ကင်ဆာရောဂါကြောင့် ကလေးငယ်တွေရဲ့ သေဆုံးမှု နှုန်းထား ဆယ်စုနှစ်တစ်ခုအတွင်း ကျဆင်းလာ




ကင်ဆာရောဂါကြောင့် ကလေးငယ်တွေရဲ့ သေဆုံးမှု နှုန်းထား အရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၀ စု နှစ်တစ်ခုအတွင်းမှာ ၂၁ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက ကင်ဆာသုတေသန ဌာနက ထုတ်ဖော်ပြောပြခဲ့တာက ၂၀၁၄ ခုနှစ်တုန်းက ကင်ဆာရောဂါကြောင့် ကလေးငယ် ၂၆၀ ခန့်သာ သေဆုံးခဲ့ပြီး ၂၀၀၄ ခုနှစ်တုန်းကတော့ ၃၃၀ ခန့်အထိ သေဆုံးမှု နှုန်းရှိခဲ့ပါတယ်။

တစ်ကယ်တော့ ကလေးကင်ဆာ ရောဂါဟာ ကုသဖို့အတွက် အရမ်းခက်ခဲတဲ့အတွက် ကုသအောင်မြင်ဖို့ဆိုတာ အခွင့်အလမ်းနည်းလွန်းပါတယ်။ အသက် ၁၄ နှစ် အရွယ်နဲ့ အောက်မှာရှိတဲ့ ကလေးငယ် တွေရဲ့ ကင်ဆာရောဂါ အားလုံးကြောင့် သေဆုံးမှု နှုန်းထားဟာ ၂၀၀၄ ခုနှစ်မှာတုန်းက လူဦးရေ ၁ မီလျံမှာ အယောက် ၃၀ ခန့်ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူဦးရေ ၁ မီလျံမှာ ၂၃ ယောက်ခန့်အထိ လျော့ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း ကလေးငယ် ၁၅၀၀ ခန့်ဟာ ကင်ဆာရောဂါ အတွက် ကုသမှု ခံယူနေရပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ပြီး ကင်ဆာရောဂါကနေ ပြန်လည် ရှင်သန် ကောင်းမွန်လာမှု က ၃ ဆ မြင့်တက်လာခဲ့တယ်ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ အပတ်စဉ် ကလေးငယ် ၅ ယောက်ခန့်ဟာ သေဆုံးနေဆဲ ပဲ ဖြစ်ပါတယ်။

"ငါတို့ဟာ လူငယ် ပေါင်းမြောက်များစွာ ကို ကင်ဆာရောဂါထံမှာ အရှုံးပေးလိုက်ရပေမယ့် အများကြီး ကယ်တင်ဖို့ ကျန်နေပါသေးတယ်။ ကုသမှု ကို ကန့်သတ်ထားတဲ့ ကလေးငယ် ကင်ဆာရောဂါတွေလည်း အများကြီးရှိနေပါသေးတယ်။ ဥပမာ ဦးနှောက်နဲ့ အရိုး အသားပို လိုမျိုးပေါ့။" လို့ ဘာမင်ဂမ်မြို့မှာရှိတဲ့ ကင်ဆာသုတေသန ဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ ပရော်ဖက်ဆာ Pam Kearns က ဆိုလိုက်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ