သင်္ကြန်နဲ့ ဆေးဝါးသုံးစွဲမှု


သင်္ကြန်နဲ့ ဆေးဝါးသုံးစွဲမှုတွေက ဘယ်လို ဆက်နွယ်လာနိုင်လဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ် ။ အထူးသဖြင့် မိန်းကလေးတွေကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့ အကြမ်းဖက်မှုတွေ ရှိလာနိုင်သလားပေါ့။

ဆေးဝါးမျိုးစုံဟာ အသွင်မျိုးစုံနဲ့ တရားမဝင် ဖြန့်ဖြူး ရောင်းချနေတဲ့ အတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ သုံးလာနိုက်တဲ့ ဆေးကတော့ Rohypnol လိုမျိုး diazepam နွယ်ဝင် အုပ်စုဆေးတွေပါပဲ ။Rohypnol က Flunitrazepam လို့ ခေါ်ပြီး တရားဝင်ရရှိနိုင်တဲ့ ဆေးမျိုးတော့ မဟုတ်ပါဘူး။ သူ့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေမှာ သုံးကြလို့ " date rape drug " "forget me drug" " lunch money drug " စသည်ဖြင့် ခေါ်ကြပါတယ် ။ အဖျော် ယမကာ စတဲ့ drink တစ်ခုခုမှာ ထည့်တိုက်လို့လည်းရတဲ့ "club drug "လို့ ခေါ်တဲ့ ဆေး တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆေးခတ်ခံရတဲ့သူက ဘာတစ်ခုမှ ခုခံနိုင်စွမ်း မရှိတော့ပါဘူး ။

သူ့အကျိုးသက်ရောက်မှုကို လေဖြတ်သွားသလိုမျိုးလို့ ညွှန်းဆိုကြပါတယ်။ ဆေးကို သောက်ပြီး မိနစ်၂၀လောက်မှာတင် အာနိသင်ပြတတ်ပြီး ၂နာရီအတွင်းမှာ အမြင့်ဆုံးရောက်ကာ အာနိသင်က ၆နာရီကနေ ၈နာရီထိ ခံနိုင်ပါတယ်။ ဆေးခတ်ခံရသူက ငြိမ်သက်နေပြီး မျက်လုံးက ပွင့်နေပါတယ် ။ ဖြစ်ရပ်တွေကို သိပါတယ် ။ ဒါပေမဲ့ မလှုပ်ရှားနိုင်ပါဘူး ။ ဖြစ်ပြီးတဲ့ အခါမှာ ဖြစ်ရပ်တွေကို ပြန်လည် မှတ်မိဖို့လည်း ခက်ပါတယ် ။ ဒီ diazepam နွယ်ဝင်အုပ်စုတွေကို အိပ်မပျော်တာ နဲ့ မခွဲစိတ်ခင် စိတ်ငြိမ်အောင် ကြွက်သားတွေ ပြေလျော့အောင် သောက်သုံးဖို့ တီထွင်ခဲ့တာ ဖြစ်သော်လည်း တလွဲသုံးမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ် ။


ဆေးဝါးတွေက ပုံစံမျိုးစုံနဲ့ ဝင်ရောက်နေတာ ဖြစ်တဲ့ အတွက် ဆေးဝါးပညာရှင်တွေပါ ခန့်မှန်းရခက်တဲ့ အထိ ရှိနေပါတယ်။ ရေထဲကို အဖျော်ယမကာထဲကို အစက်လေးချယုံ အမှုန့်လေး ဖြူးလိုက်ရုံနဲ့ ဆယ့်ငါးမိနစ်အတွင်းမှာ ဆေးအာနိသင်က ပြလာနိုင်ပါတယ်။အဲဒီတော့ သင်္ကြန်မှာ မိန်းကလေးတွေ အနေနဲ့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူ မဟုတ်တဲ့သူတွေ တည်ခင်းတဲ့ အဖျော်ယမကာတွေကို သတိရှိဖို့လိုပါတယ်။ ကုတ်ဘူးတွေကိုတောင်မှ ဆေးထိုးအပ်နဲ့ ထိုးထည့်ပြီး ဖယောင်းနဲ့ ပြန်ပိတ်ထားလို့ရတာမို့ အစားအစာ ရေကို ဖြစ်နိုင်ရင် ကိုယ့်အိမ်ကပဲ စီစဉ်ယူသွားတာ ကောင်းပါတယ် ။
မေ့ထားလို့မရတာက alcohol ပါ။ကျွန်တော်တို့ မြန်မာအမျိုးသမီးလေးတွေက အနောက်တိုင်းသူတွေနဲ့ ယှဉ်ရင် အရက်သောက်တဲ့ အလေ့အကျင့် နည်းပါတယ် ။ အဲ့ဒီအတွက် အရက်ကို ကိုယ့်ခန္ဓာကိုယ်က တုန့်ပြန်နိုင်ပုံ tolerance က သိပ်မသိရှိပါဘူး။ တစ်ချို့က တမုန်းကစ်နိုင်သလို တစ်ချို့က ဝိုင်နည်းနည်းလေးသောက်တာနဲ့ အိပ်ပျော်သွားတာမျိုးပါ။အရက်က sexual desire လို့ခေါ်တဲ့ လိင်စိတ်ကို တက်စေပါတယ် ။ လိင်မှုစွမ်းဆောင်ရည် sexual activity ကိုတော့ ကျစေပါတယ်။ အရက်က စိတ်ကျစေတဲ့ သက်ရောက်မှုကို ဆောင်ပေမဲ့ သူက ထိန်းချုပ်မှုကို လျှော့ချခြင်း ( reduced inhibition) ဖြစ်စေပါတယ်။ အဲ့ဒီအခါမှာ ဘာဆေးမှ မသုံးရဘဲ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ လိင်စိတ်ကို ကြွလာစေပါတယ် ။ အဲဒီတော့ မသောက်ရင် အကောင်းဆုံးပါ ။ သောက်ရင် ကိုယ့် limit ကို သိပါ ။ အပြန်အလှန် ထိန်းနိုင်မဲ့ သူငယ်ချင်း ကိုယ့် အနားမှာ ရှိစေပါ။
တခြားသော စိတ်ကြွစေတဲ့ Ice လိုမျိုးဆေးတွေ ၊ mad drug လို့ခေါ်တဲ့ WY ခေါ် ရာမ ya ba စတဲ့ Amphetamine အနွယ်ဝင် ဆေးတွေကတော့ လူကို စိတ်ကြွစေ အားအင်ပြည့်သလို ယုံကြည်မှုတွေ လွန်ကဲသလို စိတ်ကြွတာ မျိုး ဖြစ်တဲ့ အတွက် လိင်စိတ်ကြွနိုင်သလို ခိုက်ရန်ဖြစ်ပွားတာ(ယောက်ျားလေးတွေရော မိန်းကလေးတွေပါ )ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး ကို ပိုပြီး ဖြစ်စေမှာပါ ။

ကြည်လင်စင်ကြယ်ခြင်းအတိနဲ့ ပျော်ရွှင်သော အန္တရာယ်ကင်းသော နှစ်သစ် ဖြစ်ပါစေ ခင်ဗျာ ။

ခွန်းညိုသွေး
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ