ကလေးတွေကို စပျစ်သီးခြောက်ကျွေးမယ်ဆိုရင် နှစ်ကြိမ်စဉ်းစားသင့်



သကြားလုံးတွေ၊ သကြားဓာတ်များတဲ့ သောက်စရာတွေနဲ့၊ အသင့်စား အစားအစားတွေဟာ ကလေးတွေအတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ အံ့သြစရာကောင်းလောက်အောင် ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ လျှို့ဝှက်အစားအသောက်တစ်ခုက ဘာပါလဲ။

ကလေးတွေကို အစားအသောက်တွေနဲ့ အစာပြေအစားအစာတွေ ကျွေးတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ပိုပြီးသတိထားဖို့လိုလာပါပြီ။

သကြားဓာတ်တွေပါရှိပြီ အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာကတော့ စပျစ်သီးခြောက်ပါပဲ။ အာဟာရရှိတယ်၊ ဖွံ့ဖြိုးမှုပိုင်းအတွက် အကျိုးရှိတယ်ဆိုပေမဲ့ ကလေးရဲ့ သွားကျန်းမာရေးအတွက်ကျတော့ ပြောင်းပြန်ပါပဲ။ အသင်ကြီးလာတဲ့အခါတောင် ကျန်မာရေးပြဿနာ ဆိုးဆိုးရွားရွားတွေကို ဖြစ်စေနိုင်ပါတယ်။

ကလေးတွေ သွားပျက်စီးရခြင်းအကြောင်းရင်းထဲမှာ ဘာက အဓိကအဖြစ်များဆုံးလဲဆိုတာကို သွားဆရာဝန်လဲဖြစ်၊ ကလေးတစ်ယောက်မိခင်လဲဖြစ်တဲ့ Saara Sabir ကို မေးကြည့်ဖြစ်ခဲ့ပါတယ်။

အဖြေကတော့ စပျစ်သီးခြောက်တွေနဲ့ ယေဘုယျအားဖြင့် အသီးခြောက်တွေပါတဲ့။

"စပျစ်သီးခြောက်တွေနဲ့ အသီးခြောက်တွေက တကယ့်ပြဿနာပါပဲ။ အသီးခြောက်တွေမှာ အာဟာရတော်တော်များများ ပါတဲ့အတွက် ကျွေးဖို့ကောင်းတယ်လို့ မိဘတော်တော်များများက ထင်ကြတယ်။ အသီးခြောက်တွေမှာ သကြားဓာတ် များများပါဝင်မှုက ကလေးတွေရဲ့ သွားတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေတယ်။" လို့ Saara က ရှင်းပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ