ခြွေတာရေး လက်ဖက်ရည်ထုပ်တွေက သွားကျန်းမာရေးအတွက် ပိုကောင်း



လက်ဖက်ရည်သောက်ခြင်းနဲ့ သွားပျက်စီးခြင်းဟာ ဆက်စပ်နေတယ်ဆိုတာကို သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးသက်သာတဲ့ ခြွေတာရေး ရိုးရာလက်ဖက်ရည်ထုပ်တွေကို တစ်နေ့ ၄ထုပ်ခန့် နေ့စဉ် သောက်ပေးခြင်းက ဖလူအိုရိုက်ကို သောက်သုံးပေးရာရောက်တယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

ခြွေတာရေး လက်ဖက်ရည်ထုပ်တွေထဲမှာ ပါတဲ့ ဖလူအိုရိုက်ကြောင့် သွားကြွေလွှာကို သက်တမ်းပိုရှည်စေပြီး သွားပျက်စီး ယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ထုပ် ၄၉မျိုးကို လေ့လာစမ်းသပ်ပြီး ဒီရလဒ်ထွက်ခဲ့တာပါ။

ဈေးပိုပေါပြီး ကဖိန်းဓာတ်နည်းတဲ့ လက်ဖက်ရည်ထုပ်တွေမှာ ဖလူအိုရိုက် အများဆုံး ပါရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဖလူအိုရိုက်ဟာ လက်ဖက်စိုက်ပျိုးထားရာ မြေဆီလွှာကနေ လာတာပါ။

ကဖိန်းဓာတ် လျှော့ချထားတဲ့ လက်ဖက်ရည်ထုပ်တွေဟာ အမှတ်အမြင့်ဆုံးဖြစ်ပြီး ရနံ့လည်း ပိုမွှေးပါတယ်။ ပြီးတော့ မြေဆီလွှာကနေ ဖလူအိုရိုက်ကို ရရှိဖို့ အခွင့်အလမ်းလည်း ပိုပါတယ်။ လက်ဖက်ထွက်တဲ့ အရပ်က မြေဆီလွှာထဲမှာရှိတဲ့ ဖလူအိုရိုက်ဓာတ်ကို လက်ဖက်ပင်က စုပ်ယူတာကြောင့် လက်ဖက်ဟာ ဖလူအိုရိုက်ပါရှိတဲ့ သဘာဝ ရင်းမြစ်ဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ