၂ဝ၁၅ ခုနှစ်တွင် ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးသူ အရေအတွက် ခြောက်သန်းရှိ


ဝါရှင်တန် ဧပြီ ၆

၂ဝ၁၅ ခုနှစ်အတွင်း ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ခြောက်သန်းထက် ကျော်လွန်ခဲ့သည်ဟု နိုင်ငံတကာသုတေသနအဖွဲ့တစ်ဖွဲ့က ဆိုသည်။

အမေရိကန်၊ဗြိတိန်နှင့် ဂျပန်သုတေသီများပါဝင်သော သုတေသနအဖွဲ့တစ်ဖွဲ့က ဧပြီ ၅ ရက်ထုတ The Lancet ဆေးပညာပေးဂျာနယ်တွင် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူအရေအတွက်ကို စစ်တမ်းကောက်ဖော်ပြထား သည်။

သုတေသီများက စစ်တမ်းကောက်ခံရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် အခြားသောကျန်းမာရေးအဖွဲ့ အစည်းများ၏ အစီရင်ခံစာ ၂၈ဝဝ ကျော်အပေါ်အခြေခံကာ စစ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် နိုင်ငံ ၁၉၅ နိုင်ငံနှင့် အခြားသော နယ်မြေဒေသများရှိ လူပေါင်း ၉၃၃ သန်းခန့်သည် နေ့စဉ်နှင့်အမျှ ဆေးလိပ်သောက်သုံးလျက်ရှိကြောင်း အဆိုပါသုတေသီအဖွဲ့က တွေ့ရှိခဲ့သည်။

၁၉၉ဝ မှ ၂ဝ၁၅ ခုနှစ်အတွင်း အမျိုးသားများအကြား ဆေးလိပ်သောက်သုံးမှု ပမာဏသည် ၃၄ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး အမျိုးသမီးများ၏ ဆေးလိပ်သောက်သုံးမှုပမာဏသည် ၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။

ယင်းသို့ ဆေးလိပ်သောက်သုံးသူ ပမာဏလျော့ကျ သွားခြင်းသည် ဆေးလိပ်ဈေးနှုန်းများမြင့်တက်လာခြင်း နှင့် ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်သည့်လုပ်ဆောင် ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သုတေသီများက ယူဆကြသည်။

၂ဝ၁၅ ခုနှစ်တွင် သေဆုံးခဲ့သည့် ၆ ဒသမ ၄ သန်း သည် နှလုံးရောဂါနှင့် အဆုတ်ရောဂါကဲ့သို့သော ဆေးလိပ် ကြောင့်ဖြစ်ပွားသည့် ရောဂါဆိုးများကြောင့်ဖြစ်သည်ဟု သုတေသီများက ဆိုသည်။

၂ဝ၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဆေးလိပ်သောက်သုံး ခြင်းကြောင့် ၁ ဒသမ ၇၇ သန်းသေဆုံးခဲ့ပြီး အိန္ဒိယ နိုင်ငံတွင် ၇၄ဝဝဝဝ၊ အမေရိကန်တွင် ၄၇ဝဝဝဝ နှင့် ဂျပန်နိုင်ငံတွင် ၁၆၆ဝဝဝ သေဆုံးခဲ့ကြောင်း သုတေသီ အဖွဲ့က စစ်တမ်းကောက်ခဲ့သည်။

အချို့သောနိုင်ငံများတွင် ဆေးလိပ်သောက်သုံးသူ ဦးရေ မြင့်တက်လျက်ရှိနေသေးသည့်အတွက် ဆေးလိပ် သောက်သုံးခြင်းကြောင့် သေဆုံးမှုနှုန်းများကို လျှော့ချရန် ထိရောက်ကောင်းမွန်သော မူဝါဒများနှင့် ဥပဒေများ ပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း သုတေသီများကဆိုသည်။

အင်န်အိတ်ခ်ျကေ။
MOI Webportal Myanmar
https://www.facebook.com/pg/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ