မဝယ်သင့်သောအစာနှင့်ပိုစားသင့်သောအစာ


အကောင်းဆုံးအစားအစာများ
(၁) ဟင်းရွက်များဟာ အစိမ်းရောင်ရင့် လေအာဟာရဓာတ်ပိုများလေပါပဲ။ ဥပမာအားဖြင့် ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းစိမ်းနဲ့ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာ မင်၊ သတ္တုဓာတ်နှင့် အကျိုးပြု ဓာတုပစ္စည်းတွေ လုံလောက်စွာပါ ရှိနေတာကြောင့် ခန္ဓာကိုယ်ထဲရှိ ကောင်းမွန်သောဆဲလ်တွေကို ကာ ကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စွာ တည်ဆောက်စေပါ တယ်။ ၄င်းဟင်းရွက်စိမ်းတို့ကို အသုပ်ဖြစ်စေ၊ ဖျော်ရည်ဖြစ်စေ နည်းမျိုးစုံဖြင့် အစိမ်းစားနိုင်ပါ တယ်။ ပင်လယ်ဆားကြမ်းကိုသုံး၍ သံလွင်ဆီဖြင့် မီးပူပူမှာခပ်စိမ်းစိမ်း ကြော်၍လည်း အာဟာရတန်ဖိုး မပျက် ရရှိနိုင်ပါတယ်။
(၂) ပန်းပွင့်မျိုးနွယ်ဖြစ်တဲ့ ဂေါ်ဖီ၊ ဂေါ်ဖီ ထုပ်၊ ပန်းဂေါ်ဖီတို့မှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေအလုံအလောက်ပါ ရှိနေတာကြောင့် ကင်ဆာရောဂါ အမျိုးမျိုးတို့ ဖြစ်နိုင်ခြေအလား အလာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ၄င်းပန်းပွင့်တွေထဲမှာCarotenoids ၊ Zeaxanthinနှင့် Lutein ဓာတ်တွေပါရှိနေတာကြောင့် နေရောင်ခြည်မှလာသော ခရမ်းလွန် ရောင်ခြည်အန္တရာယ်မှ မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) လူသားတို့၏ ကျောရိုးမွကြီး ကျန်း မာရေးအတွက် ပဲဝါလေး၊ ပဲလွမ်း ဖြူတို့ဟာ အကောင်းဆုံးသတ္တု ဓာတ်များ ဖြစ်ကြပါတယ်။ အမျှင် ဓာတ်ြ<ွကယ်ဝတဲ့အပြင် အပင်မှရရှိ တဲ့ သဘာဝပရိုတင်းဓာတ်ကို ၄င်း ပဲများမှရနိုင်ပါတယ်။ နာတာရှည် ရောဂါနှင့် အဝလွန်ခြင်းတို့ ဖြစ်နိုင် ခြေအလားအလာကိုလည်း ထိုပဲ များက လျှော့ချပေးနိုင်ပါတယ်။ ၄င်းပဲတို့ကို အသုပ်၊ အပြုတ်၊ စွပ် ပြုတ်အဖြစ် လုပ်စားနိုင်ပါတယ်။
(၄) ထောပတ်သီးထဲမှာ အဆီဓာတ်ပါ ဝင်မှုများသော်လည်း နှလုံးအတွက် ဆေးဖက်ဝင်တဲ့အပြင် ကျန်းမာရေး အတွက် အာဟာရ ၁၂ မျိုးထက် မနည်းကို ကောင်းကျိုးပြုတဲ့ဓာတ် ပြုပြည့်ဝဆီဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စု များနှင့် ပိုတက်စီယမ်တို့ အမြောက် အမြားပါရှိနေကြပါသေးတယ်။ အလတ်စားအရွယ်ရှိတဲ့ ထောပတ် သီး လေးပုံတစ်ပုံကို နေ့လယ် ဘက်မှာစားပေးခြင်းဖြင့် တစ်နေ့ တာလုံးအတွက် ခွန်အားဖြစ်စေ ပါတယ်။
(၅) ဘယ်ရီသီးမျိုးနွယ်ဝင်များ ဖြစ်ကြ တဲ့ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ စတော်ဘယ်ရီ သီးများမှာ ကျန်းမာရေးအကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းPoly- phenolic နှင့် Anthocyanin တွေ ပါရှိနေကြပါတယ်။ ၄င်းပစ္စည်းများ က နှလုံးရောဂါနှင့် နာတာရှည် စိတ်ပျံ့လွင့်ရောဂါ(ရူးသွပ်ခြင်း)ကို ကုသပေးနိုင်ပါတယ်။ ၄င်းဘယ်ရီ သီးလက်တစ်ဆုပ်စာခန့်ကို ရက် သတ္တပတ်လျှင် အနည်းဆုံးသုံးရက် စားပေးပါ။
(၆) ကောက်နှံမျိုးနွယ်ဝင်ဖြစ်ကြတဲ့ လူး၊ ဆပ်၊ ကွေကာအုတ်တွေဟာ ကိုယ် အလေးချိန်ကျစေခြင်း၊ နှလုံးကျန်း မာခြင်း၊ မကောင်းသောကိုလက်စ ထရောကိုကျစေခြင်း၊ အဆီပိုတွေ လောင်ကျွမ်းစေခြင်း စသဖြင့် ကောင်းကျိုးပြုပါတယ်။ ၄င်းတို့ထဲ မှာ အမျှင်ဓာတ်၊ အပင်မှရရှိတဲ့ သဘာဝပရိုတင်း၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အပင်မှရရှိတဲ့ ဓာတုပစ္စည်းနှင့် ပိုးသတ်ဆေးတွေ အပြည့်အဝ ပါရှိနေတာကြောင့် ကျန်းမာရေးအတွက် နေ့စဉ်စားပေး သင့်တဲ့အစားအစာဖြစ်ပါတယ်။ (အရောင်ရင့်တဲ့ သဘာဝကွေကာ အုပ်ကို ဦးစားပေးရွေးချယ်ပါ)
(၇) ပင်လယ်ငါးများများစားပါ။ ပင် လယ်ငါးတွေထဲမှာ ပရိုတင်းအပြည့် အဝ ရရှိနိုင်သလို၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေပါရှိနေတာ ကြောင့် သွေးဖိအားကို ပုံမှန်ဖြစ် စေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ စိတ်ကျရောဂါနှင့် ကင်ဆာရောဂါ တော်တော်များများတို့အတွက် ဆေးဖြစ်ပါတယ်။
(၈) ကြက်ဥဟာ ပရိုတင်းစုဝေးရာ အစားအစာဖြစ်ပါတယ်။ အထူး သဖြင့် ကြက်ဥအနှစ်ထဲမှာပါရှိတဲ့ ဗီတာမင်အီးနှင့် အာဟာရဓာတ် တစ်မျိုးက ဦးနှောက်ကိုကျန်းမာ စေပြီး ခန္ဓာကိုယ်ကြီးဇီဝဖြစ်စဉ်ကို ပုံမှန်အလုပ်လုပ်စေနိုင်ပါတယ်။ (သို့သော် လိုတာထပ်ပို၍ စားမိပါ က သွေးထဲမှာ ကိုလက်စထရော တက်စေပြီး နှလုံးကိုဘေးထွက်ဆိုး ကျိုးဖြစ်လာစေနိုင်ပါတယ်)
(၉) ပရိုတင်းဓာတ်ြ<ွကယ်ဝသော အဆီ နည်းတဲ့ဒိန်ချဉ်ကို နေ့စဉ်သောက် ပေးခြင်းဖြင့် ကိုယ်တွင်းကိုယ်ပ ရောဂါတော်တော်များများကို သက် သာပျောက်ကင်းစေပါတယ်။ နေ့ လယ်စာစားပြီးချိန်ဟာ ဒိန်ချဉ် သောက်ရန် အသင့်တော်ဆုံးပါပဲ။
(၁ဝ) စားသုံးဆီအမျိုးမျိုးရှိတဲ့အနက် သံ လွင်ဆီက နှလုံး၊ လေဖြတ်၊ ဆီးချို ရောဂါ၊ အရိုြး<ွကပ်ဆတ် ရောဂါဖြစ် နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကောင်းကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါ ရှိနေပါ တယ်။ ကျန်းမာသက်ရှည်စေဖို့ အတွက် သံလွင်ဆီကိုစားကြပါလို့ တိုက်တွန်းလိုပါတယ်။
အဆိုးဆုံးအစားအစာများ
(၁) ဟင်းသီးဟင်းရွက် မျိုးနွယ်ဝင် ပြောင်းဖူး၊ အာလူး၊ ရွှေဖရုံသီး၊ မျောက်ဥတို့ဟာ ကျန်းမာရေး အတွက် ကောင်းကျိုးပြုသော်လည်း ၄င်းအစားအစာထဲရှိ ဗီတာမင်၊ သတ္တုဓာတ်နှင့်အမျှင်ဓာတ်ပမာဏ တို့ဟာလည်း အခြားသောဟင်း ရွက်များထက် ပါဝင်မှုပမာဏ တန်ဖိုးနည်းပါတယ်။ ဒါ့ပြင် ၄င်း အစားအစာများထဲမှာ ကစီဓာတ် တွေမြင့်မားခြင်း၊ ပါဝင်နေသော ကယ်လိုရီပမာဏဟာ အခြားသော ဟင်းသီးဟင်းရွက်များထက် နှစ်ဆ၊ သုံးဆမျှပိုနေခြင်းကြောင့် လိုအပ် သောပမာဏထက် ပို၍စားမိတဲ့ အခါ အဝလွန်စေနိုင်ပါတယ်။ ကစီ ဓာတ်နှင့် ကယ်လိုရီပမာဏများ တာကြောင့် ၄င်းအစားအစာတွေကို နံနက်ပိုင်းမှာ စားပေးသင့်ပါတယ်။
(၂) စည်သွတ်ဘူးဖြင့် ပြုလုပ်ထားသော ဟင်းရွက်များကို ဝယ်မစားသင့် ပါဘူး။ ၄င်းတို့ကိုတာရှည်ခံရန်နှင့် အရသာရှိစေရန်အတွက် ဆား၊ သကြားတို့ဖြင့် ပြုပြင်ဖန်တီးထား ကြပါတယ်။ အရည်အသွေးမီတဲ့ အာဟာရဓာတ်တွေ မရနိုင်တော့ ပါဘူး။
(၃) ပဲအမျိုးမျိုးက လူသားတို့ကျန်းမာ ရေးအတွက် လွန်စွာကောင်းကျိုးပြု သော်လည်း စည်သွတ်ဘူးအဖြစ် ပြောင်းလဲပြုပြင်ထားတဲ့ ပဲများက တော့ ကျန်းမာရေးနဲ့မညီညွတ်နိုင် ပါဘူး။ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ မှာ စည်သွတ်ဘူးပဲများထဲမှာ သကြားတွေပိုများနေတဲ့အပြင် ဆိုဒီ ယမ်ကလည်း ရာခိုင်နှုန်း ၅ဝကျော် ပိုနေပါတယ်။ ဒါကြောင့် ၄င်း စည်သွတ်ဘူးပဲများကို စားသုံးတဲ့ အခါ ရေစင်စင်ဆေးပြီးမှ လိုအပ် သလိုအသုံးပြုပါ။
(၄) သစ်သီးဖျော်ရည်ဘူးခွံများပေါ်မှာ ''real juice @ သဘာဝသစ်သီး ရည် စစ်စစ်''လို့ ရေးသားဖော်ပြ ထားသော်လည်း ဘူးထဲမှာသကြား၊ ကယ်လိုရီ၊ ဆားနှင့် သစ်သီးနံ့အတု တွေဖြင့် ဖျော်ရည်ပုံစံဖန်တီးထား ပါတယ်။ လုံးဝ မသောက်သင့်ပါ ဘူး။ အကယ်၍ သစ်သီးဖျော်ရည် ဘူးဝယ်ယူတဲ့အခါ ဘူးခွံပေါ်ရှိ သကြားပါဝင်မှုရာခိုင်နှုန်းကို စစ် ဆေး၍ ရာခိုင်နှုန်းနည်းသောအမျိုး အစားကိုသာ ရွေးချယ်ပါ။
(၅) အပေါ်ဖော်ပြထားတဲ့ သစ်သီးဖျော် ရည်လိုပါပဲ။ သစ်သီးခြောက်နှင့် သစ်သီးသံဘူးတွေမှာလည်းသကြား ရည်၊ သကာရည်၊ တင်လဲရည်တွေ ထည့်ပြီး တမင်ချိုအောင်ဖန်တီး ထားကြပါတယ်။ အဲဒီလိုပြုပြင် ထားတာကြောင့် ကယ်လိုရီတွေ ပိုလျှံနေပြီး ကျန်းမာရေးအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ် စေပါတယ်။
(၆) ဖြူဖွေးအောင် ပြုလုပ်ထားသော ပေါင်မုန့်၊ သကြား၊ ဆန်တို့ကို ကျန်းမာရေးအတွက် မစားသင့်ပါ ဘူး။ ဓာတုပစ္စည်းသုံး၍ တမင်ဖြူ ဖွေးအောင် ပြုပြင်ထားတဲ့ ၄င်း အစားတွေထဲမှာါူပခနာငခ ဓာတ် တွေ မြင့်မားစွာပါရှိနေကြပါတယ်။ ၄င်းတို့ကိုစားပြီးတဲ့အခါ သကြား ဓာတ်တွေဟာ သွေးထဲမှာအလျင် အမြန်စီးဆင်းသွားပြီး သွေးထဲရှိ သကြားပမာဏဆောင့်တက်လာပါ တယ်။ ဒါ့ပြင် ၄င်း glycemic ဓာတ်တွေကြောင့် အစာချေဖျက်နှုန်း မြန်ဆန်ပြီး နောက်ထပ်အစာစား ချင်စိတ်ကိုဖြစ်စေ၍ ခန္ဓာကိုယ်ထဲ မှာ ကယ်လိုရီတွေ ပိုများလာပါ လိမ့်မယ်။
(၇) အမဲသား၊ ဝက်သား၊ သိုးသားစတဲ့ အနီရောင်အသားတွေဟာ လူကို ခွန်အားဖြစ်စေတာမှန်သော်လည်း၊ ၄င်းတို့အထဲမှာ ကိုလက်စထရော တွေ မြင့်မားစွာပါနေတဲ့အပြင် ပြည့်ဝဆီတွေလည်း များပါတယ်။ လိုအပ်တာထက် ပို၍စားမိတဲ့အခါ နှလုံး၊ ဆီးချိုရောဂါ အမှတ်-၂၊ အစာအိမ်နာ ဝေဒနာတွေဖြစ်တတ် ပါတယ်။ အကယ်၍ ၄င်းအနီရောင် အသားတွေကို မီးဖုတ်(ကင်)၍ စားတဲ့အခါ ရင်သားကင်ဆာဖြစ် နိုင်ခြေများပါတယ်။ (ဒါကြောင့် ပြည့်ဝဆီပါဝင်မှုနည်းတဲ့ ကြက် သားကိုဦးစားပေးရွေးချယ်ပါ)
(၈) ပြုပြင်ထားတဲ့ အသားခြောက်များ၊ ဝက်အူချောင်း၊ အသားလုံး၊ အသား ပြား၊ံHot Dogs စသည်တို့ထဲမှာ ဆိုဒီယမ်နှင့် ပြည့်ဝဆီတွေပါရှိနေ တာကြောင့် နှလုံးရောဂါ၊ အစာအိမ် နှင့် အူလမ်းကြောင်းကင်ဆာရောဂါ တွေဖြစ်လာနိုင်ခြေများပါတယ်။
(၉) Trans fat လို့ခေါ်တဲ့ ဘေးဖြစ်စေတဲ့ အဆီတွေကို အကြော်များမှတွေ့ရှိ ရပါတယ်။ ၄င်းဆီတွေက ခန္ဓာ ကိုယ်အတွက်မကောင်းတဲ့LDL ကို လက်စထရောကိုမြင့်တက်စေ ပြီး ကောင်းတဲ့ HDL ကိုကျစေတာ ကြောင့် နှလုံးနှင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ