စိုးရိမ်မှုလွန်ကဲသည့်စိတ်ဝေဒနာကို အသက်ဖြည်းဖြည်းရှုပေးခြင်းဖြင့် သက်သာစေနိုင်။


အရွယ်ရောက်သူများတွင် စိုးရိမ်မှုလွန်ကဲသည့်စိတ်ဝေဒနာကို အသက်ဖြည်းဖြည်းရှူသည့်အလေ့အကျင့် လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်မည်ဖြစ်ပြီး မွေးကင်းစကလေးသူငယ်များ အိပ်ပျော်နေစဉ် သေဆုံးသွား လေ့ရှိသည့် SIDS ဝေဒနာကိုလည်း ကုစားပေးနိုင်သည်ကိုတွေ့ ရှိရကြောင်း အမေရိကန်ပြည် ထောင်စု၊ UCLA တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင်များက ပြောသည်။

လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ တို့ တွင် အသက်ကိုဖြည်းဖြည်းခြင်း အပြည့်အ၀ရှူပေးသည့်အခါ ဆဲလ်များ အကြား ဆက်သွယ်မှုအား ပိုကောင်းလာလေ့ရှိပြီး စိတ်ခံစားမှုနှင့်လှုပ်ရှားမှုအ၀၀အပေါ် အကျိုးသက် ရောက်မှုရှိသည်ကိုတွေ့ ရကြောင်း၊ ဦးနှောက်၏ နက်ရှိုင်းလှသောနေရာတွင် အသက်ရှူခြင်းကို ထိန်းချုပ် ပေးသည့် ပင်စည်ဆဲလ်များရှိကြောင်း၊ အသက်ကို ဖြည်းဖြည်းနှင့်ပြည့်ပြည့်၀၀ ရှူပေးသည့်အခါ ၄င်း ပင်စည်ဆဲလ်များအတွင်း၌လည်း အခြေအနေမှာတိုးတက်ကောင်းမွန်လာပြီး ကိုယ်စိတ်ခန္ဓာကို တည်ငြိမ် အေးချမ်းစေနိုင်သည့် အကျိုးသက်ရောက်မှုကိုတွေ့ ရှိရခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင် Jack Feldman က ပြောပြသည်။

ဦးနှောက်၏ နက်ရှိုင်းပင်စည်ဆဲလ်များအကြား ဆက်သွယ်မှုအားကောင်းလာခြင်းနှင့် ကိုယ်စိတ်ခန္ဓာ တည် ငြိမ်အေးချမ်းခြင်းတို့ ဆက်နွယ်နေကြောင်း၊ ထို့ ကြောင်း တရားရှုမှတ်သူများတွင် တည်ငြိမ်အေးချမ်းသည့် အသွင်ကိုမြင်ရခြင်းဖြစ်ကြောင်း၊ အဓိကသော့ချက်မှာ အသက်ကို အတတ်နိုင်ဆုံး ဖြည်းဖြည်းချင်းရှူပေး ခြင်း ဖြစ်ကြောင်း၊ ၄င်း နက်ရှိုင်းပင်စည်ဆဲလ်များအကြား ကူးယှက်ဆက်နွယ်ယမှုမတည်ငြိမ်လျင် စိတ်ဖိ စီးမှုကိုခံစားရနိုင်ပြီး မွေးကင်းစကလေးသူငယ်များတွင်လည်း အိပ်ပျော်နေချိန်အတွင်း အမျိုးအမည်မသိ သောဝေဒနာဖြင့် သေဆုံးလေ့ရှိသည့် SIDS ဝေဒနာကိုလည်း သက်သာစေနိုင်မည်ဟု သုတေသီများက ယူဆသည်။

စိတ်သိပ်လှုပ်ရှားသွားရင် မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်ပြီး အသက်ကိုအ၀ရှူလိုက်ပြီးတဲ့နောက် ပြန်ပြီး တည်ငြိမ်သွားတာကို ရုပ်ရှင်တွေထဲမှာ မကြာခဏတွေ့ ဖူးကြမှာပါ။ သရုပ်ဆောင်တယ်ဆိုပေမယ့်လည်း အပြင်လောကမှာ အမှန်တစ်ကယ်အကျိုးသက်ရောက်မှုရှိတာကို လုပ်ပြခြင်းဖြစ်ပါတယ်။ အသက်ကို အပြည့်အ၀ ၃ ကြိမ်လောက်ရှူပေးခြင်းဟာ ယောက်ယက်ခတ်နေတဲ့စိတ်အလျင်ကို တစ်ကယ်ပဲ တည်ငြိမ် သွားစေနိုင်ပါတယ်ဟု Feldman က ဆက်လက်ပြောပြသည်။

အသက် တစ်နှစ်အောက် ကလေးငယ်များတွင် အိပ်ပျော်နေချိန်အတွင်း သေဆုံးသည့် SIDS ဝေဒနာ ဖြစ်ပွားလေ့ရှိကြောင်း၊ အကြောင်းရင်းကိုရှာမရသည်ကဲ့သို့  ရောဂါအမျိုးအမည်ကိုလည်း ရှာမရကြောင်း၊ အသက်ရှူမြန်လွန်းခြင်းကြောင့်ဖြစ်နိုင်ပြီး မွေးကင်းစကလေးငယ်များကို အိပ်နေစဉ် အသက်ပုံမှန်ရှူနိုင် အောင် ခန္ဓာကိုယ်အနေအထားပြုပြင်ပေးရန် အရေးကြီးကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ