Nutrition အာဟာရ


လူ့ခန္ဓာကိုယ်အား ရေ၊ (အမိုင်နိုအက်စစ်)၊ (ဖက်တီးအက်စစ်)၊ (နူးကလီးရစ်အက်စစ်)၊ သကြား၊ (ဖိုင်ဗာ)များ ဖြစ်သည့် (ကာဗွန်ဟိုက်ဒရိတ်) စသည်တို့ဖြင့် တည်ဆောက်ထားသည်။ ယင်းဓါတ်ပေါင်းများသည် (ကာဗွန်)၊ (ဟိုဒရိုဂျင်)၊ (အောက်စီဂျင်)၊ (နိုက်ထရိုဂျင်)၊ (ဖေါ့စ်ဖါးရပ်စ်)၊ သံဓါတ်၊ သွပ်ဓါတ် စသောဓါတ်များပါဝင်သည်။ ၄င်းတို့အား စုပေါင်းလျက် (ဟော်မုန်း)၊ (ဗီတာမင်) စသည်တို့ ဖြစ်လာသည်။ စားလိုက်သည့် အစားအစာများအား အစာခြေစနစ်မှနေ၍ အစာကို သွေးထဲ ရောက်အောင် စုပ်ယူနိုင်သည်အထိ အဆင့်ဆင့် ခြေပေးရသည်။

အာဟာရဓါတ် ၇ မျိုး
1. (ကာဗွန်ဟိုက်ဒရိတ်)၊
2. (ပရိုတင်း)၊
3. အဆီ၊
4. ဗီတာမင်များ၊
5. ဓါတ်ဆားများ၊
6. (ဖိုင်ဗာ) နှင့်
7. ရေ။

(ကာဗွန်ဟိုက်ဒရိတ်)၊ ပရိုတင်း နှင့် အဆီတို့က (အင်နာဂျီ) ခွန်အားကိုရရှိသည်။ (ကလိုရီ) နှင့်တိုင်းတာသည်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ၁ ဂရမ် မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီ၊ နှင့် အဆီ ၁ ဂရမ် မှ ၉ ကလိုရီတို့ အသီးသီးရရှိသည်။ (ကာဗွန်ဟိုက်ဒရိတ်)ဆိုသည်မှာ နေ့စဉ်မစားမနေ စားကြရသည့် ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာပါဝင်သည်။

အသားဓါတ်ဟုလူသိများသော ပရိုတင်းတွင် မရှိမဖြစ်သော (အမိုင်နို-အက်စစ်)များ ပါဝင်သည်။ လူ၏ပျက်စီးသွားသော (တစ်ရှူး)များ၊ (ဆဲလ်)များ အစားထိုးရန်၊ အသစ်တည်ဆောက်ရန်အတွက် အသုံးကျသည်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းများကရရှိသည်။ ကိုယ်အလေးချိန် ၇ဝ ကီလို ရှိသူအတွက် တနေ့လျင် ပရိုတင်း ၇ဝ ဂရမ်လိုအပ်သည်။ (ဖိုင်ဗာ) ဆိုသည်မှာ အသီးအနှံများတွင် ပါဝင်သည်။ ၄င်းကိုမစားက ဝမ်းချုပ်စေသည်။

လူ့ခန္ဓာကိုယ် အလေးချိန်၏ အလေးချိန် ၇ဝ% သည် ရေဖြစ်သည်။ တနေ့လျင် ရေ ၁-၉ လီတာ လိုအပ်သည်။ ရေနည်းပါက ရေခမ်းခြောက်ခြင်း အခြေအနေ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားများမှာ ကယ်လ်စီယမ်၊ ကလိုရိုက်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကောပါး၊ ခရိုမီယမ်၊ မင်းဂနီးစ်၊ နစ်ကယ်၊ ဆယ်လင်နီယမ်၊ ကိုဘော့ခ်၊ အိုင်အိုဒင်း၊ သံဓါတ်တို့ဖြစ်ကြသည်။ (စာတပုဒ်ရေးထားပါတယ်။)

မျှတသော အစားအစာ
အမျိုးအစား စုံလင်အောင် စားရသည်။ သင်တင့် မျှတစွာ ပါဝင်ရမည်။ အာဟာရ လိုအပ်ချက်နှင့်လည်း ပြည့်မီရမည်။ လိုအပ်ချက် အနည်းအများရှိသည်။ အလုပ်ကြမ်း လုပ်ရသူ၊ ကိုယ်ဝန်ဆောင်များက ပို၍စားရမည်။ သန့်ရှင်းရေးနှင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လူသည် ကျန်းမာ သန်စွမ်းစေသည်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားများ ပေးရမသည်။ အရက်ကြောင့် အသဲရောင်ခြင်း ဖြစ်လာလျင် (ဗီတာမင်ဆေးပြား + 40 kcal/kg + ပရိုတင်း 1.5-2 G/kg + ဖေါလစ်အက်စစ် + ဘီ ၁) တို့ပေးရသည်။ အာဟာရနှင့် ဆေးကုခြင်းမျိုးဖြစ်သည်။

(ကိုလက်စတီရော) ဆိုသည်မှာ အစားအစာထဲတွင် ပါဝင်သော အဆီတမျိုးဖြစ်သည်။ လိုအပ်သော်လည်း များပါက သွေးကြောလေးများ၏နံရံတွင် လာစုသောကြောင့် သွေးကြောကျဉ်းရောဂါ ဝင်လာသည်။ တိရစ္ဆာန်အဆီ-အရွတ် များ၌ (ကိုလက်စတီရော) ပါဝင်သည်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကား)တို့မှာလည်း များသည်။ အဆီနည်းသော ဆီများမှာ ပြောင်းဆီ၊ (ကင်နိုလာ) ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပံပုပ်ဆီ တို့ဖြစ်ကြသည်။ ကျန်းမာရေးနဲ့ မသင့်သော ဆီများအား (ထရန့်ဖက်) ဟုခေါ်သည်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီများကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်ခြင်းဖြစ်သည်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေသည်။ အဆိုး (LDL) နှင့် အကောင်း (HDL) နှစ်မျိုးရှိသည်။ အဆိုးများလျင် နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါ များလည်း ဖြစ်စေသည်။ ပြောင်းရန်မလိုဘဲ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်း များတွင် (ထရန့်ဆီ) ပါနေပြီးဖြစ်သည်။

(ဂျန့်ဖုဒ်) ဆိုသည်မှာ အလွယ် ဝယ်ယူစားသောက်နေကြသော ခေတ်ပေါ်အစာများကို ခေါ်သည်။ အာဟာရတန်ဘိုး နည်းနည်း သာပါဝင်ပြီး။ ကျန်းမာရေး ထိခိုက်စေနိုင်သော ဆား၊ (ထရန့်ဆီ)၊ ကလိုရီများသည်။ အစားအစာများကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်းနည်းများဖြင့် သိုလှောင်ထားရာ၌လည်း သတိထားရမည်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်များ မလာစေရန် လုံခြုံအောင် ဖုံးထာရန်လည်း သတိထားရမည်။ ချက်ပြုတ်ရာတွင် လည်း အပူချိန်၊ လှီးဖြတ်သည့်ဓါးစသည်၊ ထည့်-ဆေးသည့် အိုးခွက်စသည်များကိုလည်း သတိထား ရန်လိုသည်။

ဗီတာမင်များ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်သည်။ အဆီထဲ ပျော်ဝင်သည့်အုပ်စုနှင့် ရေထဲ ပျော်ဝင်သည့်အုပ်စုဟု နှစ်မျိုး ရှိသည်။ ဘီနှင့်စီ တို့သည် ရေထဲပျော်ဝင်ကြသည်။ အေ၊ ဒီ၊ အီး၊ ကေတို့သည် အဆီထဲ ပျော်ဝင်ကြသည်။ ပိုနေလျင် အသဲထဲ၌ သိမ်းထားသည်။ အီး ကိုမူ အဆီထဲမှာ သိမ်းထားသည်။

ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။

ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

ဗီတာမင် ဘီ ၁၂ (ကိုဘ်ယလမင်း) သည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။

ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။

ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် Vitamin A မှ Vitamin D ဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။
ဗီတာမင် အီး သည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

ဗီတာမင် ကေ သည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

BMR (ဘီအင်မ်အာ)
လူတိုင်း မည်သည့် အလုပ်အကိုင်မျိုးမှ မလုပ်ဘဲ နေလျင်ပင် အသက်ရှင်နေနိုင်ရန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အလုပ်လုပ်နေနိုင်ရန်အတွက် လိုအပ်သော အနည်းဆုံး လိုအပ်ချက် (ကယ်လိုရီ)ကို ခေါ်သည်။ ၄င်းကလိုရီမှာ လူတယောက်နေ့ စဉ် လိုအပ်ချက် စုစုပေါင်း၏ ၆ဝ-၇ဝ%ရှိသည်။ ပေါင် ၁၅ဝ လေးသည့် လူကြီး (ယောက်ျား) = ၁၈ဝဝ ကယ်လိုရီ၊ (BMR)၊ ပေါင် ၁၂ဝ လေးသည့် လူကြီး (မိန်းမ) = ၁၃၂ဝ ကယ်လိုရီ၊ (BMR) ရှိသည်။

- ပိန်သောသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၄ ကယ်လိုရီ၊
- မပိန်-မဝသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၇ ကယ်လိုရီ၊
- အလုပ်ကြမ်းလုပ်ရသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၂ဝ ကယ်လိုရီ၊
ပေါင် ၁၂ဝ လေးသော အမျိုးသမီးတယောက် အောက်ပါအလုပ်တခုကို ၁ဝ မိနစ်ကြာလုပ်လျင် ကုန်မည့် ကယ်လိုရီ၊
• အေရိုးဗစ် သာမန် 45.4
• အေရိုးဗစ် အပြင်းစား 63.6
• ရောဂ-လေ့ကျင်ခန်း သာမန် 22.7
• အလေးမခြင်း 54.5
• စက်ဘီစီးခြင်း ၁၆-၁၉ မိုင်နှုန်း 109
• ကြိုးခုန်ခြင်း 90.9
• ၅ မိုင်နှုန်းပြေးခြင်း 72.7
• ၁ဝ မိုင်နှုန်းပြေးခြင်း 145.4
• တင်းနစ်ရိုက်ခြင်း 72.7
• ပြေး-ခုန်ပစ် 54.5
• ၅ မိုင်နှုန်း လမ်းလျောက် 72.7
• တင်းခွဲ 54.5
• ဥယျာဉ်လုပ် 40.9
• တံပျက်စီးလှည်း 36.3
• ကလေးထိန်း 27.2
• အိမ်သန့်ရှင်းရေး 27.2
• ထမင်းချက် 18.1
• သန့် ရှင်းရေး အပြင်းလုပ်ခြင်း 17.2
• မီးပူတိုက် 20.9
• အိပ်စက်ခြင်း 8.1
• တီဘီကြည့်ခြင်း 9.0
• ကွန်ပြူတာစာရိုက် 13.6
• ကျောက်မီးသွေးမိုင်းအလုပ် 54.5
• လက်သမားအလုပ် 31.8
• ဆောက်လုပ်ရေးအလုပ် 49.9

(ဖိုင်ဘာ) များသည့် အစားအစာများ
• ပန်းသီး အခွံပါ 1 medium 5.00
• ငှက်ပျောသီး 1 medium 3.92
• ဘယ်ရီသီး 1 cup 4.18
• စပျစ်သီး 1/2 medium 6.1
• လိမ်မော်သီး 1 medium 3.40
• မက်မွန်သီး 1 medium 2.00
• သစ်တော်သီး 1 medium 5.08
• ဆီးသီး 1 medium 1.00
• ရက်စ်ဘယ်ရီသီး 1 cup 8.34
• စထောဘယ်ရီ 1 cup 3.98
• မုံလာစိမ်း 1 cup 4.5
• ကွမ်းသီးဂေါ်ဖီ 1 cup 2.84
• မုံလာထုပ် 1 cup 4.20
• မုံလာဥနီ 1 medium 2.00
• ပန်းမုံလာ 1 cup 3.43
• ပြောင်းဖူး 1 cup 4.66
• ပဲသီးစိမ်း 1 cup 3.95
• ကြက်သွန်နီ 1 cup 2.88
• ပဲ 1 cup 8.84
• အာလူးပြုတ် အခွံပါ 1 medium 4.80
• ဟင်းနုနွယ် 1 cup 4.3
• ကန်စွန်းဥ 1 cup 5.94
• ခရမ်းချဉ် 1 medium 1.00
• ပေါင်မုံ့ ၁ ချပ် 2.00
• အုတ်စပါး 1 cup 12.00
• ပါစတာ 1 cup 6.34
• ဆန်လုံးညို 1 cup 7.98
• အယ်မုန်း 1 oz 4.22
• သီဟိုဠ်စေ့ 1 oz 1.00
• ဗိုလ်စားပဲ 1 cup 13.33
• ပဲနီကလေး 1 cup 15.64
• မြေပဲ 1 oz 2.30
• ဖရုံစေ့ 1/4 cup 4.12
• ပဲပုတ် 1 cup 7.62
• နေကြာစေ့ 1/4 cup 3.00
• သစ်ကြားသီး 1 oz 3.08

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ