Weight loss pills ပိန်ဆေးတွေအန္တရာယ်



မနေ့ကပဲ P57 Hoodia ပိန်ဆေး အများပြည်သူသိစေရန် သတိပေးချက်ကို တင်သေးတယ်။
ဆရာ ကျမကအသက် ၃၄ နှစ်ရှိပါပြီ။ ကလေးနှစ်ယောက် ဗိုက်ခွဲမွေးထားပါတယ်။ ကလေးမွေးပြီး ဗိုက်စူ (ဆူလို့ရေးတာကို ပြင်လိုက်တယ်) လာလို့ ပိန်ဆေး ဝယ်သောက်ပါတယ်။
ကျမမှာနဂိုရောဂါအခံဘာမှမရှိပါဘူး။ ဒါပေမဲ့ပိန်ဆေးသောက်ပြီး အသက်ရှူကျပ်လာတယ်။ ရင်ဘတ်ကို တယောက်ယောက် လာဖိထားသလိုပဲ၊ ဆေးကသုံးလုံးပဲသောက်ရသေးတယ်ဆရာ။ အဲ့လိုဖြစ်တာ နှလုံးမကောင်းလို့လား ဒါမှမဟုတ် တခြားရောဂါတွေများ ရှိလို့လားဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဦး။ ဆေးကိုတော့ မသောက်တော့ဘူး ရပ်ထားပါတယ်။ ဒါပေမဲ့ အသက်ရှူကျပ်နေတုန်းပဲဆရာ။ ကျေးဇူးပါပဲဆရာ။

ဆောရီး။ မေးတဲ့သူက ကြော်ငြာဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့ ထင်ပုံမရ။ ပိန်ဆေးကြော်ငြာဆေးတွေ သတိထားဘို့ ခဏခဏရေးရတယ်။ အဲလိုဆေးတွေမှာ ဆေးသုတေသနမရှိပါ။ ထိရောက်မှု မသေချာ၊ ဘေးထွက်ဆိုးကျိုး မပြောနိုင်တာတွေဖြစ်တယ်။ ကြော်ငြာပိန်ဆေးတွေဟာ ကျန်းမာရေးအန္တရာယ်ရှိတယ်။ ပုံတွေနဲ့မေးကြပါတယ်။ လူအရေအတွက် မနည်းလှပါ။ ကြော်ငြာထဲကပုံကို တကယ်လို့တော့ မထင်မှတ်ပါနဲ့။ တချို့ဆေးတွေကို ဈေးကွက်မှာ ပိတ်ပင်လိုက်ရတယ်။ ဥပဒေစည်းကမ်းလျော့ရဲတဲ့တိုင်းပြည်တွေမှာတော့ အန္တရာယ်ဆက်ရှိနေပါတယ်။
ပိတ်ပင်ထားတဲ့ဆေးတွေ
- Ephedra ဆေးကိုပိတ်ပင်လိုက်တယ်။
- Hydroxycut ဆေးကိုပိတ်ပင်လိုက်တယ်။
- Fen-Phen ဆေးကိုပိတ်ပင်လိုက်တယ်။
- Meridia ဆေးကိုပိတ်ပင်လိုက်တယ်။
- Sibutramine ဆေးကိုပိတ်ပင်လိုက်တယ်။
အဲလိုဆေးတွေကနေ -
• Increased heart rate နှလုံးခုန်မြန်စေတယ်။
• High blood pressure သွေးဖိအားတက်စေတယ်။
• Agitation စိတ်တိုစိတ်ဆိုးစေတယ်။
• Diarrhea ဝမ်းပျက်စေတယ်။
• Sleeplessness အိပ်ရေးပျက်မယ်။
• Kidney problems ကျောက်ကပ်ကိုအန္တရာယ်ပေးမယ်။
• Liver damage အသည်းကိုလည်းအန္တရာယ်ပေးတယ်။
• Rectal bleeding စအိုကသွေးယိုမယ်။
Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ http://doctortintswe.blogspot.com/…/baschi-pink-quick-slimm…
Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
Nutrition အာဟာရ http://doctortintswe.blogspot.com/2014/12/nutrition.html
P57 Hoodia ပိန်ဆေး အများပြည်သူသိစေရန် သတိပေးချက် http://doctortintswe.blogspot.com/2017/03/p57-hoodia.html
Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/…/weight-loss-pills-are-d…
Weight loss ပိန်ချင်သလား http://doctortintswe.blogspot.com/2014/11/weight-loss.html
Xenical ဇန်နီကယ် http://doctortintswe.blogspot.com/2015/06/xenical.html
Baschi ဆေးကြော်ငြာမှာ ကျွန်တော်ရေးတာကို လိုချင်တဲ့အပိုင်းကို ယူသုံးထားကြောင်း ပြန်ပြောကြတာ လူ ၂ဝ လောက်ဆီကနေရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ