၂နာရီအတွင်း အရက် ၄ခွက်သောက်ရင် ကျန်းမာရေးအန္တရာယ်ရှိ






လေ့လာမှုသစ်တစ်ရပ်အရ၊ တစ်ထိုင်တည်းနဲ့ အရက်ကို စိတ်ရှိလက်ရှိသောက်ခြင်းဟာ အူထဲက ဘက်တီးရီးယားတွေကို စိမ့်ထွက်စေပြီး ကျန်းမာရေးကို ထိခိုက်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ u

ဒီ့အပြင် သွေးထဲက အဆိပ်အတောက်ပမာဏကိုလည်း မြင့်တက်စေပါတယ်။ Endotoxin လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းအဆိပ်တွေဖြစ်ပြီး သွေးထဲမှာ ဘက်တီးရီးယားဆိုင်ရာ DNA အထောက်အထားတွေကို တွေ့ရတာပါ။

နှစ်နာရီအတွင်းမှာ အရက်ပါတဲ့ အဖျော်ယမကာ ၄ခွက် (အမျိုးသားများ ၅ခွက်) ထပ် ပိုသောက်တဲ့အခါ သူတို့ရဲ့ အူတွေထဲက ဘက်တီးရီးယားတွေ စိမ့်ထွက်လာပြီး သွေးထဲက အန္တရာယ်ရှိ အဆိပ်အတောက် ပမာဏမြင့်တက်လာတယ်လို့ မန်ဆာချူးဆက် ဆေးတက္ကသိုလ် က သုတေသီတွေက သတိပေးထားပါတယ်။

 အဲ့ဒီ့လို သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကိုလည်း နှိုက်ထုတ်သွားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူပေါ်မှာတောင် ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

( Jack  )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Tech Times

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ