ဂရုပြုရမည့် အားကစားစွဲမက်မှု ပြဿနာ။


တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ gym လို့ ခေါ်တဲ့ အားကစားခန်းမတွေ အလျှိုလျှိုထွက်ပေါ်လာပြီး ကလေး၊လူငယ်၊လူကြီးမရွေး၊ ကျား၊မ မရွေး အချိန်မှန်မှန် သွားပြီး အားကစားနေကြတာကို မြင်ရတွေ့ ရ တာ ၀မ်းသာစရာပါ။ ဒါပေမယ့် အားကစားစွဲမက်မှုပြဿနာကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သေး တယ် ဆိုတာကိုတော့ တင်ပြလိုပါတယ်။

Gym သွားတာ၊ မနက်ထလမ်းလျှောက်တာ၊ ပြေးတာ အစရှိတာတွေကို တစ်ရက်တစ်လေနားချင်ပေမယ့် မနားနိုင်ဘူး။ ချွေးထွက်လိုက်ရမှ၊ နှလုံးတဒိတ်ဒိတ်ခုန်တဲ့အသံကို ခံစားရပြီး ကြွက်သားတွေကို ဆွဲဆန့်  ပစ်လိုက်ရမှ၊ ခန္ဓာကိုယ်ကို ခိုင်းလိုက်ရမှ နေသာထိုင်သာရှိတယ်ဆိုရင် သင်ဟာ အားကစားစွဲမက်မှု ပြဿနာနဲ့  ကြုံတွေ့ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

အားကစားလုပ်တာ နည်းလမ်းမှန်နေရင် အသားအရေစိုပြည်မယ်၊ ကိုယ်အလေးချိန်ကောင်းမယ်၊ မောပန်း နွမ်းနယ်မှုတွေ၊ နှုံးချိမှုတွေကင်းမဲ့ပြီး အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ လှုပ်ရှားသွားလာခြင်း အစရှိတာတွေ ဟန်ချက်ညီနေပါလိမ့်မယ်။ သို့ သော် အားကစားမှန်မှန်လုပ်ပေမယ့် အမြဲပန်းနေမယ်၊ အာရုံကြောတွေ အားမရှိသလိုဖြစ်နေမယ်၊ အသားအရေတွေမွဲခြောက်နေမယ်၊ ကိုယ်အလေးချိန် ရှိသင့်တာထက် ကျဆင်း နေမယ်ဆိုရင် အားကစားကိုလွန်ကဲစွာပြုလုပ်မိနေပြီဆိုတာ သေချာသလောက် ရှိနေပါတယ်။

တချို့ လူတွေမှာ စွဲလန်းမိတဲ့အရာကို အတင်းအကျပ်ဆက်တိုက်ပြုလုပ်တတ်တဲ့ စိတ်ရောဂါတစ်မျိုး ရှိပါ တယ်။ Obsessive Compulsive Disorder (OCD) လို့ ခေါ်ပါတယ်။ ဥပမာ ခွဲစိပ်မှုခံယူထားသူတစ်ဦးကို ကျွဲကောသီးစားရင် အနာကျက်မြန်တယ်လို့  တစ်ယောက်က ပြောလိုက်တာ ခွဲစိပ်ပြီးနောက် ၇နှစ်ကျော် ကြာတဲ့အထိ ကျွဲကောသီးကို မရမက ရှာစားနေတဲ့လူကို တွေ့  ဖူးပါတယ်။ အဲဒီစိတ်ရောဂါမျိုးဖြစ်ပါတယ်။ ထို့ အတူ အားကစားပေးရင် ဘယ်လိုဘယ်ပုံအကျိုးသက်ရောက်မယ်ဆိုတာကိုလည်းပြောလိုက်ရော နေပူပူ၊မိုးရွာရွာ မဖြစ်ဖြစ်တဲ့နည်းနဲ့  နားရက်မထားဘဲ ကစားလေတော့ပါလေရောဆိုရင်လည်း အားကစား စွဲမက်မှုပြဿနာနဲ့  ကြုံတွေ့ နေတာဖြစ်တော့ OCD နီးနီးပါပဲ။

နောက်တစ်ယောက် တွေ့ ဖူးပါတယ်။ နောက်လမှာ မင်္ဂလာဆောင်မှာမို့  ၀ိတ်မြန်မြန်ကျအောင် တစ်ရက် ကို (၂)ကြိမ် လာကစားတာပါ တဲ့။ သူက အလေးအသုံးပြုအားကစားရတဲ့ ကာယဗလလေ့ကျင့်ရေးခန်းမ ကို ရောက်နေတာပါ။ တစ်ရက်ကို နှစ်ကြိမ် ကစားမယ်ဆိုရင် အဲဒီအတွက် လိုအပ်တဲ့အဟာရတွေ ဓါတ်စာ တွေကို ဖြည့်စွက်ရပါမယ်။ သို့ ပေမယ့်လည်း ခန္ဓာကိုယ်က ကြွက်သားဒဏ်ရာကို ပြန်ကုစားလို့ မပြီးခင် ဆက်ကစားရင် နာကျင်မှုတွေခံစားရတာပဲ ရှိပြီး သူလိုချင်တဲ့ရလာဒ်ကို ရနိုင်မှာ မဟုတ်ပါဘူး။

သူတို့ တတွေဟာ ဓါတ်ပုံရိုက်ရင်လည်း စိတ်မချမ်းသာကြပါဘူး။ ခန္ဓာကိုယ်အချိုးအစားကို စိတ်ကြိုက် မတွေ့ ကြတော့ ဓါတ်ပုံမရိုက်ချင်ကြပါဘူး။ ပိုကစားမိရင် ပိုစားကြပြီး ပိုစားမိတဲ့အတွက် ပိုကစားကြပြန် လေတော့ နောက်ဆုံးမှာ ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ နှုံးချိခွေခေါက်သွားပြီးတော့ ကျန်းမာရေးကနေ မကျန်းမာရေး ဖြစ်သွားစေပါတယ်။ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်ဟာ အရက် သောက်ချင်တဲ့စိတ်၊ မူးယစ်ဆေးဝါး စွဲတဲ့စိတ်လိုပဲ စွဲစေပါတယ်။ အချိန်တန်လို့  မကစားလိုက်ရရင် နေမထိ၊ထိုင်မသာဖြစ်ကြပါတယ်။

သို့ သော် အားကစားစွဲမက်မှုပြဿနာကို စိတ်ရောဂါလို့ တော့ မသတ်မှတ်ထားပါဘူး။ ဒီစိတ်မျိုးကို အပြုအမှုနှင့်ဆက်စပ်နေသောစွဲမက်မှုပြဿနာ လို့ ခေါ်ပါတယ်။ ဒီတော့ ဒီ အားကစားစွဲမက်မှုပြဿနာ
ကို ဘယ်လိုကိုင်တွယ်မလဲ။ လူတွေ အသိ၊သတိ ရှိလာအောင် ဘယ်လိုပညာပေးမလဲ။ ဘယ်လိုကုစား မလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတော့တယ်။
လက်ရှိအခြေအနေမှာတော့ အားကစားစွဲမက်မှုပြဿနာကို ယေဘုယျအားဖြင့် လူဦးရေရဲ့  ၀.၃ ကနေ ၀.၅ ရာခိုင်နှုန်းအထိက ခံစားနေရတယ်လို့  ဒီကိစ္စကို စူးစမ်းလေ့လာနေတဲ့ အမေရိကန်၊ဖလော်ရီဒါက Jacksonville University က ကျန်းမာရေးသုတေသီ Heather Hausenblas က ပြောပါတယ်။ ရာခိုင် နှုန်းက သေးသေးလေးဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ၀.၃ ရာခိုင်နှုန်းဆိုတာ ရာပေါင်းထောင်ပေါင်းများစွာ ဖြစ်ပါတယ်။

အားကစားဆိုတာ မစို့ မပို့ လေးလုပ်ရင်လည်း ကျန်းမာရေးအတွက် မထိရောက်သလို လွန်ကဲသွားရင် လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ပထမ အားကစားစွဲမက်မှုဖြစ်ပါမယ်။ ဒုတိယအနေနဲ့  အစား အစာ စွဲမက်မှုဆက်ဖြစ်ပါတယ်။ စားပေးမှ ကစားပေးနိုင်မှာကိုး။ စားပေးပြန်တော့ ကိုယ်အလေးချိန် ကလည်း တက်လာပြန်ရော။ လုံးလည်ခြာလည် လိုက်နေပါလိမ့်မယ်။

သင်ဟာ အားကစားမလုပ်မိတဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတယ်၊ ဘယ်အစားအစာကိုပဲ စားစား၊ ကယ်လိုရီဘယ်လောက်ရှိတယ်၊ ၀ိတ်ဘယ်လောက်တက်မယ် စသည်ဖြင့်တွက်ချက်နေမယ်၊ အ၀တ်အစားတွေကို ၀တ်လိုက်၊ ကျပ်လို့ ပြန်ချွတ်လိုက်နဲ့ လုပ်နေမယ်၊ နေရထိုင်ရတာလေးပင်နေမယ် ဆိုရင် သင့်ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အချိုးအစားကို မကျေနပ်လို့  စိတ်ဓါတ်ကျနေတာပါ။

အားကစားကို လိုတာထက်ပိုလုပ်မယ်၊ နားရက်မထားဘဲလုပ်မယ်၊ မနေ့ ကလောက် ဒီနေ့ မလုပ်နိုင်ရင် မရမက လုပ်မယ်၊ အနာခံမယ်၊ ပြီးရင် အဟာရတွေကို သေသေချာချာတိုင်းပြီး မစားချင်လည်း အတင်း စားမယ်၊ နောက်နေ့ မနက်ကျတော့ အိပ်ယာမထခင်က ပန်းနေမယ်ဆိုရင်တော့ အားကစားစွဲမက်မှု ပြဿနာနဲ့  ကြုံတွေ့ နေရပြီ ဖြစ်ပါတယ်။

တန်ဆေး၊လွန်ဘေးပါ။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသလောက် ချင့်ချိန်ကစားတတ်ဖို့  လိုအပ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ