သားဖွားမိခင်များ သွေးသွန်သေဆုံးခြင်းကို တားဆီးနိုင်မည့် ဈေးနှုန်းသက်သာဆေးဝါးကို အသုံးပြုမည်


ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း သားဖွားပြီးနောက် သွေးသွန်ခြင်းကြောင့်သေဆုံးသူအမျိုးသမီးဦးရေ ၁၀၀၀၀၀ ထက်မနည်းရှိရာဝယ် ဆေးပညာက နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့မိသည့် ဈေးနှုန်းလည်း သက်သာလှသည့် Tranexamic Acid အမျိုးအစား ဆေးဝါးကိုအသုံးပြုခြင်းဖြင့် ၄င်းအသက်ပေါင်းသိန်းနှင့် ချီကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း နော်ဝေနိုင်ငံရှိ Lancet တက္ကသိုလ်မှ သုတေသီများက ပြောသည်။ သားဖွားမိခင်တွေ သွေးသွန်ရင် Tranexamic Acid နဲ့  ထိန်းပေးထားနိုင်တာကိုတွေ့ ရပါတယ်။

အသက် ပေါင်း သုံးပုံတစ်ပုံထက်မနည်းကိုတော့ ကယ်တင်နိုင်ပါလိမ့်မယ်။ ဒီဆေးဟာ အရင်ကတည်းက ရှိခဲ့ပြီး ဈေး နှုန်းအားဖြင့်လည်း အလွန်သက်သာပါတယ်။ ဒါပေမယ့် သွေးသွန်တာကို ဒီဆေးနဲ့ ကုရင် ရကောင်းတယ် ဆိုတာကို ဆေးပညာက လျစ်လျူရှုခဲ့မိခြင်းဖြစ်ပါတယ်။ အခုတွေ့ ရှိချက်နဲ့  ကမ္ဘာတစ်ဝန်းက သွေးသွန် မိခင်တွေကို အသက်အန္တရာယ်မဖြစ်အောင် ကုသပေးနိုင်တော့မယ်လို့  ယုံကြည်ပါတယ်ဟု Lance တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောပြသည်။ တချို့ လူနာတွေကို သွေး ၄၁ ပုလင်းအထိ သွင်းပေးခဲ့ရဖူးပါတယ်။ အမျိုးသမီးတွေမီးဖွားပြီးလို့  သွေး မတိတ်ဘူး၊ သွေးသွန်တယ်ဆိုရင် အသက်အန္တရယ်နဲ့ အလွန်နီးပါတယ်။ သွေးအချိန်မီမရတာနဲ့  အသက် ကို ကယ်နိုင်ဖို့ ဆိုတာ အတော် ခက်ခဲသွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း သွေးသွန်နိုင် သလို ကလေးမွေးကင်းစ အချိန်မှာ လည်း သွေးသွန်နိုင်ပြီး မီးဖွားနေချိန်မှာလည်း အဲဒီအန္တရာယ်ဟာ ကပ်ပြီး ရှိနေနိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

 သွေးသွန်တဲ့လူနာတွေရဲ့ အသက်ကိုကယ်ဖို့  သားအိမ်ကိုထုတ်ပစ်ရတာမျိုးတွေ ရှိပါတယ်။ နောင်ဆိုရင် တော့ Tranexamic Acid နဲ့  အဲဒီအဖြစ်ဆိုးတွေကို ရှောင်နိုင်ပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်အတွက် သားအိမ်ထုတ်ပစ်ရတယ်ဆိုတာ ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြ သည်။ Tranexamic Acid သည် သွေးကျဲခြင်းကိုရပ်တန့် စေပြီး ခန္ဓာကိုယ်တွင်း ပင်စည်ဆဲလ်များဖြစ်ပွားခြင်းကို ပို၍လွယ်ကူစွာဖြစ်စေနိုင်ကြောင်း၊ Tranexamic Acid ကို ၁၉၆၀ ပြည့်လွန်နှစ်များက ဂျပန်ဇနီးမောင်နှံဖြစ် သူ Shosuke နှင့် Utako Okamoto တို့ က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ