ဇီကာဗိုင်းရပ်ကြောင့် အာရုံကြောပြဿနာများဖြစ်ပွားရသည့်အကြောင်းရင်းကို တွေ့ ရှိရန်နီးစပ်


ဇီကာဗိုင်းရပ်ကူးစက်ခံရပြီး ဆေးကုသမှုခံယူပြီးနောက် သွေးလည်ပတ်မှုစနစ်မှ ပျောက်ကွယ်သွားသော် လည်း ရောဂါခုခံသည့်ဆဲလ်များကိုမွေးထုတ်ပေးသည့် တစ်ရှူးများ၏ ထိပ်တွင်တွယ်ကပ်ခိုအောင်းနေလေ့ ရှိသည့်အပြင် ဗဟိုအာရုံကြောစနစ်တွင်လည်း ထိုးဖောက်ဝင်ရောက်ပုန်းအောင်းနေနိုင်သည်ကို မျောက် များတွင် စမ်းသပ်တွေ့ ရှိရပြီးနောက် ဇီကာဗိုင်းရပ်ကြောင့် လူကြီးလူငယ်မရွေး အာရုံကြောပြဿနာများ ခံစားရသည့်အကြောင်းရင်းကို တွေ့ ရှိရန်နီးစပ်လာပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ပေါ့တလန် ပြည်နယ်၊ အိုရီဂွန်ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ သုတေသီ Dan Streblow က ပြောပြသည်။ဇီကာက အပုန်းကောင်းတဲ့ဗိုင်းရပ်အမျိုးအစားဖြစ်ပါတယ်။ ထင်ထားတာထက်လည်းပိုပြီး ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေထိုင်နိုင်တာကိုတွေ့ ရပါတယ်။ မျောက်တွေနဲ့ စမ်းသပ်မှုမှာ သူတို့ ရဲ့ မျိုးပွားအရည်စီးဆင်းရာ လမ်းကြောင်းတလျှောက်နဲ့  အာရုံကြောစနစ်တွေမှာ ခိုအောင်းနေနိုင်တာကိုတွေ့ ရပြီး လူတွေမှာလည်း သုက်ရည်မှာ ဒီဗိုင်းရပ်ကိုတွေ့ ရတဲ့အတွက် လူနဲ့ မျောက်မှာ ရောဂါကူးစက်ပုံ၊ ဗိုင်းရပ်ပုန်းလျှိုးခိုအောင်းပုံ နဲ့  အာရုံကြောစနစ်တွေကို ဒုက္ခပေးပုံခြင်း နီးစပ်တူညီတာကို တွေ့ ရပါတယ်ဟု သုတေသီ Streblow က ပြောပြသည်။

ဒီတွေ့ ရှိချက်အရ ဇီကာဗိုင်းရပ်က ဗဟိုအာရုံကြောစနစ်ကို ဘယ်လိုကြောင့် ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အဖြေ ကို အနီးစပ်ဆုံး ဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ သို့ သော် အာရုံကြောစနစ်နဲ့  တစ်ရှူးတွေရဲ့ ထိပ်မှာ ပုန်းအောင်းနေပြီး ဘယ်လိုအဆင့်ဆင့် ဖျက်ဆီးမှုတွေလုပ်တယ်ဆိုတာကို ကျွန်တော်တို့  ဆက်လက် လေ့လာရပါဦးမယ်။ ဒီလျှို့ ဝှက်ချက်ကိုဖော်ထုတ်နိုင်ရင် ကလေးတွေ ဦးနှောက်ကျုံ့ တာ၊ အာရုံကြော ပြဿနာတွေဖြစ်တာ အပြင် အခြားသော ဇီကဗိုင်းရပ်ဆက်စပ် ကျန်းမာရေးပြဿနာ အတော်များများကို ထိရောက်စွာကုသနိုင်မယ့်နည်းလမ်းတစ်ခု ထွက်ပေါ်လာနိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။
ဇီကာဗိုင်းရပ်သည် ကူးစက်ပြီးနောက် ၁၀ ရက်ခန့် အကြာတွင် သွေးလည်ပတ်မှုစနစ်မှ ပျောက်ကွယ်သွား လေ့ရျိကြောင်း၊ သို့ သော် ဦးနှောက်ထဲသို့ စီးဆင်းသည့် Cerebrospinal အရည်တွင် ၄၂ ရက်၊ တစ်ရှူးများ ထိပ်တွင် ၇၂ ရက် ရှင်သန်နေထိုင်နိုင်ပြန်သည်ကိုတွေ့ ရကြောင်း၊ ပဋိဇီဝဆေးများသည် ၄င်းနေရာများ အထိ ဇီကာဗိုင်းရပ်ကို လိုက်လံရှာဖွေသုတ်သင်ခြင်း မပြုနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ