အထီးကျန်မှုက အအေးမိဝေဒနာကို ပိုဆိုးလာစေနိုင်


အထီးကျန်စွာနေထိုင်ရသူများတွင် အခြားသောဖျားနာမှုများနှင့်အတူ အအေးမိဝေဒနာသည်လည်း ဖြစ်ပွား လျင် သာမန်လူများထက် ပို၍ဆိုးရွားသည်ကိုတွေ့ ရှိရကြောင်း အမေ၇ိကန်သုတေသီများက ပြောသည်။
နှစ်စဉ်နှစ်တိုင်းလိုလို ဆောင်းတွင်းရောက်လျင် အမေရိကန်နိုင်ငံသားများ အအေးမိနှာစေးကြသည်သာ ဖြစ်ကြောင်း၊ ၄င်းတို့ ၏ နှာခြေခြင်း၊ ချောင်းဆိုးခြင်းနှင့် အနေရအထိုင်ရခက်လှခြင်း အစရှိသည်တို့ သည် အပေါင်းအသင်းမိတ်ဆွေ၊မိသားစု အစရှိသူတို့ နှင့်အတူနေထိုင်ရလျင် သက်သာလွယ်သော်လည်း အထီး ကျန်ဆန်စွာ တစ်ကိုယ်ရည်တည်းနေထိုင်ရသူများတွင်မူ အအေးမိခြင်းသည်လည်း ပို၍ဆိုးရွားလာလေ့ရှိ သည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း သုတေသီများက ဆိုသည်။အိမ်တစ်အိမ်မှာ တစ်ယောက်ထဲနေနေရမှ အထီးကျန်တာမဟုတ်ပါဘူး။ လူအုပ်စုကြားထဲမှာလည်း အထီး ကျန်နေနိုင်ပါတယ်။

 ဥပမာ ကိုယ့်ကိုဘယ်သူကမှ အဖက်မလုပ်တာ၊ ကိုယ့်ကိုချန်ထားခဲ့ကြတာ၊ ပေါင်းစရာ အပေါင်းအသင်းမရှိတာ အစရှိတာတွေကလည်း အထီးကျန်စေတာပါပဲ။ လူတစ်ယောက်ရဲ့ လူမှုကွန်ရက် က ဘယ်လောက်ကြီးသလဲ၊ အရည်အသွေးဘယ်လောက်မြင့်မားသလဲ၊ လူအမျိုးမျိုးအထွေထွေ စုံလင်မှု ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်တွေအပေါ် လူတစ်ယောက် လွယ်လွယ်နဲ့ အထီးကျန်နိုင်မလား ဆိုတဲ့ ကိစ္စက မူတည်နေပါတယ် ဟု သုတေသီတစ်ဦးက ပြောသည်။ အထီးကျန်ဆန်လွန်းသူများ၊ လူမှုကွန်ရက်သေးငယ်လွန်းသူများတွင် သာမန်ချောင်းဆိုး၊အအေးမိ၊ဖျားနာ သည်လည်း ပြင်းထန် လာလေ့ရှိကြောင်း၊ ထို့ ကြောင့် အအေးမိဝေဒနာဖြင့် ဆေးရုံဆေးခန်းသို့ ရောက်ရှိ လာသူများအား ကုသရာတွင် ၄င်းတို့ ၏လူမှုအသိုင်းအ၀ိုင်းကိစ္စကိုလည်း စုံစမ်းမေးမြန်းသိရှိထားရန်မှာ ဆရာဝန်များ အတွက် အရေးပါကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

အထီးကျန်စိတ်ဝေဒနာသည် လူ၏ဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း၊ ဇီဝကမ္မဖြစ်စဉ် ဖောက်လွဲလျင် ရောဂါခုခံစနစ်သည်လည်း မငြိမ်မသက်ဖြစ်လာကြောင်း၊ ထိုကဲ့သို့ သောအချိန်မျိုးတွင် သာမန်အချိန်၌ လူကိုထိခိုက်မှုနည်းပါးစေသည့် အအေးမိဗိုင်းရပ်မျိုးကိုပင် ခံနိုင်ရည်နည်းလာလေ့ရှိ ကြောင်း၊ ထို့ အပြင် အထီးကျန်ခြင်းကြောင့် စိတ်ဓါတ်ကျပြီး ခန္ဓာကိုယ်ကလည်း ထုတ်ပေးရန်လိုအပ်သည့် ဟိုမုန်းများကို စုံလင်စွာ၊ဟန်ချက်ညီစွာ ဆက်လက်ထုတ်ပေးလေ့မရှိကြောင်း၊ ထို့ ကြောင့် အထီးကျန်ဆန် သူများတွင် အအေးမိ၊နှာစေး၊ချောင်းဆိုး အစရှိသည့်ဝေဒနာများ အစဉ်သဖြင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး အလွယ်တကူလည်း ပြန်လည်ပျောက်ကင်းသက်သာလေ့မရှိဘဲ ဖျားသက်ရှည်ကြာနေတတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ