Lupride Injection လူပရိုက်ထိုးဆေး


ဆရာရှင့်ကျွန်မ အသက် ၂၇ ပါ။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဗိုက်အရမ်းနာလို့ Ultrasoung ရိုက်ကြည့်တော့ Endometriosis ရောဂါဖြစ်နေပြီ။ 5 cm လောက်ရှိပါတယ်။ ခုဆေးသောက်တာမပျောက်လို့ Lupride ကို တလတလုံး ၄ လဆက်တိုက်ထိုးရမှာပါဆရာ။ ကျွန်မသိချင်တာက Lupride ဆေးအကြောင်းလေးသိချင်လို့ပါ ဆရာ။ ရောဂါသက်သာဖို့ထိုးရတာလားရှင့်။ ဘာအတွက်လုပ်ပေးတဲ့ဆေးလဲသိချင်လို့ပါဆရာရှင့်။ လေးစားစွာဖြင့် အဝေးမှ ဆရာ၏လူနာရှင် တဦး။

ဆေးနာမည်ရင်းက Leuprolide Acetate ဖြစ်တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ Endometriosis သားအိမ်ရောဂါတမျိုး အတွက် ထိုးပေးတယ်။ အဲဒီရောဂါဖြစ်ရင် သားအိမ်တရှူးတွေက မျိုးဥအိမ်၊ သားအိမ်ပြွန်လို သားအိမ်ပြင်ပနေရာတွေ ရောက်နေမယ်။ ဆေးပေးရင် နာတာသက်သာစေမယ်။ တာရှည်မပေးသင့်ပါ။ ဥပမာ တလ တကြိမ် ၆ လအထိသာ။ ဆေးမထိုးရတဲ့လမှာ ရာသီတွေအများကြီးဆင်းမယ်။ ရောဂါတူပေမယ့် လူတိုင်းနဲ့တော့ အဆင်မပြေပါ။

Gonadotropin-releasing hormone (GnRH) agonists အမျိုးအစားအုပ်စုဝင်ဖြစ်တယ်။ အဲဒီဟော်မုန်းက အမျိုးသမီး မျိုဥထွက်စေတဲ့ Gonadotrophin hormones ကိုတားဆီးတယ်။ ယောက်ျားတွေမှာ သုက်ပိုးထုတ်လုပ်ပေးတယ်။ androgen နဲ့ estrogen ဟော်မုန်းတွေကိုလည်း နည်းစေတယ်။ ဆေးကြောင့် အဲတာတွေ ပြောင်းပြန်ဖြစ်မယ်။
ဒီဆေးကို အမျိုးသမီးလိင်ဟော်မုန်းကိုဖိနှိပ်ပေးတဲ့ဆေးလို့လည်းခေါ်တယ်။ သားအိမ်အကျိတ်၊ အပျိုဖြစ်စောလွန်းတာကို ပေးနိုင်တယ်။ နောက်ပိုင်းရောက်နေတဲ့ ယောက်ျားဆီးကျိတ်ကင်ဆာကိုလည်းပေးတယ်။ သားသမီးမရနိုင်သူ တချို့ကိုလည်း ပေးတယ်။ ရင်သားကင်ဆာတချို့ကိုလည်းပေးတယ်။

ဘေးထွက်သက်ရောက်မှုများ
အားနည်းနေမယ်။ ခေါင်းမူးမယ်။ စိုးရိမ်စိတ်ကဲမယ်။ အရေပြားကအထိမခံဖြစ်မယ်။ ခြေထောက်၊ မျက်နှာရောင်မယ်။ အမူအယာမူမမှန်ဖြစ်မယ်။ တက်စတိုစတီရုန်းဟော်မုန်းများနေမယ်။ အိပ်ရေးခက်မယ်။ စားချင်စိတ်ပြောင်းမယ်။ ကိုယ်အလေးချိန်ပြောင်းမယ်။ လိင်စိတ်ပြောင်းမယ်။ အဆစ်တွေ ကြွက်သားတွေနာမယ်။ ဆေးမတည့်သူ အလာဂျီ ရမယ်။ ဝက်ခြံထွက်မယ်။ စိတ်ဓါတ်ကျမယ်။ မွေးလမ်းကတခုခုဆင်းမယ်။ ရာသီမမှန်ဖြစ်မယ်။ တုပ်ကွေးမိသလိုနေမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ