Dyshidrosis အရေပြားနာတမျိုး


ခုပုံမှာလို ကျွန်မ အမျိုးသားလက်နဲ့ ခြေထောက်မှာ အရည်ကြည်ဖုလေးတွေ ပေါက်နေပါတယ်ဆရာ။ အမျိုးသား အသက်က ၃၃ ပါ။ အလုပ်က Network engineer လုပ်ပါတယ်။ ညဘက်တွေ အလုပ်လုပ်ရပါတယ်။ ဘာကြောင့် ဖြစ်တယ်၊ ဘယ်လိုဆေးတွေလိမ်းရမလဲ ပြောပြပေးပါဆရာ။ ဆရာ အမြဲကျန်းမာပါစေ။ လေးစားစွာဖြင့်။

Dyshidrosis ဆိုတဲ့ အရေပြားနာတမျိုးဖြစ်တယ်။ Dyshidrotic eczema နဲ့ Pompholyx လို့လည်းခေါ်တယ်။ နှင်းကူနာတမျိုးဖြစ်တယ်။ အရည်ပါတဲ့ အဖုသေးသေးလေးတွေ ခြေဖဝါး၊ လက်ဖဝါးတွေမှာပေါက်တယ်။ ယားတယ်။ ၃ ပတ်လောက်ကြာတတ်တယ်။ ခြောက်သွားရင် အရေခွံကွာသလိုဖြစ်မယ်။ ပြန်ဖြစ်တယ်။ တချို့ဆိုးတယ်။ ဆောရီး။

ဘာလို့ဖြစ်သလဲ သိဖို့ခက်တယ်။ အလာဂျီခေါ် တခုခုနဲ့မတည့်လို့ဖြစ်နိုင်တယ်။ စိတ်ဖိအားများတာနဲ့ဆက်စပ်နိုင်တယ်။ ကိုယ်နဲ့မသင့်တဲ့အရာ သတ္တုကိုကိုင်တွယ်ရလို့လည်းဖြစ်နိုင်တယ်။ ယားလို့ကုပ်ရာကနေ ပိုးဝင်လာနိုင်တယ်။

Corticosteroids ကော်တီကိုစတီရွိုက်ဆေးသုံးရတယ်။ လိမ်းဆေးနဲ့စသင့်တယ်။ ဆေးကောင်းကောင်းဝင်စေအောင် ပလပ်စတစ်နဲ့ ဖုံးထားနိုင်တယ်။ စားဆေးလိုရင်ပေးမယ်။ စားဆေးကို စနစ်တကျသောက်ရမယ်။ အစမှာများပြီးနောက် လျော့လျော့သောက်ရတယ်။ ဆေးဘေးထွက်သက်ရောက်မှုတွေသတိထားရတယ်။ လိုရင်တော့ ဆေးပေးပါတယ်။ ဥပမာ ၂ ပြား ၄ ကြိမ်၊ ၃ ရက်၊ ၂ ပြား ၃ ကြိမ်၊ ၃ ရက်၊ ၂ ပြား ၂ ကြိမ်၊ ၃ ရက်၊ ၁ ပြား ၃ ကြိမ်၊ ၃ ရက်။

Phototherapy အလင်းရောင်ကုသနည်းလည်းရှိတယ်။

Immune-suppressing ointments ခုခံအားသက်ရောက်စေတဲ့ဆေးလည်းပေးတယ်။ Tacrolimus (Protopic) နဲ့ Pimecrolimus (Elidel) ဆေးလိမ်းရတယ်။

Botulinum toxin injections ထိုးဆေးနည်းလည်းရှိတယ်။

အအေးဝတ်ကပ်ပေးတာသက်သာမယ်။ အယားသက်သာဆေး Diphenhydramine (Benadryl) သို့ Loratadine (Claritin, Alavert) တခုခု သောက်နိုင်တယ်။ မတာ့်တာကိုရှောင်ရမယ်။ လက်အိတ်သုံးသင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ