Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ်သွေးဆင်းခြင်း


တထိုင်တည်းမှာ ၂ ယောက်ကမေးတယ်။ မေးခွန်းတွေ မထည့်တော့ပါ။ အရင်တခါမေးတဲ့သူက အသက်ကို အရင်ဆုံးမရေးလို့ ၂ ခါဖတ်ရတယ်။ အမေးခွန်း ၂ ခုစာအချိန်ကုန်သွားတယ်။

ဆရာ ကျွန်မညီမလေးက သားဦးကိုယ်ဝန်ဆောင်နေတာပါရှင်။့ ကိုယ်ဝန် ခုနှစ်ပါတ်ကျော်ရှိပါပြီ။ အခု သွေးဆင်းနေလို့ပါရှင့် အများကြီးတော့ မဟုတ်ပါ။ ဆက်တိုက်လည်း မဆင်းပါဘူးရှင့်။ နည်းနည်းချင်း ဆင်းနေလို့ပါ အဲ့ဒါ စိုးရိမ်ရပါသလားရှင့်။ ဘာကြောင့်ဆိုတာပြောပြပေးပါ ဆရာရှင့်။ အသက်က ၂၇ နှစ်ပါရှင့်။

ကိုယ်ဝန်ရှိတုံးလဲ သွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ရှိတာသေချာလို့ သွေးဆင်းရင် အရေးကြီးပါတယ်။ မွေးလမ်း (ဗဂျိုင်းနား) ကနေ သွေးဆင်းတိုင်း ရာသီဆင်းတယ်လို့ မခေါ်နိုင်ပါ။ သွေးက လာတာကတော့ မွေးလမ်းပေမဲ့ ဘယ်ကလာတဲ့ သွေးလဲ၊ ဘာ့ကြောင့် ဆင်းသလဲ။

ကိုယ်ဝန်ကို ပဌမ၊ ဒုတိယနဲ့ တတိယ ၃ လစီပိုင်းပြီးပြောရတယ်။ နဲနဲလေးစွန်းယုံဆင်းတာနဲ့ အများကြီး၊ သွေးခဲပါ ဆင်းတာရှိတယ်။ ၃ လ နောက်ပိုင်းသွေးဆင်းရင် ပုံမှန်မဟုတ်ဘူး သတ်မှတ်တယ်။ ၂၈ ပါတ်နောက် ဆင်းတာဆိုရင် အရေးပေါ်ဘဲ။ အနည်းအများမတူပါ။ ဗိုက်နာတာကိုယ်ဝန် ၄% မှာဖြစ်တယ်။ မီးတွင်းမိခင်သေဆုံးရတဲ့ အကြောင်းတွေထဲမှာ အဖြစ်များဆုံးပါ။ ကိုယ်ဝန်ပဌမသုံးလ သွေးဆင်းတာ ၂ဝ-၃ဝ% ကိုယ်ဝန်တွေမှာဖြစ်တတ်တယ်။ အဲဒီအထဲက ၅ဝ% ကိုယ်ဝန်ပျက်ကျနိုင်တယ်။ ၃% က Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်တယ်။

၁။ Implantation bleeding ကျားသုက်ပိုးနဲ့ မဥတွေ သားအိမ်ပြွန် တနေရာမှာ ပေါင်းစပ်ကြပြီး ဖြစ်လာတဲ့သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာတွယ်ကပ်တဲ့ အချိန်မှာ သွေးနည်းနည်းကလေးဆင်းတာကိုခေါ်တယ်။ ခန့်မှန်းခြေ ရာသီလာရမဲ့ ရက်လောက်မှာ ဖြစ်တာများလို့ အထင်မှားတတ်တယ်။ ဘာမှစိုးရိမ်စရာမလိုပါ။

၂။ Postcoital bleeding အတူနေအပြီး သွေးနည်းနည်းဆင်းတာ။ ရပ်သွားရင် ဘာမှလုပ်စရာမလိုပါ။

၃။ Threatened miscarriage ရာသီထိန်၊ နာတာ-ကိုက်တာနဲ့ရောပြီး သွေးဆင်းတယ်။ ကိုယ်ဝန်ပျက်ခြင်သလို ဖြစ်တာ။ ကိုယ်ဝန် ဆက်တည်မလား၊ ပျက်မလား ပြောမရသေးပါ။ ဆီးအောင့်တာ၊ ရေ-ဆားဓါတ်နည်းတာ၊ တချို့ဆေးဝါး၊ ခိုက်မိတာ-လဲကျတာတွေကြောင့် ဖြစ်နိုင်တယ်။ အထဲကကလေး ပုံမှန်မဟုတ်တာလဲ ပါသေးတယ်။ အလေးအပင်မတာ၊ အတူနေတာကြမ်းတမ်းတာ၊ စိတ်ပိုင်းထိခိုက်တာတွေလဲပါတယ်။ ၁၊ ၂ နဲ့ ၃ အတွက် နားနေပါ။ အလေးအပင် မမပါနဲ့။ ပြင်းထန်တဲ့လေ့ကျင့်ခန်းမလုပ်နဲ့၊ အတူနေတာ ၃ ပါတ်ရှောင်ပါ။ မွေးလမ်းကို Tampons or Douching နဲ့ဆေးတာ ရှောင်ပါ။ ရေများများသောက်ပါ။ အရက်-ဆေးလိပ်ရှောင်ပါ။ အာဟာရ မျှတအောင်စားပါ။

၎။ Completed miscarriage ကိုယ်ဝန်ပျက်တာ။ သွေးဆင်းတာများ၊ ဗိုက်နာတာပိုရင် စဉ်းစားရမယ်။ သားအိမ်ခြစ်စရာ မလိုပါ။

၅။ Incomplete miscarriage ကိုယ်ဝန် တဝက်တပြက်ပျက်ကျတာ။ မွေးလမ်းကြောင်းစမ်းရင် သားအိမ်အဝ နည်းနည်း ပွင့်နေမယ်။ သွေး-သွေးခဲ-တခြား ဆင်းလာနေမယ်။ အဝပြန်ပိတ်နေတာလဲ တွေ့နိုင်တယ်။

၆။ Septic abortion ကိုယ်ဝန်ပျက်ရာ ပိုးဝင်တာ။ ပိုးဝင် လက္ခဏာလဲ တွေ့ခြင်တွေ့မယ်။ ကိုယ်ပူ၊ ဗိုက်ပိုနာ၊ ဆင်းတာတွေက အနံ့ရှိ၊ သွေးနဲ့အတူ အဖြူစတာတွေပါ ရောဆင်း။ ဆေးရုံတက်၊ ပိုးသေအောင်လုပ်ပြီး နောက်မှာ D and C သားအိမ်ခြစ်ရမယ်။

၇။ Blighted ovum မမျိုးဥပုံမှန် မဟုတ်လို့ ပုံမှန်သန္ဓေ ဖြစ်တာ။

၈။ Intrauterine fetal demise/death (IUD) အထဲမှာ ကလေးသေသွားတာ။

၉။ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း။ အဆိုးဆုံးအစားဖြစ်တယ်။ အများဆုံးက Tube သားအိမ်-ပြွန်ထဲမှာတည်တယ်။ မဆန့်မပြဲ ဖြစ်လာချိန်မှာ ရုတ်တရက်ပေါက်ထွက်ရင် အရေးပေါ်ဖြစ်ပြီ။ ရာသီထိန်ပြီး ၁ဝ ပါတ် ဝန်းကျင်မှာဖြစ်တယ်။ သွေးမဆင်းခင် နာတာနဲ့စတတ်တယ်။ အရင်ဖြစ်ဖူးသူတွေ ထပ်ဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ ဖြစ်ဖူးသူ၊ ကလေးမရတာ ၂ နှစ်ကျော်နေသူ၊ သားအိမ်ပြွန်ကို ခွဲစိတ်ထားသူ၊ ကိုယ်ဝန်မရအောင် IUCD ထည့်ထားခဲ့သူ၊ ဆေးလိပ်သောက်သူ၊ နေ့တိုင်း Douching ဆေးကြောတတ်သူတွေမှာ အဖြစ်များတယ်။ Ultrasound လုပ်မယ်။ Methotrexate ဆေးပေးမယ်။ မရရင် ဒါမှမဟုတ် ဒီဆေး မသုံးခြင်ရင် ခွဲစိတ်နည်းသုံးမယ်။ သွေးသွင်းဘို့ လိုတတ်တယ်။

၁ဝ။ Molar pregnancy စပျစ်သီးကိုယ်ဝန်၊ Ultrasound မှာ ကလေးမဟုတ်ဘဲ (တရှူး) တွေသာတွေ့ရမယ်။ ရာသီ ထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် မြင့်နေမယ်။ တချိန်မှာ ကင်ဆာကို သံသယရှိရမယ်။ D and C သားအိမ်ခြစ်မယ်။ နောက်တလနေရင် တခါထပ်ခြစ်မယ်။ သွေး Blood B-hCG levels ကို စစ်မယ်။

Duphaston ဆိုတာ (ပရိုဂျက်စတင်)၊ (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူတွေ၊ ကလေးမရနိုင်သေးသူတွေ၊ ကိုယ်ဝန်မမြဲသူတွေ၊ ကလေးအချိန်စောမွေးသူတွေ၊ Endometriosis သားအိမ်ရောဂါရှိသူတွေ၊ ရာသီမလာခင်တာကျမှုတွေခံစားနေရသူတွေနဲ့ ဟော်မုန်းအစားထိုးကုသသူတွေကိုပေးတယ်။

အခုရေးတာက ကိုယ်ဝန်နုစဉ် ပဌမ (၃) အတွင်းသွေးဆင်းတာသာဖြစ်ပါတယ်။ လရင့်လို့ဆင်းတာက ပိုသတိထားဘို့ လိုပါမယ်။ Pregnancy and Placenta praevia အချင်းနေရာ အရေးကြီးပါတယ် ဆိုတာကို သပ်သပ်ရေးထားပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ