Brain GPS ဦးနှောက် ဂျီပီအက်စ်
၂ဝ၁၄ ဆေးပညာနဲ့ ဇီဝကမ္မဗေဒနိုဗယ်လ်ဆုကို တဝက်စီခွဲပြီး၊ ဆရာဝန်သုံးဦးကို ချီးမြှင့်လိုက်ပါတယ်။ John O'Keefe နဲ့ May-Britt Moser ဇနီးမောင်နှံတို့ဖြစ်ကြပါတယ်။ Moser နဲ့ Edvard I Moser တို့ကနေ လူဘယ်နေရာမှာ ရောက်နေတယ် ဆိုတာကိုသိနိုင်တဲ့ ဦးနှောက်ထဲက ဆဲလ်တွေကို တွေ့ရှိလာကြပါတယ်။ တနည်းအားဖြင့် ဦးနှောက်ရဲ့ GPS လို့ ပြောနိုင်ပါတယ်။
ပြီးခဲ့တဲ့အပါတ်က အခြေချနေဘို့ရောက်လာကြသူတွေကို အကူအညီပေးတဲ့ဌာနမှာ အလုပ်သင်နေကြတဲ့ ကျောင်းသူ ကျောင်းသားနှစ်ယောက် ကျွန်တော့်အိမ်ကိုရောက်လာပါတယ်။ ကျွန်တော့်အိမ်ပြီးတော့ နောက်တဦးအတွက် စကားပြန်လုပ်ပေးဘို့ လိုက်ရပါတယ်။ သွားကြတော့ ကျောင်းသူက GPS နေရာရှာတဲ့စနစ်ပါတဲ့ လက်ကိုင်စမတ်ဖုန်းကို သုံးပါတယ်။ ဖုန်းထဲမှာ လိပ်စာကိုထည့်ထားရင် နေရာရှာပေးပါတယ်။ သူတို့ဆီမှာက လိပ်စာရေးတာက အတိအကျ ရေးရတယ်။ ရှေ့နောက်မလွဲရဘူး။ အိမ်နံပါတ်၊ လမ်းနံပါတ်၊ စာတိုက်ကုဒ်ဆိုရင်ရပြီ။ ရပ်ကွက်တွေ၊ မြို့တွေမလိုဘူး။ လမ်းနာမည်ဆိုတာ ပေ ၁ဝဝ လောက်သာတိုပါစေ စာရင်းဝင်ထားတာဆိုရင်ရတယ်။
နိုဗယ်ဆုရတဲ့ဆရာဝန်လင်မယာတွေ့တာက ဦးနှောက်ထဲက ဟစ်ပိုကင်းပတ်စ်မှာရှိတဲ့ နေရာဆဲလ်တွေကို သိလာတာဖြစ်ပါတယ်။ ကြွက်တွေကိုစမ်းတဲ့အခါ လှောင်အိမ်ထဲ ဘယ်ဒေါင့်ရောက်တာသိတယ်။ ဆိုဖါပေါ်ရောက်နေတာ သိတယ်။ အဲဒီဆဲလ်တွေအပြင် သတင်းအချက်အလက်တွေကို ပူးပေါင်းညှိနှိုင်းမှုလုပ်ပေးတဲ့နေရာကိုပါသိလာကြတယ်။ အာတာဟာ မြေပုံဖတ်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin