သင် ကူညီဆောင်ရွက်ပေးနိုင်ပါသည်


ယခုရက်ပိုင်းမှ စတင်ခါ ဥတူပူပြင်း နေ့အပူရှိန်မြင့်တက်လာနေပါပြီး ဒါကြောင့် ဥတုအပူပြင်းထန်နေသည့် အတွက် ဌင်းအပူရှိန်ကြောင့် လူတွေမှာ အပူရှပ် heat stroke ခံစားဖြစ်ပေါ်လာတက်ပါသည်။ သင့်အနေဖြင့် heat stroke ဖြစ်ပေါ်လာမှု့တွေ့ ကြုံလာပါက လူအသက်တစ်ချောင်းကို မွန်မြတ်သော စိတ်ထားဖြင့် အောက်ပါအတိုင်း သင် ကူညီဆောင်ရွက်ပေးနိုင်ပါသည် ။
(၁) လူနာတစ်ယောက်ကို ဦးစွာ အရိပ်ရှိသောနေရာတစ်နေကို ဖြေးညင်းစွာ ရွေ့ ထားပေးပါ ။
(၂) လူနာ၏ ဦးခေါင်းကို မနိမ့် အမြင့် အနေအထားဖြစ်အောင် ထားပေးပါ ။
(၃) လှဲနေသော လူနာခြေထောက်ကို အနည်းငယ် မြှောက်တင်ပေးထားပါ ။
(၄) အေးသော ရေဝတ်တစ်ခုအဖြစ်ရအောင် ရေစွတ်ပြီး လူနာခန္ဓာကိုယ်ကို တိုက်ပေးပါ ။
အဓိကအပူကို လျော့ချစေသည့် အတွက်ဖြစ်ပါသည် ။
(၅) ကြွက်တက်နေပါက ဖြေးညင်းစွာ နှိပ်ပေးလိုက်ပါ ။
(၆) အနီးအနားမှာ ဓာတ်ဆားရည် ဝယ်လို့ ရပါက ဖျော်ပြီး သောက်နိုင်သည့် အနေအထားဖြစ်ပါက နည်းနည်းခြင်း တိုက်ပေးပါ ။

သောက်နိုင်ခြင်း မရှိ အန်နေပါက အမြန်ဆုံး နီးစပ်ရာ ဆေးရုံး ဆေးခန်းကို အလျင်အမြန် ရောက်အောင် ပို့ ဆောင်ပေးပါ ။
အဲလိုဖြစ်နေချိန်တွင် လူအများကဘာဖြစ်တာလဲဆိုပြီး ဝိုင်းအုံကြည့်တက်ကြပါတယ် ။ ဝိုင်းအုံကြည့်မနေဘဲ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပါ ။ လူနာကို အမြန်ဆုံး ဆေးရုံ ဆေးခန်းရောက်အောင် သင် တက်နိုင်သောအနေအထားဖြင့် ကူညီမှု့ ပေးပေးပါ ။
သင်သည် ရခဲးသော လူသားတစ်ယောက်၏ အသက်ကို ကယ်တင်လိုက်ခြင်းသည့် မွန်မြတ်သောလူသားစိတ်ရှိသည့် အပြင် အလွန်ထူးကဲ့သော ကုသိုလ်တစ်ခုလည်းဖြစ်သလို
သင်စိတ်တွင်လည်း ကူညီပေးလိုက်ရသည့် အတွက်ပင် အတိုင်းမသိ ကြည်နူးနေမှာ အမှန်ပင် ဖြစ်နေပါလိမ့်မည် ။

တင်ပြချက်များသည့် အပူကြောင့် ခံစားဖြစ်ပေါ်နေသော လူနာတစ်ယောက်ကို ဆေးရုံး ဆေးခန်း မရောက်ခင် အရေးပေါ် ပြု့ စု ဆောင်ရွက်ပေးနိုင်သည့် လွယ်ကူသောအချက်များပင် ဖြစ်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ