ကြက်ဥနှင့် ကျန်းမာရေး


''ကျန်းမာရေးအစ စားဖိုဆောင်က''ဟူသော စကားရှိသည်။ အိမ်ရှင်မများအတွက် လက်တစ်ကမ်းလွယ်လင့် တကူ ရရှိနိုင်သော ဟင်းလျာများထဲတွင် ကြက်ဥသည် တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါကြက်ဥသည် သင့်လျော်သောဈေးနှုန်းဖြင့် မြင့်မားသည့်အာဟာရတန်ဖိုးကို ရရှိနိုင်သောအစားအစာလည်းဖြစ်သည်။ ချက်ပြုတ်ရန် လွယ် ကူသည့် အပြင် မိမိကြိုက်နှစ်သက်ရာပုံစံမျိုးဖြင့် စားသောက်နိုင်သော အစားအစာ တစ်မျိုးပင်ဖြစ် သည်။ထို့ကြောင့် ကြက်ဥနှင့်ပတ်သက်၍ လေ့လာထားသမျှ အချက် အလက် များကို ရေးသားလိုက်ရပါ သည်။

ကြက်ဥတွင်ပါဝင်သောအာဟာရများအလယ်အလတ်အရွယ်အစားရှိသော ကြက်ဥတစ်လုံးမှာ ၄၄ ဂရမ် အလေးချိန်ရှိ သည်။ အဆိုပါကြက်ဥတစ်လုံးကို စားသုံးခြင်းဖြင့် ၇၄ ဒသမ ၈ ကီလိုကယ်လိုရီ၊ ကစီဓာတ် သု ည ဒသမ ၄ ဂရမ်၊ ပရိုတင်းဓာတ်၅ ဒသမ ၈ ဂရမ်နှင့် အဆီဓာတ် ၅ ဒသမ ၇ ဂရမ်အသီးသီး ရရှိနိုင်သည် ။ ထို့ပြင် ဗီတာမင်အေ ၂၁၈ျွန၊ ဗီတာမင် ဘီ-၁ ဓာတ် သုည ဒသမ ၁ မီလီဂရမ်၊ ဗီတာမင် ဘီ-၂ ဓာတ် သုည ဒသမ ဝ၆၅ မီလီဂရမ်၊ ငြခေငည သုည ဒသမ ဝ၄ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၉ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၇ မီလီဂရမ်နှင့် ဖော့စ်ဖရပ်စ် ၄၄ မီလီဂရမ်တို့လည်းပါဝင်ကြသည်။

အဆီဓာတ်အများစုမှာကြက်ဥအနှစ်အတွင်း ကိန်းအောင်းလျက်ရှိသည်။ ထို့ပြင် ကြက်ဥအနှစ်အတွင်း၌ Choline ဓာတ် ၃ဝဝ မီလီဂရမ်ပါဝင်သည့်အပြင် antioxidant များဖြစ်ကြသော antioxidant နှင့် Lutein ဓာတ်နှစ်မျိုးလည်းပါဝင်သေးသည်။ကြက်ဥနှင့်ကျန်းမာရေးကြက်ဥစားသုံးခြင်းကြောင့် ကျန်းမာရေး အတွက်အောက်ဖော်ပြ ပါ ကောင်း ကျိုးများကို ရရှိစေနိုင်သည်။

မှတ်Óဏ်ကောင်းစေသည်။ ကြက်ဥအနှစ်တွင်ပါဝင်သော Choline ဓာတ်သည် ဦးနှောက်၏လုပ်ငန်း ဆောင်တာများကို ပိုမိုကောင်းမွန်စေပြီးမှတ်ဥာဏ်တိုးတက်စေသည်။ ထို့ပြင် အသက်အရွယ်ကြီးရင့်လာ သော အခါ သူငယ်ပြန်သည့်ရောဂါ၊ မှတ်ဥာဏ်ချို့ယွင်းသည့်ရောဂါများ ဖြစ်ပွားမှုမှကာကွယ်တားဆီးနိုင် သည် ဟုဆိုသည်။

ထို့ပြင် ကြက်ဥတွင်ပါဝင်သော Selenium သည် စိတ်ဖိစီးမှုနှင့် ပူပင်သောကများပြားမှုများကို လျော့နည်း စေနိုင်သည်။

မျက်စိအမြင်ကိုကြည်လင်စေသည်။ ကြက်ဥကိုပုံမှန်စားသုံးခြင်းဖြင့် အသက်အရွယ်ကြီးရင့်လာသောအခါ မျက်စိ အတွင်းတိမ်ရောဂါနှင့် Maculardegeneration ဟုခေါ်သော အလယ်ဗဟိုရှိ အရာဝတ္ထုများကို ရှုမြင်နိုင်သည့် မျက်စိအမြင်လွှာပျက်စီးခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ ထိုသို့ကာကွယ်ပေးသည်မှာ ကြက်ဥ အနှစ်တွင်ပါ ဝင်သော anti-oxidant များဖြစ်ကြသည့် anti-oxidant နှင Lutein တို့ဖြစ်သည်။။ ထို့ပြင် ကြက်ဥ၌ ဗီတာမင်အေဓာတ်လည်းပါဝင်သောကြောင့် ဗီတာ မင်အေ ချို့တဲ့ လျှင်ဖြစ် တတ်သည့် မျက်စိ ကွယ်ခြင်း ဘေးရန်မှကာကွယ်ပေးနိုင်သည်။

ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ ကြက်ဥတွင်ပါဝင်သော ဗီတာမင်အေ၊ ဗီတာမင်ဘီ-၁၂၊ ဗီတာ မင်ဒီနှင့် Selenium တို့သည် ကိုယ်ခန္ဓာ၏ကိုယ်ခံ အားစနစ် ကို မြှင့်တင်ပေးနိုင်သဖြင့် ဗက်တီးရီး ယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးမွှားများ ကူးစက်ခံရမှုမှ ကာကွယ်ပေးသည်။

အရိုးနှင့်သွားများကို ခိုင်ခံ့သန်မာစေသည်။ ကြက်ဥတွင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဓာတ်တို့မြောက် မြားစွာပါ ဝင်သောကြောင့် အရိုးပွရောဂါကို ကာကွယ်တား ဆီးပေးနိုင် သည်။ သွားများကိုပိုမိုခိုင်ခံ့စေနိုင်သည်။ကြွက်သားများကိုသန်မာစေသည်။

လိုအပ်သောပရိုတင်းဓာတ်များဖြစ်သည့် အမိုင်နိုအက်စစ် ၁၁ မျိုးကို ကိုယ်ခန္ဓာ အတွင်းမှ ထုတ်လုပ်ပေးနိုင်သည်။ သို့ရာတွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော်လည်း ထုတ်လုပ်နိုင်ခြင်းမရှိဘဲ အပြင် ဘက်မှ ဖြည့်ဆည်းပေးရသည့် ပရိုတင်းဓာတ်အမိုင်နိုအက်စစ်ကိုးမျိုးရှိသည်။ ၎င်းတို့ကို မရှိမဖြစ်လိုအပ်သော အမိုင်နို အက်စစ်များ ဟုခေါ်သည်။

ကြက်ဥတွင် ၎င်းပရိုတင်းဓာတ်ကိုးမျိုးမှာ အချိုးအစားမှန်ကန်စွာ ပါဝင်နေသောကြောင့် ကြက်ဥ စား သုံးခြင်းဖြင့် ကြွက်သားများကိုသန်မာစေသည်။ ထို့ပြင် အဝလွန်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရိုးများ သန် မာမှုကို အထောက်အကူပြုခြင်းစသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများကိုရရှိစေနိုင်သည်။

နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းတို့ကိုကာကွယ်ပေးသည်။ ကြက်ဥအနှစ်တွင်ပါဝင်သော အဆီ ဓာတ်၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများကို ကျယ်ပြန့်စွာ လေ့လာသုတေသနပြုထားကြသည်။ ကြက်ဥ

အနှစ် စားလျှင် သွေးထဲတွင် အဆီဓာတ်များပြားစေ ကာနှလုံးသွေးကြောကျဉ်းသည့်ရောဂါ ဖြစ်နိုင်ခြေရှိ သည် ဟုနှစ်ပေါင်းများစွာယူဆခဲ့ကြသည်။ သို့ရာတွင် နောက်ဆုံး သုတေသနပြုလုပ်တွေ့ရှိချက်များအရ ကြက်ဥ တစ်လုံးတွင် အကြမ်းဖျင်းအားဖြင့်အဆီဓာတ် ၅ ဒသမ ၇ ဂရမ်ခန့် ပါဝင်သည့်အနက် နှလုံးသွေးကြော ကျဉ်းသည့်ရောဂါ ကိုဖြစ်စေသော ပြည့်ဝဆီမှာ ၁ ဒသမ ၅ ဂရမ်သာပါဝင်ကြောင်း သိရှိရသည်။ ကျန်သည့် ၄ ဒသမ ၂ဂရမ်မှာ မပြည့်ဝဆီများနှင့် ကျန်းမာရေးကိုအထောက်အကူပြုသော အိုမီဂါ-၃ အဆီ ဓာတ်များဖြစ်နေကြသည်။ ထို့ပြင် ကြက်ဥအနှစ်စားသုံးသူများ၏ သွေးထဲတွင် မကောင်း သည့် အဆီ ဓာတ်မြင့်တက်လာခြင်းမရှိသည်ကိုတွေ့ရှိရရုံမျှမက နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်ပွားမှုကို အကာ အကွယ် ပေးသည့် HDLခေါ် ကောင်းသည့် အဆီဓာတ်များပြားလာသည် ကိုပင် တွေ့ရှိကြရသည်။ ကြက်ဥ စားသုံးသူပေါင်း ၂၆၃၉၃၈ ဦးကိုလေ့လာထားသည့် သုတေသန ၁၇ ခုများအရ ကြက်ဥစားသုံးမှုနှင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ လေသင်တုန်းဖြတ်သည့်ရောဂါတို့ ဆက်စပ်မှုမရှိကြောင်း အခိုင်အမာ တွေ့ရှိ ထားပေသည်။ ထို့ကြောင့်လည်း အမေရိကန်ပြည်ထောင်စုတွင်၂ဝ၁၅ ခုနှစ်မှစတင်၍ ကြက်ဥကို သွေး အတွင်းအဆီဓာတ်များစေသော အစား အစာများ စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ ထို့ပြင် ကြက်ဥအနှစ်တွင် ပါဝင် သော Choline ဓာတ်သည် သွေးထဲတွင်နှလုံးနှင့်ဦးနှောက်သွေးကြောများကို ကျဉ်းစေတတ် သည့်ံ Homocysteine ဓာတ်ကို လျော့ကျစေသောကြောင့်နှလုံးရောဂါဖြစ်ပွားခြင်းနှင့် လေသင် တုန်းဖြတ်ခြင်း တို့ကို ကာကွယ်ပေးနိုင်သည်။

အသားအရေကို စိုပြည်လှပကာ ဆံပင်ကိုသန်စွမ်းစေသည်။ ကြက်ဥတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာ ပါဝင် သောကြောင့် အသားအရေကို စိုပြည်လှပစေသည်။ထို့ပြင် ဆာလ်ဖာနှင့် ဗီတာမင်ဘီ-၁၂ တို့ ပါဝင်ခြင်း ကြောင့် ဆံပင်နှင့်အမွေးအမှင်များကိုသန်မာစေသည်။

ကိုယ် အလေးချိန်ချနေသူများအတွက် အသုံးဝင်သည်။ ကြက်ဥတွင် ကစီဓာတ်နှင့်မကောင်းသောအဆီ ဓာတ်အနည်းငယ်သာပါဝင်ပြီး ပရိုတင်းဓာတ်များ စွာပါ ဝင်သောကြောင့် ဆာလောင်မှုအာသာကို ပြေပျောက် လွယ်စေသည်။ထို့ကြောင့်လည်း ကိုယ်ခန္ဓာအလေးချိန်ကို လျှော့ချရန်ကြိုးစားနေသူများအတွက် အသုံးဝင်သော အစား အစာ တစ်မျိုးဖြစ်သည်။

အမေရိကန်အစာအာဟာ ရဆိုင်ရာသုတေသန စာတမ်းတစ်ခုအရ နံနက်စာအဖြစ် ပေါင်မုန့်ကို မစားဘဲ ကြက်ဥကို နေ့စဉ်စားသုံးပါက ရက်သတ္တရှစ်ပတ်ကြာသောအခါ ကိုယ်ခန္ဓာအလေးချိန်သိသာစွာ ကျ ဆင်း သွားသည်ကို တွေ့ရှိရသည်။ကိုယ်ဝန်ဆောင်မိခင်များအတွက်အသုံးဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များကြက်ဥပုံမှန်စားသုံးပါက ရင်သွေးကို ကျန်းမာဖွံ့ဖြိုးပြီး ဥာဏ်ရည်ပြည့်ဝစေသည့် အပြင်ခြေလက်အင်္ဂါမစုံသည့် ရင်သွေးမွေးဖွားခြင်းမှလည်း ကာ ကွယ်ပေးနိုင်သည်။ သို့သော်ကြက်ဥအစိမ်းစားခြင်း၊ မကျက်တကျက်ပြုတ်စားခြင်းတို့ကိုမူ ရှောင်ကြဉ် သင့် သည်။

နာလန်ထစလူနာများနှင့် လူငယ်များအတွက်အသုံးဝင်သည်။ ကြက်ဥတွင်ခွန်အားဖြစ်စေသောအစာ အာဟာရ အားလုံးနီးပါးပါဝင်သောကြောင့် နာလန်ထစလူနာများနှင့် ကြီးထွားဖွံ့ဖြိုးဆဲလူငယ်များအဖို့ လွန်စွာအထောက် အကူပြုသည့် အစာအာဟာရပင်ဖြစ်သည်။

တစ်နေ့တာစားသုံးသင့်သောကြက်ဥပမာဏသုတေသနပြုလုပ်ချက်များအရ တစ်နေ့လျှင်ကြက်ဥ သုံးလုံး စားသုံး ပေးခြင်းဖြင့် ကျန်းမာသန်စွမ်ဥာဏ်ရည်တိုးစေနိုင်ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ဆီးချို သွေးချို ဝေဒနာရှင်များအတွက်မှာမူ ရက်သတ္တတစ်ပတ်လျှင် ကြက်ဥခုနစ်လုံးထက်ပိုမစားသင့်ကြောင်း အကြံပြု ထားသည်။

ကြက်ဥစားသုံးရာတွင်သတိပြုရမည့်အချက်များကြက်နာကျနေသော သို့မဟုတ် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်နေ သော ကြက်များမှဥသော ကြက်ဥများကိုစားသုံးရန် မသင့်ပေ။ အချို့မှာ ကြက်ဥနှင့် ဓာတ် မတည့်သည့်ရောဂါရှိတတ်ကြရာ ထိုသူများကြက်ဥကို စားသောက်ခြင်းမပြုလုပ်သင့်ပေ။ အကာတွင် ကွဲအက်နေသော ကြက်ဥများထဲ သိှု့ေူာသညနူေ ဗက်တီးရီးယားရောဂါပိုးအပါအဝင် ပိုးမွှားများ ဝင်ရောက်နေနိုင် သော ကြောင့် အစာအဆိပ်သင့်နိုင်သဖြင့် မစားသုံးသင့်ပါ။ ကြက်ဥများကို အခန်းတွင်း အပူချိန်တွင် တာရှည်စွာ သိမ်းဆည်း ထားပါက ချွေးပြန်ကာ ပိုးမွှားများ ဝင်ရောက်နိုင်သောကြောင့်ဖြစ်နိုင် ပါက ရေခဲသေတ္တာအတွင်းတွင် သိုလှောင် သိမ်းဆည်းထား သင့်သည်။ တာရှည်သက်တမ်းလွန်နေသော ကြက်ဥများကို စားသုံးရန် မသင့်ပါ။ သက်တမ်းလွန်မလွန်ကို သိရှိနိုင်ရန် ကြက်ဥကို ရေထဲ သို့ထည့်၍ စမ်းသပ်နိုင်သည်။ သက် တမ်း လွန်နေသောကြက်ဥမှာ ရေပေါ်တွင်ပေါ်နေမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူသတိမမူ၊ ဂူမမြင်၊သတိမူလျှင် မြူပါမြင်သည်''ဟူသောဆိုစကားရှိသည်။ ရရန်လည်း လွယ်၊ဝယ်လျှင်လည်းသက်သာ၊ စားလျှင်လည်းအာ ဟာရဖြစ်စေသော ကြက်ဥ၏ တန်ဖိုးကိုမြင်အောင် ကြည့် ၍ သိသည့်အတိုင်း သုံးဆောင်နိုင်ပါလျှင် ကျန်းမာသောဘဝများကို တည်ဆောက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ကြက်ဥကို နေ့စဉ်စားသုံးပေးသင့်ပါကြောင်းအကြံပြုရေးသားဖော်ပြအပ်ပါသည်။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ