Hair dye reactions ဆံပင်ဆိုးဆေး သတိပေး


မေးကြတာ အတော်များတယ်။ သတိထားမိတာ ကိုယ်ဝန်ရှိစ ဆံပင်ဆိုးလို့ရမလား၊ ဆံပင်ဖြောင့်လို့ရမလား။

ဆံပင်ဆိုးဆေးကနေ ဆက်ဖြစ်တာကို မေးလာသူတွေရော မျက်စိအောက်တင်မြင်ရတာတွေရော မနည်းမနောရှိတယ်။ ဆံပင်ဆိုးဆေးနဲ့မတည့်တာကို Hair dye allergy လို့လည်းခေါ်တယ်။ သာမန်အားဖြင့်ကို လူတွေဟာ ဆံပင်ဆိုးဆေးနဲ့ အတော်မတည့်ကြပါ။ မတည့်တာသုံးမိရင် Contact dermatitis အရေပြားနာဖြစ်မယ်။ အရေပြားမှာ မတည့်တာနဲ့ တွေ့ထိတိုင်း ရောင်ရမ်းမယ်၊ နီမယ်၊ ယားမယ်၊ အနာလိုလည်းဖြစ်မယ်။ အနေရခက်မယ်။ အရောင်ဖြစ်စေတဲ့ ဆိုးဆေးတွေထဲမှာ paraphenylenediamine (PPD) ဓါတ်ပါတယ်။ အဲတာကို မတည့်ကြတာများတယ်။ ဆိုးဆေး သုံးနည်းကို စနစ်တကျညွှန်ကြားစာအတိုင်းသုံးရင်တော့ စိတ်ချရပါတယ်။ black henna tattoo တက်တူးနဲ့ မတည့်သူဆိုရင် ဒါကိုလည်းမတည့်ပါ။

ဆိုးဆေးမသုံးခင် Patch test စမ်းသပ်နည်းလုပ်ရမယ်။ တံဆိပ်တူသုံးရင်တောင်မှ စမ်းပြီးမှသာ သုံးသင့်တယ်။ ဆေးကို နားရွက်နောက်နားဖြစ်ဖြစ် လက်ဖျံမှာဖြစ်ဖြစ် တစက်တို့ထားပါ။ ခြောက်သွေ့စေပါ။ စောင့်ကြည့်ပါ။ နေမထိထိုင်မသာ ဖြစ်မယ်။ ယားယံမယ်၊ နီရဲလာမယ်ဆိုရင် အဲဒီဆေးနဲ့ မတည့်ပါ။ တည့်လို့သုံးရင်လည်း ခေါင်းလျှော်ရမယ့်အချိန်မှာ လျှော်ပါ။ လက်အိတ်သုံးပါ။

Mild irritation မတည့်ရင် တချို့မှာ ဓါတ်တုန့်ပြန်မှု အသင့်အတင့်သာခံရတယ်။ ဦးရေခွံ၊ နဖူး၊ နားရွက်၊ မျက်ခွံတွေ အနေရခက်လာမယ်။ နီရဲ၊ ရောင်၊ အပူဖူးပေါက်၊ ထူထဲ၊ ကွဲအက်တာတွေဖြစ်လာမယ်။ ပူလောင်နေမယ်။ အများအားဖြင့် ၄၈ နာရီအတွင်းမှာဖြစ်တယ်။ တခြားနေရာတွေမှာပါ ယားနိုင်တယ်။ နေမကောင်းဖြစ်မယ်။ နာရီတွေသာမက ရက်တွေအထိ ကြာနေနိုင်တယ်။

သာမန်ဖြစ်တာဆိုရင် ဆံပင်ကို ရေနဲ့ထပ်ဆေးပါ။ ခေါင်းလျှော်ရည်အပျော့စားသုံးပါ။ ဆိုးဆေးမှန်သမျှ ရသလောက် ဖယ်ရှားပါ။ Emollient တခုခုလိမ်းပေးပါ။ Steroid cream စတီရွိုက်ခရင်မ်လိမ်းပါ။ ခေါင်းကို mild soap အပျော့စား ဆပ်ပြာဖြစ်ဖြစ် soapless shampoo ဆပ်ပြာမပါခေါင်းလျှော်ရည်ဖြစ်ဖြစ်နဲ့ ဆေးပါ။ 2% hydrogen peroxide solution လိမ်းပါ။ potassium permanganate 1:5000 ဆေးရည်လည်းလိမ်းနိုင်တယ်။ PPD ကိုဓါတ်ပြုစေမယ်။ နောက်မှာ cold olive oil ကို lime သုံပုရာရည်နဲ့ရောလိမ်းနိုင်ပါတယ်။ တချို့ကို oral corticosteroids စားဆေးပေးရတယ်။

သိပ်ဆိုးတာဖြစ်ရင် anaphylactic shock ရှော့ရမယ်။ အရေပြားတွေနီပြီးဖေါင်းနေမယ်။ မျက်လုံ၊ နှုတ်ခမ်း၊ ခြေ၊ လက်တွေ ရောင်မယ်။ သတိလစ်ချင်သလိုဖြစ်မယ်။ ခေါင်းထဲပေါ့နေမယ်။ လျှာရောင်မယ်။ အသက်ရှူလမ်းရောင်လို့ အသက်ရှူခက်မယ်။ အသက်ရှူသံက ပန်းနာထသလို စီစီစီစီသံထွက်မယ်။ ပျို့အန်မယ်။ မေ့မြောမယ်။ သတိလစ်မယ်။ အရေးပေါ်ကုသမှုခံယူရတော့မယ်။

PPD နဲ့မတည့်သူဟာ oxidation type hair dyes အမျိုးအစားဆံပင်ဆိုးဆေးတွေကိုရှောင်ရမယ်။ အဲတာမျိုးက ဗူး ၂ ခုစီနဲ့လာတယ်။ အဲလိုလူတွေဟာ Azo dyes ကိုလည်းမတည့်တာဖြစ်နိုင်တယ်။ ဆံပင်ဆိုးဆေး၊ ဘောလ်ပင်မင်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနဲ့ အစားအသောက်တွေ အရောင်ချယ်တွေထဲမှာပါတယ်။ Benzocaine and procaine ထုံဆေး။ Sulfonamides, sulfones, sulfa drugs ဆလ်ဖါပါတဲ့ဆေးတွေ။ Para-aminobenzoic acid (PABA) က နေလောင်ခံဆေးထဲမှာပါတယ်။ PABA-free ကိုသာရွေးသုံးပါ။ Para-aminosalicylic acid တီဘီဆေးတွေနဲ့လည်း မတည့်တာဖြစ်နိုင်တယ်။

အဲလိုဆိုးဆေးကို နောင်ဘယ်တော့မှ အဲဒီဆိုးဆေးမသုံးပါနဲ့။ henna နဲ့ EcoColors တွေကိုသုံးနိုင်ပါတယ်။ မတည့်မရှိပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ