များပြားလာတဲ့ကမ္ဘာ့လူဦးရေနဲ့ စားနပ်ရိက္ခာပြဿနာကြောင့် အနာဂတ်မှာ လူ့ အရွယ်အစားကို ချုံ့ ပစ်ရနိုင်




လူသားမျိုးနွယ်ရဲ့သမိုင်းတစ်လျှောက်မှာ၊ အရွယ်အစားကြီးမားခြင်းက ပိုကောင်းတယ်လို့ ယူဆခဲ့ကြပါတယ်။

ကျွန်တော်တို့ ရဲ့ ရှေးဘိုးဘေးဘီဘင်တွေဟာ အရပ်ပိုရှည်၊ ပိုမြန်၊ ပိုသန်မာတာကြောင့် အမဲလိုက်ရာနဲ့ သားရဲ တိရစ္ဆာန်ကြီးတွေရဲ့ အန္တရာယ်ကို ရှောင်ရှားရာမှာ ပိုအသုံးကျခဲ့ပါတယ်။

ဒါပေမယ့် အခုခေတ်ကြီးမှာတော့ အစားအစာတစ်လုပ်အတွက် တိုက်ခိုက်သတ်ပုတ်နေစရာမလိုတော့ဘဲ၊ ကျွန်တော်တို့ တွေရဲ့ အရပ်အမြင့်ကလည်း တကယ်အသုံးဝင်တာသိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ လို့ ၊ လူတွေရဲ့အရွယ်အစားကို ၅၀ စင်တီမီတာလောက်အထိ ချုံ့ ပစ်ကာ လက်ရှိ သာမန်လူ တစ်ယောက်လိုအပ်တဲ့ အာဟာရ၊အရင်းအမြစ်တွေရဲ့ နှစ်ရာခိုင်နှုန်း၊ငါးရာခိုင်နှုန်းလောက်သာ လိုအပ် စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒတ်ခ်ျလူမျိုးပညာရှင်၊ Arne Hendriks ရဲ့ တွက်ချက်ခန့် မှန်းမှုဖြစ်ပြီး လက်ရှိ လူဦးရေ ၇ ဘီလီယံ အထိ ရောက်ရှိနေတဲ့ ကမ္ဘာ့လူဦးရေဟာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ခုနှစ်ကတည်းက Hendriks ဟာ ‘ Incredible Shrinking Man’ ဆိုတဲ့ ပရောဂျက်တစ်ခုကို စတင်ကာ သူ့ ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖြန့် ခဲ့ပါတယ်။

သူ့ အိုင်ဒီယာရဲ့ ရည်ရွယ်ချက်ကတော့ အရွယ်အစားပိုမိုကြီးမားခြင်းက ပိုအသုံးကျတယ်ဆိုတဲ့ ယူဆချက်ကို စိန်ခေါ်ဖို့ ဖြစ်ပါတယ်။ Hendriks ရဲ့ အဆိုအရ လူတစ်ယောက်ရဲ့ အရွယ်အစားကို သေးငယ်အောင် ချုံ့ ပစ်ခြင်းက အာဟာရအရင်းအမြစ်အနည်းငယ်သာ စားသုံးဖို့ လိုအပ်တော့မှာ ဖြစ်ပြီး အစစအရာရာ ရှားပါးတဲ့ လက်ရှိကမ္ဘာကြီးကနေ အရင်းအမြစ်ပေါကြွယ်ဝတဲ့ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။

“ ခရမ်းချဉ်သီးတစ်လုံးက လူတစ်ရာလောက် စားနိုင်တဲ့စွပ်ပြုတ်တစ်ခွက် လုပ်နိုင်မှာဖြစ်ပြီး ကြက်တစ်ကောင် ကလည်း လူတစ်ရာအတွက် လောက်မှာဖြစ်ပါတယ်” လို့ Hendriks က သူ့ ရဲ့ ၀က်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။

ဒီ အယူအဆဟာ သဘာဝမကျဘူးလို့ ထင်စရာရှိပေမယ့် Hendriks ရဲ့ အဆိုအရတော့ လူတစ်ယောက်ရဲ့ ကြီးထွားမှုနှုန်းကို နှေးကွေးစေမယ့် ဆေးရည်တစ်မျိုးမျိုးကို ဖော်စပ်ဖို့ ရာ သိပ္ပံနည်းအရ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကိုချုံ့ ဖို့ ရာ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ ရဲ့ DNA တွေကို ပြောင်းလဲချိန်ညှိခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ၅၀ စင်တီမီတာလောက်သာ ရှိတဲ့လူတစ်ယောက်ဖြစ်ရခြင်းမှာ အဓိကဆိုးကျိုးအချက်တွေလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရဲ့ ဦးနှောက်ဟာ သစ်ကြားသီးတစ်လုံးလောက်တောင် ကြီးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရမှာလည်း ဦးနှောက်အရွယ်အစား လျော့သွားခြင်းဟာ ဥာဏ်ရည်နည်းပါးသွားခြင်းနဲ့ မသက်ဆိုင်ဘူးလို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ