အဆီများတဲ့ အစားအစာတွေကို ဆားနဲ့ တွဲဖက် စားသုံးရင် ကိုယ်အလေးချိန် လျော့ကျစေနိုင်




ကျွန်ုပ်တို့တွေ အစဉ်အဆက် သိခဲ့ကြတာကတော့ ဆား အသုံးပြုတာများသွားရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာပါပဲ။

ဒါပေမယ့် လေ့လာမှု တစ်ခုထဲမှာတော့ သိပ္ပံ ပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တာက ဆားဟာ အဆီတက်စေတဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးပါက လူတွေကို ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်ဆိုတာပါပဲ။

အားလူးကြော် လိုမျိုး အသင့်စား အစားအစာ တွေကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်တယ်ဆိုပေမယ့်လည်း သုတေသီတွေက ဆားပမာဏ များတဲ့အခါမှာ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်နေဆဲ ပဲ ဖြစ်တယ်ဆိုတာကိုလည်း သတိပေးထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုတစ်ခေါက်ရှာဖွေတွေ့ရှိမှုဟာ ကယ်လိုရီ မပါဝင်တဲ့ အာဟာရတွေက ခွန်အားမျှတမှုနဲ့ အလေးချိန်တိုးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ အရင်တစ်ခေါက် ရှာဖွေတွေ့ရှိမှုအပေါ် သက်ရောက်မှုတွေရှိတယ်ဆိုတာကိုတော့ သုတေသီတွေက အခိုင်အမာ ဆိုနေကြပါတယ်။

"လူတွေက ၀ိတ်မတက်ဖို့ သူတို့စားတဲ့ အစားအစာတွေထဲမှာ သကြား နဲ့ အဆီ ဘယ်လောက်ပါတယ်ဆိုတာကိုပဲ အာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် ပိုဆိုးတာက ကယ်လိုရီနဲ့ဆိုင်တဲ့ ဆိုဒီယမ်ပါ။ ဆိုဒီယမ် ဟာ ကိုယ်အလေးချိန်တိုးဖို့အတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။" လို့ Lowa တက္ကသိုလ်က လက်ထောက် ပရော်ဖက်ဆာ Justin Grobe က ဆိုထားပါတယ်။

ထိုလေ့လာမှုကိုတော့ Lowa တက္ကသိုလ်က သုတေသီ အဖွဲ့ဟာ ကြွက်တွေကို သာမာန် အစာတွေနဲ့ အဆီ ပမာဏ များတဲ့ အစာတွေကို ကျွေးကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ ဆား ပမာဏ နည်းပြီး အဆီ ပမာဏ များတဲ့ အစာကိုစားတဲ့ ကြွက်ဟာ ၁၆ ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ဂရမ် လောက်တိုးလာခဲ့ပါတယ်။ အဆီပမာဏ လည်းများပြီး ဆားပမာဏ လည်းများတဲ့ အစာတွေကို ကျွေးလိုက်တဲ့အခါမှာတော့ ကြွက်ဟာ ကိုယ်အလေးချိန် တိုးလာမှု မရှိခဲ့ပါဘူး။

တစ်နည်းအားဖြင့် ဆား တွေရဲ့ လုပ်ဆောင်ချက်ဟာ အစာချေဖျက်မှုကို အားကောင်းစေခဲ့တာကို တွေ့ရှိခဲ့ရပြီး အဆီကတော့ ခန္ဓာကိုယ်ရဲ့ စုပ်ယူခြင်းကို ခံခဲ့ရတာ ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ