သဘာဝ ပရိုတိန်းများက ကင်ဆာ ဖြစ်စေသော ဆဲလ်များကို ချေမှုန်း နိုင်စွမ်း ရှိ


သဘာဝ ပရိုတိန်းများသည် အဆင့်မြှင့်တင်လိုက်ပါက ကျန်းမာ သန်စွမ်းသော ဆဲလ်များကို ထိခိုက် ပျက်စီးစေခြင်း မရှိဘဲ ကင်ဆာဖြစ်စေသော ဆဲလ်များကို ချေမှုန်းနိုင်စွမ်း ရှိကြောင်း အစ္စရေး နိုင်ငံရှိ တဲလ်အဗစ် တက္ကသိုလ်မှ သုတေသီ အဖွဲ့တစ်ဖွဲ့က လေ့လာ တွေ့ရှိထားသည်။

အဆင့် မြှင့်တင်ထားသော ပရိုတိန်း သုံးမျိုးကို လူ့ခန္ဓာကိုယ်က သဘာဝအလျောက် ထုတ်လုပ်ပေးပြီး ယင်းပရိုတိန်းများက ကင်ဆာဖြစ် စေသော ဆဲလ်များကို တိုက်ခိုက်လိုက်သည့်အခါ ၎င်းဆဲလ်များသည် ကွဲထွက်သွားပြီး နောက်တွင် အချင်းချင်း ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း Oncotarget ဂျာနယ်တွင် ဖော်ပြ ထားသည်။ ကျန်းမာသော ဆဲလ်များကို ထိခိုက်ပျက်စီးစေခြင်း မရှိဘဲ ကင်ဆာဖြစ်စေသော ဆဲလ်များကိုသာ ချေမှုန်းသည့် ထူးခြားသော ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို တွေ့ရှိခြင်းနှင့် ယင်း ဇီဝဖြစ်စဉ်သည် အဆမတန် မျိုးပွားမှုနှုန်း မြန်ဆန်သော ကင်ဆာဆဲလ်များကို အခြေအနေ အမျိုးမျိုးတွင် လျင်မြန်စွာ တိုက်ထုတ်နိုင်ခြင်း တို့သည် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းကြောင်း တဲလ်အဗစ် တက္ကသိုလ် ဆက္ကလာ ဆေးကျောင်းမှ သုတေသန အဖွဲ့ ခေါင်းဆောင် ပါမောက္ခ မောလ်ကာကိုဟန်အာမွန်က ပြောသည်။

ယခု တွေ့ရှိသော ကိုယ်တွင်း ဇီဝဖြစ်စဉ်သည် ကင်ဆာဆဲလ်များ ပိုမိုမြန်ဆန်စွာ ပွားများလေလေ၊ ပိုမိုမြန်ဆန်ပြီး ထိရောက်စွာ ချေမှုန်းနိုင်လေလေ ဖြစ်သည့်အပြင် ဆဲလ်များ ကွဲထွက်စဉ်တွင် ပရိုတိန်း ထုတ်လွှတ်ခြင်း ဖြစ်သည့်အတွက် သမားရိုးကျ ဓာတုကုထုံးများဖြင့် ထိရောက်ခြင်း မရှိသည့် ဆိုးရွားသော ကင်ဆာရောဂါများကို ကုသရာတွင် ပိုမို သင့်လျော်စေမည် ဖြစ်သည်။ အဆိုပါ ပရိုတိန်းများကို ကြွက်များနှင့် ဓာတ်ခွဲခန်းတွင် မွေးမြူထားသော လူသားတို့၏ ကင်ဆာဆဲလ်များတွင် စမ်းသပ်ခြင်း ဖြစ်ပြီး ရလဒ်မှာ အလွန် အလားအလာ ကောင်းနေသည်။ ထို့ပြင် ယင်း ရောဂါကုထုံးသည် အဆိုးရွားဆုံးနှင့် ကုသမှုကို တွန်းလှန်နိုင်သော ပုံစံရှိသည့် ရင်သားကင်ဆာ ရှိသောကြွက်များကို စမ်းသပ်ရာတွင် ရလဒ်ကောင်းများ ရရှိထားသည်။ အလားတူ အဆိုပါ ပရိုတိန်းသည် ငါးနှစ်လျှင် အသက်ရှင်သန်နှုန်း ၇ ရာခိုင်နှုန်းသာရှိသည့် ပန်ကရိယ ကင်ဆာကဲ့သို့ ကုသရန် ခက်ခဲသော ကင်ဆာရောဂါများ အတွက်လည်း အသုံးဝင်နိုင်ဖွယ် ရှိသည်။ အဆိုပါ ကုထုံးကို ဆေးပေးခန်းများတွင် စမ်းသပ်နိုင်ရန် အတွက် နောက်ဆုံးအဆင့် အချောသပ် စမ်းသပ်မှုသာ လုပ်ဆောင်ရန် ကျန်ရှိတော့သည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ