Antibiotic link to bowel cancer precursor ပိုးသေဆေးနဲ့ အူမကြီးကင်ဆာ


ပဋိဇီဝဆေး ခေါ် ဗက်တီးရီးယားအတွက်ဆေးနဲ့ အူမကြီးကင်ဆာ ဆက်စပ်မှုတွေ့ရှိ

၅-၄-၂ဝ၁၇ နေ့ကထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တိတိကျကျပြောရရင် ပဋိဇီဝဆေးတွေကို တာရှည်သုံးရင် အူမကြီးကင်ဆာရဲ့ အစပျိုးပိုင်းအခြေအနေကို ရောက်နိုင်တယ်လို့ တွေ့တာဖြစ်ပါတယ်။ တွေ့ရှိချက်ကို ဆက်ပြီးလေ့လာရပါဦးမယ်။

Bowel polyps အူမကြီးထဲမှာအသားပိုတွေ့ရင် တချိန်မှာ ကင်ဆာမဖြစ်လို့ မပြောနိုင်ပါ။ ၁၅% ကနေ ၂ဝ% ဖြစ်နိုင်တယ်။ အများစုက အဲတာရှိနေမှန်း မသိကြပါ။

ယူအက်စ်က သူနာပြုပေါင်း ၁၆၆ဝဝ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂ဝ ကနေ ၃၉ နှစ်ကြားရှိသူတွေ ပိုးသေဆေး ၂ လကြာသောက်သူတွေက ၂ဝ ကနေ ၃ဝ ကြာရှိပြီး ပဋိဇီဝဆေးမသောက်သူတွေထက် Adenomas ခေါ် အသားပို ပိုဖြစ်ကြတယ်။

အူမကြီးကင်ဆာဟာ အစားအသောက်ထဲမှာ အသားများပြီး ဖိုက်ဘာနည်းသူတွေမှာ ပိုဖြစ်တယ်။ ဝသူတွေနဲ့ လှုပ်ရှားမှု နည်းသူတွေမှာ ပိုများတယ်။ ဆေးလိပ်နဲ့ အရက်များသူတွေမှာလည်း ပိုဖြစ်တယ်။ မိသားစုလိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ