British Heart Foundation ၏ ထုတ်ပြန်ချက်အရ ညစ်ညမ်းသောလေထုသည် လူသားတို့၏ သွေးထဲသို့ ဖောက်ဝင်ကာ နှလုံးကို တိုက်ရိုက်ပျက်စီးစေနိုင်


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော် အခြေစိုက် British Heart Foundation မှ သုတေသီများက ညစ်ညမ်းနေသော လေထုများသည် လူသားတို့၏ သွေးထဲသို့ ဖောက်ဝင်ကာ သွေးများမှ တစ်ဆင့် နှလုံးကို တိုက်ရိုက် ပျက်စီးစေကြောင်း ဧပြီလ(၂၆) ရက်နေ့က ထုတ်ပြန်သွားခဲ့သည်။ ထို့အပြင် ညစ်ညမ်းသော လေထုကို ရှုရှိုက်မိသော လူသားတို့အနေဖြင့် နှလုံးရောဂါကိုလည်း အလွယ်တကူ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း သိရသည်။

British Heart Foundation သည် နှလုံးနှင့် ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားသော ဝေဒနာရှင်များကို ကူညီထောက်ပံ့ပေးပြီး နှလုံးနှင့် ဆက်စပ်သော ရောဂါများကိုလည်း ဆေးကုသမှုများ ပြုလုပ်ပေးနေသည့် စေတနာရှင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ညစ်ညမ်းသော လေထုကို ရှုရှိုက်မိသောကြောင့် နှလုံးရောဂါဝေဒနာဖြင့် ရင်ဆိုင်ခဲ့ရသော ဖြစ်စဉ်နှင့် ပတ်သက်ပြီး British Heart Foundation မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ ဂျရီမီ ပီယာဆန်က “လေထုညစ်ညမ်းမှုဟာ လူသတ်သမားဆိုတာ သံသယဖြစ်ဖွယ်ရာမရှိပါပဲ၊ ကျွန်တော်တို့ ဖောင်ဒေးရှင်း အနေနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို အချိန်ယူပြီး သုတေသန ပြုလုပ်ဖြစ်ခဲ့ပါတယ်၊ သုတေသန ရလာဒ်တွေအရ ညစ်ညမ်းတဲ့ လေထုတွေဟာ လူသားတို့ရဲ့ သွေးထဲကို ဖောက်ဝင်သွားတယ်၊ သွေးတွေကနေ တစ်ဆင့် နှလုံးကို တိုက်ရိုက် တိုက်ခိုက် နေတာတွေ့ရတယ်၊ ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်မိတဲ့ လူသားတွေ အနေနဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို အလွယ်တကူ ဖြစ်ပေါ်စေတာ တွေ့ရတယ်၊ နှလုံးရောဂါဖြစ်တဲ့ လူတွေကို စမ်းသပ်ကြည့်လိုက်တဲ့ အချိန်မှာလည်း ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်ခဲ့မိခြင်းက အဓိက တရားခံဖြစ်နေတာကို တွေ့ရတယ်” ဟု ပြောကြားသွားခဲ့သည်။ ၎င်းဖောင်ဒေးရှင်းတွင် သုတေသီတစ်ဦးအဖြစ် ဆောင်ရွက်နေသော ပရော်ဖက်ဆာ နီကိုလက်စ်မေးလ်ကလည်း ကိုယ်တိုင်သုတေသန ပြုလုပ်ခဲ့သည့် အတွက်ကြောင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးကို ကောင်းစွာ သိရှိနားလည်ထားပြီး လေထုသန့်စင်လုပ်ငန်းကို အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ