အသက်အရွယ် အလယ်အလတ် ပိုင်းမှာ သွေးတိုးရှိခြင်းဟာ အသက်ကြီးလာတဲ့အခါ ရူးသွပ်သွားစေနိုင်




အသက် ၅၀ ပတ်ဝန်းကျင်မှာ သွေးတိုး ရှိသူတွေဟာ ဘ၀ရဲ့ နောက်ပိုင်းအချိန်တွေမှာ ရူးသွပ်သွားဖို့များတယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

Alzheimer's Disease ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အသက်အရွယ် အလယ်အလတ်ပိုင်း သွေးတိုးရှိတဲ့ လူနာတွေဟာ နှစ် ၃၀ ကြာတဲ့အခါမှာ အာရုံစူးစိုက်မှုအပိုင်းမှာ ဆိုးရွားစွာ ထိခိုက်လာတွေကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ထို လေ့လာမှု မှာပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ Rhoda Au က "အသိဥာဏ်မှာ ဆုတ်ယုတ်မှု ရှိလာခြင်းဟာ အသက်အရွယ်အိုမင်းလာခြင်းရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပြီး အသက်အရွယ်ဆိုတာဟာလည်း ရုးသွပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြီးဆုံး အမှန်တရားပါပဲ" လို့ ဆိုပါတယ်။

ဘော့စတွန်ဆေးတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အသက် ၅၀ ကနေ ၆၀ ကြားရှိတဲ့ လူဦးရေ ၃၈၉ ယောက်ရဲ့ သွေးဖိအား အခြေအနေတွေကို တိုင်းတာခဲ့ပါတယ်။ နှစ် ၃၀ ခန့် ကြာတဲ့အခါ လူနာတွေ အသက် ၈၀ ၀န်းကျင် အရောက်မှာ သူတို့ရဲ့ ဥာဏ်ရည် တွေကို ထပ်မံ စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သွေးဖိအားတွေကို လေ့ကျင့်ခန်းလုပ်ခြင်း ၊ ၀ိတ်ချခြင်း နဲ့ တရားထိုင်ခြင်းတို့က လျော့ကျစေနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

မစ္စ Au ကတော့ ဒါကို အသက်အရွယ် အလယ်အလတ် ပိုင်းကျန်းမာရေး ပြသနာ လို့ ဆိုပြန်ပါတယ်။

"လူတစ်ယောက်ရဲ့ အသက်ကြီးချိန်ဆိုတာဟာ အသက်ငယ်ရွယ်စဉ်အချိန်ကာလတွေကတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကတည်းက ကျန်းမာရေး ဂရုစိုက်တာဟာ သင်အသက်ကြီးလာတဲ့အခါမှာ ဥာဏ်ရည်ကောင်းမွန်လာစေနိုင်ပါတယ်။" လို့ သူမက ဆိုထားပါတယ်။

ဒီ သွေးဖိအား လျော့ကျစေနိုင်တဲ့ အချက်တွေကတော့ အမေရိကန်သုတေသီတွေရဲ့ အယ်လ်ဇိုင်းမား နဲ့ အမျိုးအစား ၂ ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ချေရှိသူတွေကို လေ့လာမှု က ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ