Pregnancy and weight ကိုယ်ဝန်နဲ့ ကိုယ်အလေးချိန်တိုးခြင်း
ဆရာ သမီးကလေးကိုစောင့်ရှောက်ရေးက ဆရာမတွေက သမီးပြောတဲ့လနဲ့ဆို အရမ်းသေးနေတယ်တဲ့။ သမီးက ၁၃ ပတ် လောက်ရှိနေပြီလို့ ပြောတာ သူတို့က ကေ လးကိုစမ်းတာ ပတ်အရွယ်လောက်ဘဲရှိတယ်တဲ့။ ရက်မမှားဘူးဆို ကလေးက အရမ်းသေးနေတယ်တဲ့ စိတ်အရမ်းပူတယ်ဆရာ။ စိုးရိမ်ရလား။ ဘာလုပ်ရင်ကောင်းမလဲ ကျေးဇူးပြုပြီး အကြံပေးပါဆရာ။
ကိုယ်ဝန်အပ်တဲ့ဆရာဝန်က ညွှန်ပါမယ်။ အစားအသောက် လုံလောက် + မျှတဘို့နဲ့ ကိုယ်ဝန်ဆောင်အားဆေးလိုမယ်။
OG က ဘာမှမပြောဘူးဆရာ။ ၃လပြည့်လို OBIMIN တစ်နေ့တလုံးသောက်ခိုင်းတယ်။ ခုပိုလိုက်တဲ့ဆေးက သူငယ်ချင်းက ကောင်းတယ်လို့ ပြောပေမဲ့ OG က OBIMIN ဘဲသောက်ခိုင်းတော့ OBIMIN ဘဲ သောက်နေရတယ်ဆရာ။ သမီးက့ ဝန်ထမ်းပါ။ အလုပ်များတော့ အစာကို မျှတအောင်စားဖို့ မပြင်နိုင်ဘူးဆရာ။ ပထမ OG ကို due date မေးတာ ဘုရားဘဲသိမယ်တဲ့ စကားပြောတာလဲ လူနာကို စိတ်မရှည်ဘူးဆရာ။ ခုက့ က OG နဲ့ပြန်ပြနေရတယ်။ ကလေးကို စိတ်ပူနေတဲ့ မိခင်လောင်းကို နားမလည်ဘူးဆရာ။ သမီးကို အကြံပေးလို့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ဂျူးဒိတ်ဆိုတာ နောက်ဆုံးရာသီလာစဉ်က ပဌမဆုံးသွေးဆင်းတဲ့ရက် သို့ အာလ်ထွာဆောင်း။
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တယောက်မှာ တိုးလာတဲ့အလးချိန်တွေကို ဘယ်အရာတွေက ဘယ်လောက် လေးသလဲဆိုရင် -
• ကလေး = ၈ ပေါင်
• အချင်း = ၂-၃ ပေါင်
• ရေမြွာရည် = ၂-၃ ပေါင်
• ရင်သား = ၂-၃ ပေါင်
• သွေးထုထည် = ၄ ပေါင်
• အဆီ = ၅-၉ ပေါင်
• သားအိမ် = ၂-၅ ပေါင်
• စုစုပေါင်း = ၂၅-၃၅ ပေါင်
ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နဲ့ တိုးလာသင့်တဲ့အလေးချိန်
• နည်းသူ (BMI <18 -="" .5="" br="">• သင့်သူ (BMI of 18.5–24.9) = ၁၁ - ၁၆ ကေဂျီ (၂၅ - ၃၅ ပေါင်) တိုးလာသင့်
• များသူ (BMI 25–29.9) = ၇ - ၁၁ ကေဂျီ (၁၅ - ၂၅ ပေါင်) တိုးလာသင့်
• အဝလွန်သူ (BMI 30 or more) = ၅ - ၉ ကေဂျီ (၁၁ - ၂ဝ ပေါင်) တိုးလာသင့်
ပျမ်းမျှ အလေးချိန်တိုးခြင်း
• ကိုယ်ဝန် ပဌမ ၃ လ = ၁့၃ - ၁့၈ ကေဂျီ
• ကိုယ်ဝန် ဒုတိယ ၃ လ = ၅့၅ - ၆့၅ ကေဂျီ
• ကိုယ်ဝန် တတိယ ၃ လ = ၃့၅ - ၄့၅ ကေဂျီ
တိုးပြီး စားသုံးသင့်တဲ့ အစားအစာ (ကလိုရီ) နေ့စဉ်
• ကိုယ်ဝန် ပဌမ ၃ လ = ၁ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် ဒုတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် တတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
(မှတ်ချက် ၁ ကေဂျီ = ၂့၂ ပေါင်)
ဒေါက်တာတင်ဆွေ
https://www.facebook.com/drtintswe18>
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin