သွားနှင့် ခံတွင်း ကျန်းမာခြင်း
မိမိ၏သွားခံတွင် သွားများ သွားဖုံးများ နှင့် သွားခံအတွင်းရှိ မေးရိုးကြွက်သားနှင့် နာဗ့်ကြောများ ကောင်းမွန်နေချိန်တွင် နေ့ စဉ်စားသောက်ဝါးနေပေမဲ့ ကျန်းမာကောင်းမွန်နေခြင်းကြောင့် စားကောင်းခြင်းနှင့် အတူ နာကျင်ခံစားခြင်းလည်းကင်းဝေးစွာ စားသောက်နိုင်ကြပါသည် ။
သွားခံတွင်းရှိ သွားမကောင်းခြင်း ၊ သွားပိုးစားခြင်းနှင့် သွားဖုံးများ မကောင်းခြင်းတို့ ချိုးတဲ့လာပါက အစားသောက်ဝါးသည့်အခါ စားသည့်အခါတွင် နာကျင်ခံစားခြင်းများဖြစ်ပေါ်လာတက်ပါသည် ။ ဌင်း ခံတွင်း ကျန်းမာခြင်း အားနည်းလာခြင်းကြောင့် နာကျင်လာပါက နားထင်တွေ ကိုက်ခဲးလာခြင်း ၊ ခေါင်းမကြည့်ခြင်း ၊ မျက်ကြောများ ကိုက်ခဲးလာခြင်းအတူ နာကျင်ဝေဒနာများစွာခံစားဖြစ်ပေါ်လာပါသည် ။
သွားပိုးစားခြင်းကို ကလေးအငယ်များတွင် ဖြစ်များမှု့ များပြားပြီး အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် သွားဖုံးနှင့် ပတ်သက်သော ရောဂါများပိုမိုဖြစ်ပေါ်လာနိုင်ပါသည် ။ နောက်ဆက်တွဲအနေဖြင့် သွားဖုံး ကျန်းမာရေး အားနည်းလာခြင်းကြောင့် သွားများနှုတ်ပစ်ရခြင်း သွားများကျိုးလွယ်ပြီး မိမိသွားများ ဆုံးရှုံးစေနိုင်ပါသည် ။
သွားခံတွင်းကျန်းမာမှု့ အားနည်း ဝေဒနာများဖြစ်ပေါ်လာနိုင်ခြင်းများအချို့ မှာ အဟာရဓာတ်ချိုးတဲ့ခြင်း ၊ တစ်ဖက်တည်းကိုသာ ကြိတ်ခါဝါးစားတက်ခြင်း ၊ မျိုးရိုးလိုက်ခြင်းနှင့် ဆီးချိုးဝေဒနာဖြစ်သူများဖြစ်ပါသည် ။
မိမိသွားခံတွင်းအတွက် ကောင်းမွန်စေရန် အလေ့အကျင့်များဖြင့် ကြိုတင်ကာကွယ်သင့်ပါသည် ။
မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်သန့် ရှင်းခြင်း (သွားတိုက်ပြီးပါက သွားတိုက်ဆေးများ ကုန်စင်အောင်ပလုပ်မကျင်းပါက ဖလိုရိုက်ပါဝင်သောကြောင့် သွားပိုးစားမဖြစ်ပေါ်စေရန်အတွက် ပိုကောင်းစေပါသည် ) ၊
ကျန်းမာရေးအတွက် အကျိုးများသည့် အစာအစားများကို ညီညွတ်မျှစွာ စားသုံးခြင်း ၊
အစာအစားစားသောက်ပြီးတိုင်း ရေဖြင့် စားကြွင်းအကျန်များ ကင်းစင်အောင်ထိ ပလုပ်ကျင်းခြင်း ၊
သွားကြားအတွင်ညပ်နေသောအစာများကို သွားကြားထိုးတံသုံးခြင်းအစား သွားပွတ်ကြိုးဖြင့် ရှင်းလင်းဖယ်ရှာခြင်း ၊
ဆေးလိပ်သောက်ပါက ဆေးလိပ်သောက်ခြင်းကို လျှော့ချခြင်း ၊
အအေးလွန်သောရေများ သောက်သုံးခြင်း နှင့်အချိုလွန်ကဲသော အအေးများ ဖျော်ရည်များ သောက်သုံးခြင်းကို ရှောင်ရှာခြင်း ၊
သွားဖုံများ ကောင်းမွန်စေရန် ဆားအနည်းငယ်ထည့်ထားသော ရေနွေးကို ခဏတာငုံပေးထားပြီး ပလုပ်ကျင်းခါ ပြန်ထွေးထုတ်ပေးခြင်း၊
အချိုရည် သကြားများသော အရည်များကို ခံတွင်းတွင် မြုံပြီး အချိန်ကြာကြာထားခါ သောက်သုံးတက်ခြင်းကို ရှောင်ရှာခြင်းတို့ ဖြစ်ပါသည် ။
မိမိစားသုံးသည့် အစာအစားကြောင့် နှင့် သွားဖုံရောင်ရမ်းခြင်း သွားဖုံးကြွခြင်းကြောင့် နာကျင်ခံစားဖြစ်ပေါ်လာပါက နာကျင်နေသည့် နေရာများကို လျှာဖြင့်ထိုးခြင်းမလုပ်ရပါ ။ခဏခဏလျှာဖြင့်ထိုးခြင်းမျိုးကြောင့် ရောင်ရမ်းခြင်းဖြစ်နေသည့်အတွက် ဌင်းနေ၇ာ ပိုးဝင်ခါ သွားဖုံးပြည်တည်ခြင်းဖြစ်ပေါ်လာနိုင်သည့်အတွက်ဖြစ်ပါသည် ။
နာကျင်သက်သာစေနိုင်သည်မှာ ရေနွေးဖြင့် ငုံခါ ပလုပ်ကျင်းကျင်းပေးခြင်း ပြု့ လုပ်ပါက နာကျင် သက်သာ ပျောက်ကင်းစေပါသည် ။
မိမိသွားတွင် သွားပိုးစားနေခြင်းကြောင့် သွားပေါက်နေရာတွင် အစာစားပြီး တိုင်း အစားများဝင်ခါ ခဏခဏ နာကျင်ဖြစ်ပေါ်နေပြီး သွားပိုးပေါက်ကို သတိထားလာမိလာပါက သွားဘက်ဆိုင်ရာတွင် ကြိုတင်စစ်ဆေးပြီး ကုသမှု့ ခံယူသင့်ပါသည်။HN
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin