အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာများဆိုင်ရာ နှိုးဆော်ချက်


နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု ပိုမိုများပြားတတ်ပါသည်။ ပြည်သူ လူထုအနေဖြင့် အပူဒဏ်ကြောင့်ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာ များတွေ့ရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သိရှိလိုက်နာနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစား ရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။
- ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချည့်ခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း
ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။
- အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း
အဆိုပါလက္ခဏာများခံစားရပါက ဦးစွာဆောင်ရွက်ရန်-
(၁) အရိပ်ရ၍အေးမြသော၊ လေဝင်လေထွက်ကောင်းသော နေရာသို့ ပြောင်းရွှေ့ထားပါ။
(၂) ရေနှင့်ဓာတ်ဆားရည်များကို တိုက်ကျွေးပါ။
(၃) ရေအေးပတ်တိုက်ပါ။ (နဖူး၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့ကို ရေအေးပတ်ရွှဲရွှဲတိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ် တွင် အပူချိန်အမြန်ကျစေပါသည်။)
နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ပေးပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ