိကြဘူးလို့
ဆိုပါတယ်။

(၇) ကိုယ် အလေးချိန် အကြောင်းမဲ့ ကျဆင်းလာခြင်း

အမေရိကန် ကင်ဆာ အဖွဲ့ရဲ့ အဆိုအရ၊ အချိန်တိုအတွင်း ၁၀ ပေါင် နဲ့ ၁၀ ပေါင် အထက် ဝိတ်ကျတာဟာ၊ ကင်ဆာရောဂါရဲ့ပထမဆုံး လက္ခဏာ သာဖြစ်ပါတယ်။ အထူးသဖြင့်၊ ပန်ကရိယ ,အစာအိမ်
အဆုတ်နဲ့ အစာရေမျိုမှာ ကင်ဆာဖြစ်နေရင် ဝိတ်ကျတာနဲ့ အရင်ဆုံးပြတတ်ပါတယ်။ လေ့ကျင့်ခန်း
မဆိုစလောက်လေးလုပ်ပြီး၊ ကိုယ်အလေးချိန်က အဆမတန်ကျဆင်းလာကာ၊ အစားအသောက်စားချင်စိတ်ပါ လျော့နည်းလာတယ်ဆိုရင်၊ ဒါဟာ ကင်ဆာ ရှေ့ပြေးလက္ခဏာ ပြတာဖြစ်တယ်။

(၈) အစားအစာ မျိုချရတာ ခက်ခဲလာခြင်း

အစာမျိုရခက်ခဲလာတာက၊ ပုံမှန် မဟုတ်တဲ့ လက္ခဏာ ဖြစ်ပြီး၊ အစာရေမျို, အစာအိမ်နဲ့ လည်ချောင်းတစ်နေရာရာ မှာ၊ ကင်ဆာ ဖြစ်နေလို့ မျိုရခက်လာတာပါ၊၊ ကျဉ်းမြောင်းလာတဲ့ အစာမျို လမ်း
ကြောင်းတစ်လျှောက်၊ ကျူမာ ကင်ဆာ အကြိတ် ဖြစ်ပေါ်လာတဲ့အတွက် အစာ တစ်ဆို့နေသလို၊ နင်နေသလို ဖြစ်တာမို့လို့၊ အထူး ဂရုစိုက် ပြသင့်ပါတယ်။

(၉) ချောင်းဆိုးရင်းသလိပ်ထဲသွေးပါတာ၊ သွေးတွေ ချောင်းဆိုးရင်းထွက်လာတာက၊ အဆုတ်ကင်ဆာကိုဖော်ပြနေတယ်။ သွေးတွေ မစင်ထဲ ပါလာတာက၊ အူမကြီး(သို့) စအိုကင်ဆာကြောင့် ပါတာ
ဖြစ်နိုင်တယ်။ ရာသီလာချိန်မဟုတ်ပဲ၊ မိန်းမကိုယ်ထဲက သွေးဆင်းတာဟာ၊ သားအိမ်ကင်ဆာ(သို့) သားအိမ်လည်တံကင်ဆာကြောင့် ဖြစ်ဘို့များတယ်။ ဆီးလမ်းကြောင်းကနေ၊ သွေးတွေ ပါလာတာက၊
ကျောက်ကပ်(သို့)ဆီးအိမ်ကင်ဆာကြောင့် ဖြစ်နိုင်တယ်။နို့သီးခေါင်းကနေ၊ သွေးတွေထွက်လာရင်(သို့) အရည်ကြည်တွေ နို့တိုက်မိခင်မဟုတ်ပဲ ထွက်လာရင်၊ ရင်သားကင်ဆာကို ဖော်ပြနေ တယ်။
ကင်ဆာရဲ့ဘယ်အဆင့်မှာမဆို သွေးထွက်တာနဲ့ ပြလာတတ်တာမို့၊ အဲဒါတွေ တွေ့ရင်၊ မပေါ့ဆပဲဆေးရုံဆေးခန်းပြဘို့ အရေးကြီးပါတယ်။

(၁၁) ကိုယ်ပေါ်ရှိ မှဲ့တွေ အမှတ်တွေ ကြွက်နို့တွေ အရွယ်အစား ,ပုံသဏ္ဍာန် ,အရောင်အဆင်း
အနေအထားတွေ ပုံပြောင်းလာရင်၊ အရင်ဆုံး သက်ဆိုင်ရာ ဆရာဝန်ကို ပြသင့်ပါတယ်။ ၄၇% ကသာ
ဆရာဝန်နဲ့ တိုင်ပင် ကုသပေမဲ့ အများစုကတော့ ကိုယ့်ကို ဒုက္ခပေးမဲ့ ပြောင်းလဲမှုဆိုတာ မသိကြဘူးလို့
ဆိုပါတယ်။ ပုံစံပြောင်းကာစသာ သိပြီး စောစီးစွာ ကုသရင်၊ လက်ဦးမှုရနိုင်ကောင်းပါတယ်။ မှဲ့အရွယ်
မသိမသာ ကြီးစ ပြုကတည်းက၊ ခွဲစိတ်ဖယ်ရှားတာကလည်း ကင်ဆာမဖြစ်ခင် ဖယ်ရှားတာမျိုးဖြစ်စေတဲ့အတွက်၊ ကြိုတင်ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။
အထက်ပါ အချက်တွေကို တွေ့ရင် သတိမမူ ဂရုမစိုက် မပြုသင့်ပါဘူး။ ချက်ချင်း စစ်ဆေးပြသကာရောဂါဆိုးကင်ဆာဆိုရင်လည်း အချိန်မီကုသနိုင်ပါတယ်။ စစ်ဆေးကြည့်လို့မှ ကင်ဆာ မဟုတ်ဘူးဆို
ိုလည်း စိတ်အေးချမ်းသာ ရ ရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအချက်တွေကို ၊ မိမိကိုယ်မှာ ဖြစ်စေ၊ဆွေမျိုး မိတ်သင်္ဂဟတွေဆီမှာ ဖြစ်စေ၊ သေချာသတိ ထားစစ်ဆေး နေသင့်ပါကြောင်း အသိပေး ဖြန့်ဝေ
လိုက်ပါတယ်။

ဒေါက်တာ အေးမြချယ်
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ