ဆေးခြောက်သောက်ရင်
ခေါင်းထဲက သွေးလွှတ်ကြောတွေကို ကျဉ်းသွားစေတဲ့အတွက် လေဖြတ်မှုအန္တရာယ် များတယ်လို့ သုတေသနရပ်တစ်ခုက
သတိပေးထားပါတယ်။
လေဖြတ်သူတွေကို
လေ့လာကြည့်တဲ့အခါ ဆေးခြောက်သုံးစွဲသူ ၄၅ရာခိုင်နှုန်းရဲ့ ခေါင်းထဲက သွေးကြောတွေမှာ ချေးတွေပိတ်နေတာကို
တွေ့ရပါတယ်။ ဆေးခြောက် မသုံးစွဲဘူးဆိုရင်တော့ ၁၄ရာခိုင်နှုန်းပဲ ဖြစ်နိုင်ပါတယ်။
ဆေးခြောက်သုံးစွဲသူတွေဟာ
မသုံးစွဲသူတွေထက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖြတ်မှုခံစားနေကြရကြောင်း သုတေသနရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာတွေ့ရှိမှုက
လေဖြတ်နိုင်မှုအန္တရာယ်တွေကို သိရှိပြီး တားဆီးနိုင်စေဖို့ရာ သုတေသီတွေကို အကူအညီ ဖြစ်စေခဲ့ပါတယ်။
လေ့လာမှုကို Strasbourg တက္ကသိုလ်ဆေးရုံကနေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(Ischemic
stroke) သွေးကြောပိတ်၍လေဖြတ်မှုဟာ ဦးနှောက်ထဲက သွေးစီးဆင်းမှုကို နှောက်ယှက်ပြီး လျော့ကျစေလို့
ဖြစ်ပါတယ်။ ဦးနှောက်ထဲက သွေးကြောမှာ သွေးယိုစိမ့်ပြီး လေဖြတ်တဲ့ Haemorrhagic
stroke နဲ့ ဆန့်ကျင်ဘက်ပါ။
ဆေးခြောက်အသုံးပြုသူဟာ
ပိုငယ်လေ၊ ယောကျာ်းလေးဖြစ်လေ၊ ဆေးလိပ်သောက်လေ၊ အသက်အန္တရာယ်ရှိလေ ဖြစ်တယ်လို့ သုတေသနရပ်က
တွေ့ရှိခဲ့ပါတယ်။
( Jack )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref:
Daily Mail