ငှက်ဖျားရောဂါအတွက် အဓိက ကုထုံးဟာ ပထမဆုံးအကြိမ် ချို့ယွင်းမှု ဖြစ်ပေါ်ကြောင်း


ငှက်ဖျားရောဂါအတွက် အဓိက ကုထုံးဟာ ပထမဆုံးအကြိမ် ချို့ယွင်းမှု ဖြစ်ပေါ်ကြောင်း UK မှာ ဆေးကုသနေတဲ့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။
အာဖရိကကို သွားရောက်လည်ပတ်ပြီး ပြန်လာတဲ့အခါမှာ ငှက်ဖျားဖြစ်ပွားတဲ့ လူနာ ၄ယောက်ကို ငှက်ဖျားအတွက် ပေါင်းစပ်ထားတဲ့ဆေး ( drug combination)ဖြင့် မကုသနိုင်ခဲ့ခြင်းက ငှက်ဖျားပိုးရဲ့ ဆေးဒဏ်ခုခံနိုင်စွမ်း (ဆေးယဉ်ပါးမှု )အစလက္ခဏာတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ London မှာရှိတဲ့ London school of Hygiene and Tropical medicine ကတော့ ဒီလို အစပျိုးလာတာ စောလွန်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီထက် ပိုဆိုးလာနိုင်တဲ့ အခြေအနေတွေကို သတိပေး လိုက်သလို ဖြစ်စေပြီး အာဖရိကမှာ ငှက်ဖျားဆေး ယဉ်ပါးမှု အဆင့်ကို ခန့်မှန်းချက်ပြုလုပ်ဖို့ လိုအပ်လာပြီလည်း ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ရောဂါပိုးကို သယ်ဆောင်ထားသော အနောဖလိခြင်ကိုက်ခြင်းမှ ကူးစက်ပါတယ်။

ကမ္ဘာပေါ်တွင် နှစ်မိနစ်တိုင်း ငါးနှစ်အောက် ကလေးတစ်ယောက်ကို အသက်ဆုံးရှုံးနေစေသော ရောဂါလည်း ဖြစ်ပါတယ်။ နှစ်စဉ် UK ရှိဆေးရုံများတွင် ခရီးသွားရာမှ ပြန်လာသောအခါ ငှက်ဖျားရောဂါဖြစ်ပွားသော ၁၅၀၀ကနေ ၂၀၀၀ခန့်သော လူနာတွေကို ဆေးကုသမှုပေးနေရပါတယ်။ များသောအားဖြင့် ဆေးပေါင်းစပ်ကုသမှု ( Artemether - lumefantrine ) နဲ့ကုသပါတယ်။ ဆေးကုသမှု မှတ်တမ်းတွေမှာ ၊ အဏုဇီဝဗေဒနဲ့ ဓာတုကုသမှု ဂျာနယ်တွေမှာ အောက်တိုဘာ ၂၀၁၅ ကနေ ဖေဖော်ဝါရီ ၂၀၁၆ အတွင်းမှာ လူနာလေးယောက်ကို ကုသ၍ မရခဲ့ ကြောင်း ဖော်ပြလာကြပါတယ်။

သူတို့အားလုံးဟာ ပထမပိုင်းမှာ ဆေးကုသမှုကို တုန့်ပြန်တဲ့အတွက် ဆေးရုံက ဆင်းသွားပေမဲ့ တစ်လအကြာမှာ ရောဂါက ပြန်ကြွလာပြီး ဆေးရုံထပ်မံ တက်ရပါတယ်။ ရောဂါပိုး နမူနာတွေကိုတော့ Malaria Reference Laboratory မှာ စစ်ဆေးခဲ့ပါတယ်။ ကုသမှု ၄ ခု က မအောင်မြင်ခဲ့တာတော့ သိသာထင်ရှားပါတယ်။ တခြား ပုံနှိပ်ဖော်ပြထားတဲ့ အရေအတွက်တော့ မရှိသေးပါဘူး လို့ Dr Colin ကပြောပါတယ်။ ရှေ့ပြေးကုသမှုဆေးတွေကို ကပ်ပါးပိုးက ခုခံနိုင်ခြင်းက ဆေးပညာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

 " တစ်ခုခုတော့ပြောင်းလဲလာပါတယ် ။ ဒါပေမဲ့ လုံးဝပျက်စီးသွားတဲ့ ဘေးကျပ်နံကျပ်အခြေအနေတော့ မဟုတ်သေးပါဘူး ။ ကျွန်တော်တို့ အပြင်းအထန် လေ့လာဖို့ လိုနေပြီလို့ ပထမဆုံး သတိပေးခြင်းလို့ယူဆပါတယ် ။" Dr Sutherland က ထပ်မံပြောကြားပါတယ်။ လူနာ ၄ယောက်ထဲက ၂ယောက်က Uganda ကိုသွားပါတယ်။ တစ်ယောက်က Angeola ကိုသွားပြီး ကျန်တစ်ယောက်ကတော့ Liberia ကိုသွားခဲ့ခြင်းက ဆေးယဉ်ငှက်ဖျားဟာ ကျယ်ပြန်တဲ့ဒေသတွေကနေ ထွက်ပေါ်လာတယ်လို့ ယူဆကြပါတယ်။ ဆေးရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်စစ်ဆေးဖို့လည်း လိုအပ်နေပါတယ် ။ ငှက်ဖျားပိုး အသစ်တစ်မျိုးက ပျံ့ နှံ့တာ မဟုတ်ဘဲ ရှိနေတဲ့ ငှက်ဖျားပိုးကပဲ မတူညီတဲ့ တုန့်ပြန်မှု နဲ့ တုန့် ပြန်နေတာလို့ ဆိုပါတယ်။ ဒီ ဆေးယဉ်မှုဟာ အရှေ့တောင်အာရှမှာ တွေ့ရှိရတဲ့ ငှက်ဖျားဆေး ယဉ်ပါးမှုနဲ့လည်း မတူညီဘဲ သိသိသာသာ ကွဲပြားနေတယ်လို့ လည်း ဆိုပါတယ်။ UK က ဆရာဝန်တွေ အနေနဲ့ ဒီ ဆေး အလုပ်မလုပ်ဘူးလားဆိုတာ သတိထားရှိဖို့ လိုအပ်သလို အငြင်း ပွားဖွယ်ရာ ဆေးကုသမှု လမ်းညွှန်Guide Lineတွေကိုလည်း ပြန်လည် စစ်ဆေးကြည့်သင့်တယ်လို့ Dr Sutherland က ထပ်မံ အကြံပြုလာပါတယ်။

 လေ့လာမှုတွေ ထပ်လုပ်ဖို့လည်း လိုအပ်နေပြီး ဒါဟာ ကမ္ဘာတဝှမ်းလုံးရဲ့ ဆေးပညာရပ်ဝန်းကို သတိပေးချက်တစ်ခုလည်း ဖြစ်လာပါတယ်။ အလယ်အလတ်နဲ့ ဝင်ငွေ နိမ့်ကျတဲ့ တိုင်းပြည်တွေမှာလည်း ဒီလို ငှက်ဖျားဆေး ယဉ်ပါးမှုတွေ ရုတ်တရက် ဖြစ်လာတဲ့အခါကျရင် အစားထိုးဖို့ ဆေးအသစ်တွေကိုလည်း လိုအပ်နေပြီလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ် ။

ညီ (ဆေး ၂) Ref - bbc
Health Guide
https://www.facebook.com/mmhealthguid

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ