မွေးကင်းစကလေးငယ်တွေမှာ ခုတင်တိုင်တွေကြောင့် သေဆုံးမှုမြင့်တက်နေတာကို တွေ့ရှိ




ကလေးကုတင်တိုင်အကာအကွယ်တွေဟာ မွေးကင်းစကလေးငယ်တွေကို ခုတင်တိုင်တွေကြား ခေါင်းနဲ့ဆောင့်မိတာ သို့ တိုင်ကြားမှာ ညပ်နေတာတွေ မဖြစ်စေဖို့ အတွက် ဖြစ်ပေမယ့် လေ့လာချက်အသစ်အရ ဒီလို ကူရှင်အကာတွေဟာ မတော်တဆသေဆုံးနိုင်ချေရှိလာတာမို့ မိဘတွေကို အသုံးမပြုဖို့ အကြံပေးထားပါတယ်။

ကလေးငယ်လေးတွေဟာ သူတို့ခေါင်းက ကုတင်တိုင်နဲ့ဆောင့်လို့ ဒဏ်ရာရတာနည်းပါးပြီး ကူရှင်တွေက ကလေးငယ်တွေကို ကုတင်တိုင်ကြား ညပ်တာကိုလည်း အကာကွယ်မပေး နိုင်တာကြောင့် ကုတင်တိုင်အကာအကွယ်နဲ့ ကူရှင်တွေဟာ မလိုလားအပ်တဲ့ အန္တရာယ် တွေဖြစ်နိုင်ကြောင်း St. Louis ရှိ Washington Universityမှ သုတေသီတွေက ဆိုပါတယ်။

“ကလေးရဲ့ နှာခေါင်းနဲ့ပါးစပ်တွေကို ကူရှင်နဲ့ပိတ်မိတဲ့အခါ ကလေးငယ်က သူ့ရဲ့အသက်ရှုလမ်းကြောင်းပိတ်သွားပြီး အသက်ရှုကြပ်နိုင်ပါတယ်။ ဒါကြောင့် ကူရှင်တွေကို ကလေးကုတင်ထဲမှာ ထည့်မထားသင့်ပါဘူး။ ဒါတွေကြောင့် ကလေးငယ်လေးတွေ သေဆုံးနိုင်ပါတယ်။”  လို့ U.S. Consumer Product Safety Commission's Infant Suffocation Project မှ တာဝန်ရှိသူ ဒေါက်တာ N.J Scheers က ရှင်းလင်းပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ