တုပ်ကွေးကာကွယ်ဆေး အမျိုးအစားသစ်ကို ဖားအရေပြားပေါ်ရှိအရိအချွဲမှ ထုတ်ယူနိုင်ဖွယ်ရှိ


အိန္ဒိယနိုင်ငံတောင်ပိုင်းတွင်တွေ့ ရလေ့ရှိသည့် Hydrophylax bahuvistara ဖားအမျိုးအစား၏ အရေပြား ပေါ်ရှိ အရိအချွဲတို့ တွင် တုပ်ကွေးဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်သည့် ပရိုတိန်းကိုတွေ့ ရှိခဲ့ပြီးနောက် ၄င်းပရိုတိန်းကို အသုံးပြုကာ တုပ်ကွေးကာကွယ်ဆေးအမျိုးအစားသစ်ကိုထုတ်လုပ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ အက်တလန်တာပြည်နယ်ရှိ Emory တက္ကသိုလ်မှ သုတေသီ များက ပြောသည်။ ဖားတွေရဲ့ ခန္ဓာကိုယ်အရေပြားဟာ အမြဲချောကျိနေတာကို သတိထားမိပါလိမ့်မယ်။ အဲဒီအရိအချွဲတွေထဲ မှာ မိုက်ခရိုဗက်တီးရီးယားတွေကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိတဲ့ ပရိုတိန်းတစ်မျိုးကို တွေ့ ရ ပါတယ်။ အဲဒီပရိုတိန်းကိုအသုံးပြုပြီး တုပ်ကွေးကာကွယ်ဆေးကို ထုတ်လုပ်နိုင်မယ်ဆိုရင် နှစ်စဉ် ကမ္ဘာ တစ်ဝန်း လူပေါင်း သန်းတစ်ဝက်ထက်မနည်း သေဆုံးနေရတဲ့ တုပ်ကွေးရောဂါဆိုးကြီးကို အခုထက်ပိုပြီး ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ဖားအရေပြားပေါ်ရှိ အရိအချွဲတို့ တွင် အမိုင်နိုအက်ဆစ်များကို အတွဲလိုက်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း အမိုင်နိုအက်ဆစ်များသည် တုပ်ကွေးဝေဒနာကိုဖြစ်စေသည့် Influenza A ဗိုင်းရပ်များကို ဖျက်ဆီးသုတ် သင် ပစ်နိုင်ကြောင်း၊ ဗိုင်းရပ်များကို သုတ်သင်ဖျက်စီးနိုင်သော်လည်း လူသားသွေးဥနီဆဲလ်များကိုမူ မည် သို့ မှထိခိုက်စေခြင်းမရှိသည်ကိုတွေ့ ရကြောင်း၊ ထို့ ကြောင့် ၄င်းအမိုင်နိုအက်ဆစ်ပရိုတိန်းများကိုအသုံးပြု ကာ တုပ်ကွေးကာကွယ်ဆေးကို ထုတ်လုပ်နိုင်မည်ဟု ယူဆရခြင်းဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောပြ သည်။ တုပ်ကွေးကာကွယ်ဆေးအဆင့်အထိဖြစ်လာဖို့  အဆင့်တွေအများကြီးဖြတ်သန်းရဦးမှာပါ။ ဒါပေမယ့် ဒီကာ ကွယ်ဆေးအသစ်က ဆေးယဉ်ပါးဗက်တီးရီးယားတွေကြောင့် အာနိသင်သိပ်မပြနိုင်တော့တဲ့ နှစ်စဉ်ထုတ် လုပ်မြဲ တုပ်ကွေးကာကွယ်ဆေးတွေရဲ့ အခက်အခဲကို အများကြီးကူညီပေးနိုင်မှာပါဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ တုပ်ကွေးဗိုင်းရပ်အမျိုးအစားကို ၄င်းဗိုင်းရပ်၏မျက်နှာပြင်ပရိုတိန်းများအလိုက် ပိုင်းခြားသတ်မှတ်ကြောင်း၊ Hemagglutinin ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၈ မျိုးရှိပြီး neuraminidase ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၁ မျိုး ရှိကြောင်း၊ အတွေ့ ရအများဆုံးဗိုင်းရပ်မှာ H1 ဗားရှင်းဖြစ်ပြီး hemagglutinin နှင့် N1 ဗားရှင်းဖြစ်သည့် Neuraminidase ပရိုတိန်းတို့ ပေါင်းစပ်နေခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုများအရ ဖားကိုယ်ပေါ်ရှိအရိအချွဲမှ ထုတ်ယူရရှိသည့် အမိုင်နိုအက်ဆစ်သည် H1 ပရိုတိန်းကို ကောင်းစွာသုတ်သင်ပစ်နိုင်သည်ကို တွေ့ ရှိရ ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ