ရောဂါအဖြေရှာမှားသော အရေးပေါ်လူနာ ၂၀ ရာခိုင်နှုန်းထက်မနည်းရှိနေ


ရောဂါအခြေအနေဆိုးဝါးပြီး အရေးပေါ်ကုသမှုခံယူရမည့်လူနာများ၏ နောက်ကြောင်းကိုပြန်လည်စစ်ဆေး ကြည့်ရာဝယ် ၂၀ ရာခိုင်နှုန်းထက်မနည်း၏ ကနဦးရောဂါရှာဖွေမှုမှာ မှားယွင်းနေခဲ့သည်ကိုတွေ့ ရှိရကြောင် နှင့် လူနာအခြေအနေဆိုးဝါးလာရသည့်အကြောင်းရင်းများတွင် ကနဦးရောဂါရှာဖွေမှုမှားယွင်းမှုသည်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း UK အမျိုးသားဆေးတက္ကသိုလ်၏ ၂၀၁၅ စစ်တမ်းတွင် ဖော်ပြထားသည်။

ရောဂါကြီးတွေဖြစ်ပွားခံစားနေရသူတွေရဲ့  ဆေးကုသမှုရာဇ၀င်ကို လေ့လာကြည့်တဲ့အခါ ရောဂါအမည် တပ်တာ မှန်သွားတာ ၁၂ ရာခိုင်နှုန်းပဲ ရှိတာကိုတွေ့ ရပါတယ်။ ကျန်တဲ့လူတွေဟာ ရောဂါနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်နေတဲ့ ရောဂါအမည်ကိုပဲရရှိတာဖြစ်ပြီး ပစ်မှတ်ကိုတည့်တည့်ထိမှန်ခြင်းမျိုး မဟုတ်ခဲ့ပါဘူး။ တက် တက် စင်အောင် လွဲချော်တာကတော့ ၂၀ ရာခိုင်နှုန်းတောင် ရှိတာကိုတွေ့ ရပါတယ်။ ဒီအခြေအနေကို လေ့လာကြည့်မယ်ဆိုရင် UK မှာ ဆရာဝန်တွေ ရောဂါအမည်တပ်တာ အားနည်းချက်တွေအများကြီး ရှိနေ တယ်လို့  ကောက်ချက်ချနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ရောဂါရှာဖွေမှုမှန်ကန်ဖို့ ဆိုတာ အတော်ခက်ပါတယ်။ ရောဂါအမျိုးပေါင်း ၁၀၀၀၀ လောက်ရှိပေမယ့် ရောဂါလက္ခဏာကျတော့ ၂၀၀ ကနေ ၃၀၀ အထိပဲ ရှိပါတယ်။

 ဒီရောဂါလက္ခဏာ ရာဂဏန်းလောက်နဲ့  သောင်းဂဏန်းရှိတဲ့ရောဂါတွေထဲက ဘယ်တစ်ခုပါဆိုတာကို အတိအကျပြောဖို့ ဆိုတာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်လည်း လူနာကိုရောဂါအတပ် မှားတာ၊ ပစ်မှတ်ကိုတည့်တည့်မထိတာ တွေ ဖြစ်နေတာ မရှိဘူးလို့  ငြင်းဆန်လို့ မရတဲ့ အချက် တစ်ခုဖြစ်ပါတယ် ဟု UK အခြေစိုက် ရောဂါရှာဖွေ ရေးဖွံ့ ဖြိုးတိုးတက် ရေးအဖွဲ့  RTI International မှ တာဝန်ရှိသူတစ်ဦးဖြစ်သသူ Mark L.Graber က ပြောပြသည်။စစ်တမ်းများအရ UKတွင် နှစ်စဉ် ရောဂါ ရှာဖွေမှု မှားယွင်းသည့်ဒဏ်ကိုခံစားရသူဦးရေ ၁၂ သန်းထက် မနည်း ရှိကြောင်း၊ ၄င်းတို့ အနက် ၅ ရာခိုင်နှုန်းမှာ ပြင်ပဆေးရုံဆေးခန်းများတွင် ပြသသူများဖြစ်ကြောင်း၊ ရောဂါရှာဖွေမှု မှားယွင်းခြင်းကြောင့် သေဆုံးသူလူနာဦးရေ ၁၀ ရာခိုင်နှုန်းထက်မနည်းရှိပြိး ဆေးရုံတွင် ရှုပ်ထွေးမှုဖြစ်ပွားခြင်း ၆ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ