အင်တာနက်စွဲလမ်းနေသူများ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်ကြီးမားလာနိုင်


အင်တာနက်ကို အလွန်အကျွံသုံးစွဲခြင်းကြောင့် စိတ်ဓာတ်ကျ ခြင်းနှင့် စိုးရိမ်စိတ်ကြီးခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ် သိသိသာသာ ပိုများ လာနိုင်ကြောင်း လေ့လာမှုတစ်ခုကဖော်ပြသည်။

အင်တာနက်စွဲလမ်းနေသူများသည် နေအိမ်၌ နေထိုင်မှု၊ စာ သင်ကျောင်းနှင့် အလုပ်နေရာများတွင် လူမှုရေးကိစ္စများ၌ နေ့စဉ် ဆောင်ရွက်မှုများတွင် ညှိနှိုင်းရေး ပြဿနာပိုကြုံတွေ့ရကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

ထို့ပြင် ၎င်းတို့သည် အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ၊ အ ချိန်စီမံခန့်ခွဲမှုနှင့် စီစဉ်မှုများတွင် ပြဿနာများ ကြုံတွေ့ရလေ့ရှိ သည်။

အင်တာနက်စွဲလမ်းမှုသည် ကျောင်းသားများတွင် အငြိမ်မနေ သော အပြုအမူများရှိခြင်း၊ အခြားသော စွဲလမ်းမှုများဖြစ်ပေါ်ခြင်းနှင့် အခိုင်အမာဆက်စပ်မှုမရှိကြောင်း သုတေသီများကပြောသည်။

စွဲလမ်းမှုတစ်ခု ကြုံနေသူကို ၎င်းတို့ စိတ်ဓာတ်ကျနေချိန် (သို့ မဟုတ်) စိုးရိမ်စိတ်ကြီးနေချိန်တွင် ကုသရန်ကြိုးစားပါက ကြိုးစားမှု မှားယွင်းသွားနိုင်သည်ဟု သုတေသီများက ပြောသည်။

အင်တာနက်စွဲလမ်းမှုစမ်းသပ်ခြင်း (IAT) သည် စမတ်ဖုန်း နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုမီကပင် ၁၉၉၈ က တည်းက ပေါ်ပေါက်ပြီး အင်တာနက်အပေါ် လွန်ကဲစွာမှီခိုမှုကို တိုင်း တာရန် အဆိုပြုသော စစ်ဆေးမှုဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၁၈ နှစ်တာအတွင်း အွန်လိုင်းတွင် အ လုပ်လုပ်သူ ပိုများလာခြင်း၊ လူမှုကွန်ရက် အသုံးပြုသူပိုများလာ ခြင်းတို့နှင့်အတူ အင်တာနက်အသုံးပြုပုံသိသိသာသာ ပြောင်းလဲ သွားခဲ့သည်။

IAT စစ်ဆေးမှုပါ မေးခွန်းများသည် အင်တာနက် အသုံးပြုမှု၏ ပြဿနာဖြစ်စေနိုင်သောပုံစံကို မရွေးထုတ်နိုင် (သို့မဟုတ်)မှားယွင်း သော အဖြေများ ဖော်ပြမည်ကို မိမိတို့ စိုးရိမ်မိသည်ဟု သုတေသီ များက ပြောကြားသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ