ဇီကာဗိုင်းရပ်ကြောင့် ၀က်ရူးပြန်ရောဂါလည်း ဖြစ်ပွားနိုင်


ဇီကာဗိုင်းရပ်ကြောင့် ကလေးများတွင် မွေးရာပါချို့ ယွင်းချက်များ ပါလာနိုင်သည့်အပြင် ၀က်ရူးပြန်ရောဂါ ကိုလည်း ဖြစ်စေနိုင်သည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က သတိပေးချက်ထုတ်ပြန်ထားသည်။

 ဘရာဇီးတွင် သုတေသီများစောင့်ကြည့်ခဲ့သော ဇီကာကူးစက်ခံရသူ ကလေးပေါင်း ၄၈ ဦးအနက် ထက်ဝက်ကျော်ခန့် မှာ တက်သည့်ဝေဒနာကိုလည်း ခံစားခဲ့ရသည်ကိုတွေ့ ရကြောင်း၊ တက်သည့်ဝေဒနာ ခံစားရနိုင်သည့် လက္ခဏာများမတွေ့ ရှိရဘဲ တက်သွားကြခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ဇီကာဗိုင်းရပ် ကူး စက်ခံရလျင် ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကြီးကို ထိခိုက်စေနိုင်သည့်အပြင် ၀က်ရူးပြန်ရောဂါကိုပါ ဖြစ်စေနိုင်သည့် ခိုင်လုံသာဓကဖြစ်သည်ဟု ဆိုနိုင်ကြောင်း သုတေသီတစ်ဦးက ပြောပြသည်။

အများသိကြတဲ့အတိုင်းဇီကာဗိုင်းရပ်က ခြင်ကိုက်ခံရခြင်းကနေတစ်ဆင့် ကူးစက်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုကူးစက်သွားရင် မွေးဖွားလာတဲ့ကလေးတွေမှာ ဆိုးရွားတဲ့အကျိုးဆက်တွေပါလာပါမယ်။ ဦးခေါင်းကျုံ့ ၊ ဦးနှောက်သေး ပြီး ဗဟိုအာရုံကြောစနစ်ကို အားနည်းစေပါတယ်။ အဲဒီဝေဒနာတွေက သေရာပါသွားမယ့်ဝေဒနာတွေဖြစ်တဲ့အတွက် ခံစားရတဲ့ကလေးတွေအတွက် အလွန်ဆိုးရွားတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။

 ဒါပေမယ့် ဇီကာဗိုင်းရပ်ပေးတဲ့ဒုက္ခက အဲဒီလောက်နဲ့ ရပ်မသွားဘဲ ကလေးတွေကို ၀က်ရူးလည်းပြန်စေနိုင်တယ် ဆိုတာကို တွေ့ ရခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ တောင်အမေရိကား၌ ဘရာဇီးတစ်နိုင်ငံထဲတွင်ပင် ဇီကာဗိုင်းရပ်ကြောင့် ဦးနှောက်ကျုံ့  သည့်ကလေးပေါင်း ထောင်ပေါင်းများစွာရှိနေကြောင်း သိရသည်။ သုတေသီများစောင့်ကြည့်လေ့လာခဲ့သည့် ကလေးငယ် ၄၈ အပြင် အခြားသော ဇီကာကူးစက်ခံရသည့် ကလေးများတွင်လည်း ၀က်ရူးပြန်ရောဂါဖြစ်ပွားသည်ကိုတွေ့ ရှိရကြောင်း၊ ဦးနှောက်မူမမှန်တော့သည့် အတွက် တက်သည့်ဝေဒနာကိုခံစားရနိုင်ခြင်းဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။ Cytomegalovirus လိုမျိုး အတွေရများတဲ့ ဗိုင်းရပ်တွေကူးစက်ရင်လည်း ကလေးတွေရဲ့ ဦးနှောက်က ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ တက်တာ၊၀က်ရူးပြန်တာတွေဖြစ်တာကို ကြုံရဖူးပါမယ်။ အခု ဇီကာ ကလည်း ဦးနှောက်ကိုတိုက်ရိုက်တိုက်ခိုက်တာမို့  ပိုးကူးစက်ခံရတဲ့ ကလေးတွေမှာ ၀က်ရူးပြန်ရောဂါကို လည်း ခံစားရတာလို့ ယူဆပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ယခုအခါ ဇီကာကူးစက်မှု သိသာစွာကျဆင်းသွားပြီဖြစ်သော်လည်း ပိုးကူးစက် ခံခဲ့ရသောကလေးငယ်များ တွင် သေရာပါမည့်ဝေဒနာများကို ခံစားနေရပြီး ၄င်းတို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဘ၀ တစ်သက်တာလုံး ပြုလုပ်ပေးရမည့်သဖွယ်ဖြစ်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ