Bee pollen ပန်းဝတ်မှုံအာဟာရ
၁။ ကိုယ်ဝန်ဆောင်နဲ့ Bee Pollen တည့်ပါသလားရှင့်။ ထိုင်းသွားတုန်းက ပန်းဝတ်မှုန်အစစ်နဲ့လုပ်ထားပြီး လက်ဖက်ခြောက်လို အစေ့လေးတွေပါ။ နေ့တိုင်းသောက်ရင် ဝမ်းမှန်တယ်ဆိုလို့ Promoter က အညွန်း ကောင်းတာနဲ့ ဝယ်လာပြီးသောက်နေတာပါ။ ကိုယ်ဝန်ကမရသေးပါဘူး၊ ကြိုးစားဆဲပါ။ ကြိုးစာဆဲအချိန်မှာ ဆက်သောက်ရန် သင့်မသင့်ပြောပြပေးပါရှင့်။
၂။ တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့ လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေး ကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးက မေးခိုင်းလို့ပါ။
ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်း သုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ ဗီတာမင်၊ ဓါတ်ဆား၊ အင်ဇိုင်းမ်၊ အမိုင်နို-အက်စစ်တွေ ပါတယ်လို့ ဆိုပါတယ်။ အားဖြစ်စေတယ်၊ ရောဂါပြီးစနစ် ကောင်းစေတယ်၊ အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။
တိတိကျကျ ထပ်ပြောသေးတာက ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖက်တီးအက်စစ် တွေနဲ့အတူ ဗီတာမင် A, C, D, E တွေတင်မကဘူး Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။
ငယ်ရုပ်ဆင်ပေးနိုင်တယ်၊ ကိုယ်အလေးချိန် ကျစေမယ်၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ် ပိုစေမယ်၊ အားယုတ်တာ သက်သာမယ်၊ အရေပြားနဲ့ ကြွက်သား တင်းနေစေမယ်တွေလဲ စာရင်းရှည်မှာ ပါသေးတယ်။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ အင်ဖက်ရှင်ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ် ကျတာ၊ သွေးဖိအား ကျတာ၊ သွေးအား နည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်။ အားကစားလုပ်ရာ ပိုကောင်းစေတယ်၊ စိတ်ရောဂါ၊ (၉၆) ပါး အကုန်လို့ပါ ပြောလိုက်တော့တယ်။
အလာဂျီကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ဘူး၊ ပြောင်းပြန်လို့ ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့က မတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တာ သေခြာတယ်။ တချို့က ထောက်ပြထားတယ်။ Plant enzymes အပင်တွေက (အင်ဇိုင်း) က Human metabolic function လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။
ဘေးထွက်ဆိုးကျိုးတွေ များတော့ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ (အလာဂျီ) ရကြတယ်။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။
သုံးချင်သူတွေ နာမည်ရတာထက် အသိအမှတ်ပြုခံထားရတဲ့ ကုမ္ပဏီက ထုတ်တာသာဝယ်ပါ။ အမှုံ့ကိုဝယ်ရင် Freeze dried Bee Pollen အေးခဲထားသာမှ ဓါတ်မပျယ်မယ်။
မျက်စိတော့ မရှန်ပါ၊ သူတို့ ရေးတာထဲမှာ ကိုယ်ဝန်အတွက် ကောင်းတယ်လို့ သီးသန့်ရေးတာ မတွေ့ပါ။ ကိုယ်ဝန်မှာ လိုတာက သံဓါတ်နဲ့ ပရိုတင်းများရမှာဖြစ်ပါတယ်။
Dr. တင်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin