ကြက်ဥပုပ်ရဲ့အနံ့က နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်


ကြက်ဥပုပ်အနံ့ကိုတော့ ဘယ်သူမှ နှစ်သက်ကြမယ်မထင်ပါဘူး။ ဒါပမယ့် သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်ဥပုပ်ကနေ ထွက်လာတဲ့ အနံ့အသက်ဟာ လူတွေရဲ့ဆီးချိုရောဂါဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုခဲ့ကြပါတယ်။

Exeter တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်ဥပုပ်အနံ့ဟာ ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်နဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါတွေအပြင် ဆီးချိုရောဂါကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်တဲ့ နှလုံးရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ဆီးချိုရောဂါသည်တွေဟာ သူတို့ရဲ့ သွေးထဲမှာ ဂလူးကို့စ်ဓာတ်တွေများတာကြောင့် ဆဲလ်တွေရဲ့ Mitochondria ကိုလျော့နည်းစေပါတယ်။ ဒီလိုဖြစ်ပေါ်တာကြောင့် အောက်ဆီဂျင်ရဲ့ အဆိပ်တွေကို ဖြေနိုင်တဲ့နှုန်းလျော့နည်းသွားပြီး သွေးဖိအားနဲ့ နှလုံးရဲ့ လည်ပတ်မှုစနစ်ကို ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်တာပါ။
သုတေသီတွေက ကြက်ဥပုပ်ရဲ့ အနံ့မှာပါဝင်တဲ့ ဓာတ်တွေကို ရှာဖွေဖော်ထုတ်ရာမှာ AP39 နဲ့ AP123 ဆိုတဲ့ဆေးနှဟ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ကြပြီး ဒါဟာဆိုရင် ကြွက်တွေနဲ့စမ်းသပ်ရာမှာ အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဆီးချိုကြောင့်ဖြစ်ပေါ်စေတဲ့ Mitochondria, ဆဲလ်သွေးဖိအားနဲ့ တစ်ရှုးဆုံးရှုံးမှုတွေကို ဒီဆေးနှစ်မျိုးကပြန်လည် ကုသနိုင်တာကိုတွေ့ခဲ့ရပါတယ်” လို့ ဒီသုတေသနကို ဦးဆောင်တဲ့ ဒေါက်တာ Matthew Whiteman ကဆိုပါတယ်။

( Beauty Syh )

#သစ်ထူးလွင် (ကျန်းမာရေး)
#Health.thithtoolwin.com
Ref; UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ