ကမ္ဘာတစ်ဝန်း၌ မိုးရာသီ၊ ဆောင်းရာသီနှင့် အခြားရာသီဥတုပြင်းထန်ချိန်များတွင် လူအများအကြား အရက်သောက်သုံးမှုနှုန်း ပိုမိုများပြားလာလေ့ရှိသဖြင့် ၄င်းရာသီဥတုများဖြစ်ပေါ်သည့်ကာလ၌ အရက် ကြောင့် အသည်းပျက်စီးမှုများလည်း ပိုမိုဖြစ်ပွားသည်ကိုတွေ့ ရကြောင်း နယ်သာလန်နိုင်ငံ၊ Chapel Hill မြို့ ရှိ North Carolina တက္ကသိုလ်မှ သုတေသီများက ပြောသည်။မိုးလေ၀ါသပြင်းထန်ဆိုးရွားလာတဲ့အခါ ခန္ဓာကိုယ်ကိုနွေးထွေးစေဖို့  အရက်ပိုသောက်ကြပါတယ်။ အရက် သောက်လို့  နွေးသွားတယ်လို့ မှတ်ယူကြပြီး အရက်ကြောင့်ဖြစ်လာနိုင်တဲ့အကျိုးဆက်ဆိုးတွေကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ဒါကြောင့် မိုးလေ၀ါသဆိုးဝါးလေ၊ အရက်ပိုသောက်လေ၊ အရက်ပိုသောက် လေ၊ အသည်း ပျက်စီးမှု ပိုလေဖြစ်ရတာပါ ။
တစ်ကယ်တမ်းမှာ အရက်သောက်လိုက်တဲ့အခါ အရေပြားနဲ့  နီးစပ်တဲ့နေရာတွေမှာသာ ပူနွေး လာခြင်းဖြစ်ပြီး အဲဒီအပူတွေကို အတွင်းထဲက သက်ဖြစ်အင်္ဂါတွေစီကနေ ထုတ်ယူတဲ့အတွက် သက်ဖြစ်အင်္ဂါတွေမှာ အအေးပတ်ကုန်တယ်ဆိုတာ အရက်နဲ့ နွေးအောင် လုပ်တတ် ကြသူများ သိရှိဖို့ လိုအပ်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Neil Shah က ပြောပြသည်။ မိုးလေ၀ါသပြင်းထန်ဆိုးရွားလို့  အသည်းပျက်စီးတယ်လို့ တော့ မမှတ်ယူစေချင်ပါဘူး။ မိုးလေ၀ါသကို အကြောင်းပြပြီး အရက် ပိုသောက်ကြလို့  အသည်းပျက်စီးမှုပိုတယ်ဆိုတာကိုပြောတာပါ။
အထူးသဖြင့် အအေးဓါတ်ပြင်းထန်တဲ့ဆောင်းတွင်းမှာ အသည်းရောဂါကြောင့် ဆေးရုံ ၊ဆေးခန်း ကိုရောက်လာသူတွေ ပိုများလာလေ့ရှိပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ ရာသီဥတုပြင်းထန်ဆိုးဝါးမှုနဲ့  အရက်သောက်သုံးမှုဆက်နွယ်နေပြီး အဲဒီလုပ်ရပ်ကြောင့် အသည်းပျက်စီး တာခြင်းအတူတူ လူတစ်ယောက်က ကမ္ဘာကြီးရဲ့ ဘယ်အရပ်မှာနေတယ်ဆိုတာကလည်း ဆက်နွယ်မှုရှိ နေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တာကိုတွေ့ ရပါတယ်။ လူမျိုး၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ၊ဘာသာရေး နောက်ခံ အစရှိတာတွေကလည်း လူတွေရဲ့ အရက်သောက်တဲ့အမူအကျင့်အပေါ် အကျိုးသက်ရောက်မှု ရှိတာကိုတွေ့ ရပါတယ် ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ထုတ်ပြန်ချက်အရ အရက်ကြောင့် နောက်ဆက်တွဲဖြစ်သည့်ရောဂါအမျိုးအစား ပေါင်း ၂၀၀ ကျော် ရှိကြောင်း၊ ၄င်းရောဂါများကြောင့် ၂၀၁၂ တွင် လူကောင်းတစ်ယောက်ကဲ့သို့  နေထိုင် လုပ်ကိုင် စားသောက် နိုင်ခြင်းမရှိတော့သူ ၁၃၉ သန်း ထက်မနည်း ရှိခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ မသေသင့် ဘဲ သေဆုံးရသူတို့ ၏ ငါးပုံတစ်ပုံမှာ အရက်ကြောင့်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
ရာသီဥတုပြင်းထန်ချိန်၌ အရက်ကြောင့်အသည်းပျက်စီးမှု ပိုမိုဖြစ်ပွား
Tuesday, April 25, 2017 01:00(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin