သင်္ကြန်ပျော်မောင်မယ်များတွက် အရက်နာအကြောင်းသိကောင်းစရာ


အတာသင်္ကြန်မှာရေကစားရင်း ပျော်ချင်ကြလို့  ကချင်ကြတယ် ခုန်ချင်ကြတယ်လေ အဲဒီစိတ်တွေနဲ့ အတူ အရက်လေးတွေသောက် ချမ်းလာလို့ ထပ်သောက် ပျော်ချင်လို့ သောက်သောက် သောက်လိုက်သည့်အရက်များများလာသည့်အခါမှာ အမူးလွန် အော့အန်ပြီး မကနိုင် မလည်နိုင် တွေ့ သည့်နေရာတွင်အိပ်စက်ကြပါတယ် ။ အချိန်ကြာကြာအိပ်စက်ပေမဲ့ မူးနေခြင်းကြောင့် အိပ်စက်မူ့ သည့် ကျန်းမာရေးအတွက်ထိခိုက်လာသည့် အရက်နာကျခြင်း ဖြစ်လာပါတော့သည် ။

ယနေ့ ခေတ်တွင် အရက်တစ်မျိုးတည်း မဟုတ်တော့ဘဲ မူးယစ်ဆေးပြားများ တွင်တွင်ကျယ်ကျယ်ရောင်းချ သုံးစွဲပျော်ပါးလာနေကြသည့် သင်္ကြန်မောင်မယ်တွေများလာပါတယ် ။

ပိုဆိုးလာနေသည့်က အမျိုးသမီးလေးများပင်ဖြစ်ပါသည် မူးဝေပြီးနောက် အခန်းရောက် ရီဝေအိပ်စက် ဘဝပျက်ခဲ့ကြတာတွေ မနည်းတော့ပါ ။

အရေးကြီးသည့်အချက်က အမူးလွန်ပြီး အန်သည့်အခါ အန်ဖတ်ဆို့ ပြီး အသက်ရှူလမ်းကြောင်းပိတ် နုလုံးရပ်ပြီး အပျော်နောက် အပျက်ဖြစ်တက်ပါတယ် ။

အရက်နာကျတယ်ဆိုတာ အရက်တွင် ပါဝင်သော အယ်လ်ကိုးဟောဓာတ်သည် သာမန်ထက် ဆီးပိုမိုသွားစေခြင်းကြောင့် ရေဓာတ်ကုန်ခမ်းလွယ်ပါတယ် ။ ရေဓာတ်ခမ်းခြောက်ခြင်းနှင့်အတူ ဗိုက်တာမင်ဓာတ်တွေပါ ဆုံးရှုံးခြင်းကြောင့် ခေါင်းတွေကိုက်ခဲနေခြင်း ၊ အားအင်ကုန်ခမ်းသလို့ နုံးနေခြင်း နှင့် ရေ အစားအစာစားလိုက်ပါက ပြန်လည်အန်ထွက်ခြင်းတို့ ဖြစ်ပါသည် ။

အရက်နာကျနေသည့်အချိန်တွင် ကဖင်းဓာတ်များသော ကော်ဖီတို့ အချိုရည်တို့  သောက်သုံးခြင်း မပြု့ ရပါ ပိုမိုပြီးခေါင်းကိုက်ခြင်းဖြစ်ပေါ်စေပါတယ် ။

အရက်နာကျတာ ဖြေလိုက်ရင်ရပါတယ်ဆိုပြီး ထပ်မံအရက်သောက်ခြင်းမျိုးလည်း မလုပ်ဆောင်သင့်ပါ အဲဒီလို မသောက်ဘဲ တစ်ရက်တာအချိန်ကို ကောင်းကောင်းအနားယူလိုက်ပါ ။

အရက်နာမကျအောင် အရက်သောက်သည့်အခါတွင် ရေများများနှင့်သောက်ပေးသင့်ပါတယ် ရေမပါဘဲ သောက်သုံးခြင်းလုံးဝ မပြု့ လုပ်ပါနဲ့ ။ အရက်သောက်ပြီး အစားသောက်အနည်းပါတွဲစားပေးသင့်သလို့ အချိန်အားဖြင့် မိနစ်သုံးဆယ်နီးပါကြာမှသာ နောက်တစ်ခွက်သောက်သုံးသင့်ပါသည် ။

အရက်သောက်ပေမဲ့ နောက်ရက်အတွက် ခေါင်းကိုက်ခြင်း မရှိစေရန်အတွက် တစ်နာရီကျော်ကျော်အချိန်ကြာကြာထိ ဆက်လက်မသောက်သုံးဘဲ အိပ်ချိန်ေ၇ာက်သည့်အခါတွင် အစားသောက်အနည်းငယ်စားသောက်ပြီး ပါရာစီတမောလ် တစ်လုံးကို ရေများများဖြင့် သောက်အိပ်လိုက်ပါ ။ နောက်နေ့ တွက် ခေါင်းကိုက်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်လိုက်ခြင်း ဖြစ်ပါတယ် ။

အရက်နာကျနေသူအတွက် အကောင်းဆုံး အစားအစာများမှာ အားလူးကြော် ၊ နွားနို့  ၊ ဌက်ပျောသီး ၊
ကြက်ဥတို့ ကို မဖြစ်မနေ စားပေးပါ ။

အကောင်းဆုံးနည်းလည်းရှိပါတယ် အဲဒီလို အရက်နာကျခြင်း မဖြစ်အောင် ယမကာအရက်များ မသောက်သုံးခြင်းသည့် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါကြောင့် သင်္ကြန်ရေကစား မောင်မယ်များကို အကြံပြု့ လို့ ပါသည် ။

သင်္ကြန်ပျော်မောင်မယ်များ ဘေးရန်တွေ ကင်းဝေး ပျော်ရွင်နိုင်ကြပါစေလို့  ဆုမွန်ပြု့ ရင်း အသက်ရာကျော် ရှည်ကြပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ