ဝက်ခြံထွက်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်



တစ်ခါတစ်ရံ သူများနဲ့ စကားပြောတဲ့အခါ ကိုယ့်မျက်နှာက ၀က်ခြံကိုစိုက်ကြည့်နေတဲ့ အခိုက်အတန့်မျိုးကြောင့် ရှိုးတို့ရှန်းတန်း ဖြစ်ဖူးလား။ အသားအရည် လှပကြည်လင်စေဖို့ နည်းလမ်းပေါင်းစုံနေအောင် စမ်းကြည့်ဖူးလား။

နို့ထွက်ပစ္စည်းတွေ လျှော့စားပါ

မျက်နှာမှာ ၀က်ခြံတွေထွက်ရတဲ့ အကြောင်းအရင်းတစ်ချက်ကတော့ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်ပါသတဲ့။ ဘာလို့လဲဆိုတော့ မွေးမြူရေးနွားတွေဟာ နို့ထွက်ပိုမိုကောင်းမွန်စေဖို့ ဟော်မုန်းဆေးတွေ အများကြီး ထိုးခံရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းတွေက အဆီထွက်တတ်တဲ့ အသားအရည်မျိုးတွေကို ၀က်ခြံတွေထွက်စေဖို့ တွန်းအားပေးလို့ပါပဲ။

မျက်နှာပေါ်မှာ ၀က်ခြံတွေအများကြီး ထွက်လာပြီဆိုရင်တော့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမှုန့်စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစားသင့်ပါပြီ။

ခေါင်းအုံးစွပ်ကို မကြာခဏလဲလှယ်ပါ


၃၊ ၄ ရက်တစ်ကြိမ် ခေါင်းအုံးစွပ်လဲလှယ်ခြင်းဟာလည်း ၀က်ခြံတွေပိုမို ဆိုးရွားသွားစေမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ညတိုင်း ခေါင်းအုံးအိပ်နေတဲ့ ခေါင်းအုံးပေါ်ကို ဆံပင်မှာရှိတဲ့ ဘက်တီးရီးယာားပိုးမွှားတွေက ရောက်ရှိနေတတ်ပါတယ်။ ဒီလိုခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းဟာလည်း မျက်နှာပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာနိုင်ပြီး ယားယံခြင်း၊ ၀က်ခြံထွက်ခြင်းတွေ ဖြစ်စေပါတယ်။
ခေါင်းအုံးစွပ်မကြာခဏ လဲဖို့ပျင်းတယ်အလုပ်ရှုပ်တယ်ဆိုရင်တော့ ခေါင်းအုံးပေါ်မှာ တံဘက်အသေးလေးတင်ပြီး အိပ်လို့လည်းရပါတယ်။

အဆာမခံပါနဲ့

တစ်ခါတလေမှာတော့ ၀က်ခြံထွက်တာဟာ အပြင်ပမ်းရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲခန္ဓာကိုယ် အတွင်းကကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်တွေ၊ သောက်ဆေးတွေ၊ လေဆာရောင်ခြည်ကုသမှုတွေလုပ်ပေမယ့် ၀က်ခြံတွေသက်သာမသွားတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေကြောင့် ဖြစ်ပါသတဲ့။

ခန္ဓာကိုယ်အတွက် လိုအပ်အဟာရဓါတ်နဲ့ အစားအစာတွေကို ပြည့်ဝအောင် မစားသောက်ဘူးဆိုရင် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်တွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးတယ်ဆိုရင်တော့ Betaine HLC  ဆိုတဲ့ ဓါတ်တစ်မျိုးထုတ်လုပ်ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင်အဆီပြန်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : zalora


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ