Einstein's Brain အိုင်းစတိုင်း ဦးနှောက်


မနေ့ကပဲ ပါရမီအကြောင်းရေးတယ်။ အင်တာနက်မှာ ဂျီးနီးယပ်စ်လို့ရှာရင် အိုင်းစတိုင်းကို တွေ့ပါမယ်။ သေပြီးလည်း ထူးဆန်းတဲ့ အိုင်းစတိုင်း ဦးနှောက်ခေါင်းစဉ်နဲ့ ဆေးပညာဆောင်းပါးကို ဘီဘီစီဝဘ်ဆိုက်မှာ လွန်ခဲ့တဲ့ ၂ နှစ်တိတိက ရေးသားလိုက်ပါတယ်။

အိုင်းစတိုင်းမိသားစုဟာ ဂျာမဏီမှာနေတဲ့ အက်ရှ်ကင်နာဇီဂျုး (ဘာသာရေး) ဖြစ်ပြီး လိုက်နာမှုမရှိသူတွေလို့ဆိုပါတယ်။ ငယ်စဉ်က ကက်သလစ်မူလတန်းကျောင်းမှာနေတယ်။

၁၈-၄-၁၉၅၅ နေ့ မနက် ၁ နာရီ ၁၅ မိနစ်မှာ ရူပဗေဒပညာရှင်၊ ငြိမ်းချမ်းရေး အကျိုးဆောင်၊ ပါရမီရှင် အဲဗတ် အိုင်းစတိုင်းဟာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ ကွယ်လွန်ခဲ့ပါတယ်။ နှိုင်းရသီအိုရီဟာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့်သာ နယူကလီယာဆိုတာ ဖြစ်လာတာပါ။

အိုင်းစတိုင်းကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆ဝ ရှိပြီ။ သူ့ဦးနှောက်ကို ဖန်ပေါင်းချောင်တွေ၊ ဆလိုက်တွေနဲ့ ဓါတ်ပုံတွေမှာ သိမ်းထားပါတယ်။ သုတေသနလုပ်သူတွေက ကနေ့အထိအံ့သြမဆုံးဖြစ်နေရတယ်။ သူသေဆုံးချိန်က သူ့အနားမှာရှိတဲ့ သူနာပြုဆရာမက ဂျာမန်စကားမတတ်သူဖြစ်လို့ အိုင်းစတိုင်းရဲ့ နောက်ဆုံးစကားဟာ ဘာလည်းလို့ ဘယ်သူမှ မသိနိုင်တော့ပါ။ သူ့အသုဘရောက်တော့ ခေါင်းထဲက သူ့ကိုယ်ခန္ဓာမှာ ဦးနှောက်ပါမလာတာကို သူ့သား ဟန့်စ် အဲလဗတ်က သတိထားမိပါတယ်။

သူ့အလောင်းကိုခွဲရတဲ့ ရောဂါဗေဒဆရာဝန် ဒေါက်တာသောမတ်စ် ဟာဗေက သေဆုံးရတဲ့အကြောင်းရင်းကို ရှာရပါတယ်။ အေအိုတာ ခေါ် အကြီးဆုံးသွေးလွှတ်ကြောကြီးကွဲနေတာကိုတွေ့ပါတယ်။ သူကပဲ ဦးနှောက်ကို ထုတ်ယူခဲ့တာပါ။ ပညာရပ်ဆိုင်ရာမျှော်ကိုးချက်နဲ့လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာပေမယ့် အိုင်စတိုင်းဦးနှောက်လေ့လာမှု ဆေးသိပ္ပံစာတမ်းထွက်မလာပါ။

၁၉၇၈ ခုနှစ် သတင်းထောက် စတီဗင် လီဗေ ကနေ အိုင်းစတိုင်းဦးနှောက်ကို ဓါတ်ပုံရိုက်ဖို့ ပရင့်စ်တွန် ဆေးပညာဌာနကိုလာပေမယ့် ဦးနှောက်မတွေ့ရပါ။ နောက်လိုက်တော့ ကင်းဆပ်စ်၊ ဝီချီတာ မှာခြေရာခံလို့ရပါတယ်။
နောက်ဆုံးမှာ လီဗီဆောင်းပါး နယူးဂျာစီလစဉ်မှာပါလာတယ်။

ဒေါက်တာဟာဗေးက အိုင်းစတိုင်းဦးနှောက်ကို အစိတ်အပိုင်းပေါင်း ၂၄ဝ လုပ်တယ်။ ၁၂ စုံနဲ့ ဆလိုက် ၂ဝဝ ရှိတယ်။
ဦးနှောက်က ၁၂၃ဝ ဂရမ်လေးတယ်။ ဟာဗေးရေးတာကို ၁၉၇၈ နွေမှာထွက်လာတယ်။ ကယ်လီဖိုးနီးယားက ဒေါက်တာ ဓိုင်းမွန်းက နမူနာတောင်းလို့ သကြားတုံးအရွယ် ၄ ခုပို့ပေးတယ်။ သူ့စာတမ်း ၁၉၈၅ မှာ ထွက်လာတယ်။ သူရတာတွေ ထဲမှာ ဂလိုင်ရယ်ဆဲလ်တွေပါတယ်။ နူရုံးတိုင်းမှာရှိတာမျိုးဖြစ်တယ်။ ကြွက်တွေမှာ နိုးဆွမှုပေးတဲ့အခါ ဂလိုင်ရယ် ဆဲလ် များတာ တွေ့ရပေမယ့် အိုင်စတိုင်းဦးနှောက်မှာ နည်းနေတာ တွေ့ရတယ်။

၁၉၉၆ မှာ ဘာမင်ဟမ်မှာရှိတဲ့ အယ်ဘားမားတက္ကသိုလ်က ဒေါက်တာ ဘရစ်တ် အန်ဒါဆင်က လေ့လာမှု စာတမ်းရေးတယ်။ ဦးနှောက်ရှေ့ပိုင်း ကောတက်စ်နေရာကို လေ့လာခဲ့တာဖြစ်တယ်။ သူတွေ့တာက နူရုန်း အရေအတွက် ဟာ ဦးနှောက်ထိန်းချုပ်နေရာနဲ့ မျှခြေတူဖြစ်တယ်။ ဒါပေမယ့် တင်းကြပ်နေအောင်စီထားတယ်။ အဲတာဟာ သတင်းအချက်အလက်ကို ပရောဆက်စ်လုပ်ဘို့ မြန်စေမယ်လို့ ယူဆတယ်။

၁၉၉၉ လန်းဆက်စာတမ်းကို ကနေဒါ မဂ်မာစတာတက္ကသိုလ်က စန္ဒရာ ဝစ်တယ်လ်ဆန်ကရေးတယ်။ ဟာဗေးရဲ့ ဓါတ်ပုံတွေကို လေ့လာတာဖြစ်တယ်။ အောက်ဘေးနေရာတွေဟာ အထူးအသိဥာဏ်နဲ့ သင်္ချာစဉ်းစားမှုအတွက်လို့ ယူဆတယ်။ ပုံမှန်ထက် ကျယ်နေတယ်။

၂ဝ၁၂ ခုမှာ မနုဿဗေဒပညာရှင် ဒင်း ဖေါ့လ်ကဆက်လေ့လာတယ်။ ဦးနှောက် ရှေ့-အလယ်ပိုင်းမှာ အပိုတန်းတခု ပါတာက အထူးခြားဆုံးဖြစ်မယ်။ အဲတာဟာ အစီအမံလုပ်တာနဲ့ မှတ်ဥာဏ်အတွက် ဖြစ်မယ်။ လူအများစုမှာ အဲလိုတန်း (၃) ခုပါတယ်။ အိုင်းစတိုင်းမှာ (၄) ခုပါတယ်။ ဘေးအပိုင်းတွေမှာလည်း မညီမညာဖြစ်နေတာတွေ့ရတယ်။ ညာ (မော်တာ) အပိုင်းမှာ ဘုတခု ပါနေတယ်။ အဲတာကို အိုမီဂါ ဆိုင်းလို့ ခေါ်တယ်။ လက်ဝဲလက်သုံး တေးဂီတပညာရှင် ဖြစ်တာနဲ့ ဆိုင်တယ်။ အိုင်းစတိုင်းက တယောထိုးတယ်။

၂ဝ၁၃ မှာ ဒင်းဖေါ့လ်ကပဲ အိုင်းစတိုင်းရဲ့ ကေားပတ်စ်ကလိုဆမ်ဟာ ထုံးစံနဲ့မတူတာကို တွေ့တယ်။ ဘယ်-ညာ အခြမ်းတွေကို ဆက်နေတဲ့နေရာ။ အိုင်းစတိုင်းမှာ အထိန်းအုပ်စုထက် ထူနေတယ်။ မေးစရာရှိပါတယ်။ အိုင်းစတိုင်းဟာ အဲလိုထူးခြားတာတွေကြောင့် အဆင့်အတန်းမြင့်တာတွေ တွေးခေါ်နိုင်တာလား။ ဖေါ့လ်ပြောတာကတော့ ဘဝအတွေ့အကြုံတွေနဲ့ ဦးနှောက်နေရာတွေဆက်စပ်မှုကိုပြောရတာ ပိုခက်ခဲပါသတဲ့။

ဘာသာရေးထဲက နှိုင်းရအမှန်နဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကို ဆက်စပ်တွေးလို့ရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ