ကော်ဖီသောက်ခြင်းဟာ စောစီးစွာ သေဆုံးနိုင်ချေ နည်းစေ




တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်သုံးခြင်းဟာ သင့်ကို ရင် တထင့်ထင့် ဖြစ်နေစေမှာပါ။ ဒါပေမယ် လည်း ဒီအမူအကျင့်ဟာ သင့်ရဲ့ ဘ၀ ကိုကယ်တင်ပေးနိုင်ပါတယ်။

လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်တာကတော့ ကော်ဖီ ပုံမှန် သောက်သုံးသူတွေဟာ ကော်ဖီ မသောက်တတ်သူတွေထက်စာရင် နှလုံးရောဂါ ၊ ဆီးချို သွေးချို ရောဂါ တို့ ကြောင့် သေဆုံးနိုင်ချေ နည်းတယ်ဆိုတာပါပဲ။ ဖြည့်စွက်ပြောရမယ်ဆိုရင်တော့ တစ်နေ့ကို ကော်ဖီ ၄ ခွက် (သို့) ၅ ခွက် သောက်သုံးခြင်းဟာ စောစီးစွာ သေဆုံးနိုင်ချေ နည်းစေတယ်ဆိုတာကိုလည်း လေ့လာမှု က ရှာဖွေတွေ့ ရှိခဲ့ပါသေးတယ်။

ကော်ဖီသောက်သုံးသူတွေဟာ  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ၊ ဆီးချိုသွေးချို ၊ နျူမိုးနီးယား ၊ တုပ်ကွေး ၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း စတဲ့ စောစီးစွာ သေဆုံးစေမှုတွေကိုလည်း ဖြစ်နိုင်ချေ နည်းပါးသွားစေပါတယ်။ "ကော်ဖီဟာ ဇီဝဗေဒ သဘောအရ လှုပ်ရှားမှုပြုနိုင်တဲ့ ကွန်ပေါင်းတွေဖြစ်တဲ့ ဖီနောလစ် အက်ဆစ် ၊ ပိုတက်ဆီယမ် နဲ့ ကဖိန်း တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။" လို့ အမျိုးသားကင်ဆာဌာန ရဲ့  ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Erikka Loftfield က ဆိုပါတယ်။

သုတေသီတွေဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ကင်ဆာရောဂါမရှိတဲ့ လူဦးရေ ၉၀၃၁၇ ယောက်တို့ရဲ့  ကဖိန်းမှီဝဲမှု နဲ့ အခြား ကျန်းမာရေး အချက်အလက်တွေကို ရယူပြီး ဒီသုတေသန ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာမှုကိုတော့ American Journal of Epidemiology မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ