အသက်ကြီးပိုင်း အမျိုးသမီးတွေ အိပ်ချိန် မမှန်ခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အရေး များစေ




အိပ်ချိန် နည်းပါးလွန်းသော (သို့) အိပ်ချိန် များလွန်းသော အသက်ကြီးပိုင်း အမျိုးသမီးတွေဟာ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အရေး များနေတယ်လို့ သုတေသန အသစ်တစ်ခုက တင်ပြလိုက်ပါတယ်။

လေ့လာမှုက ဆွေးနွေးခဲ့တာက တစ်နေ့ကို ၆ နာရီထက်နည်းအောင် အိပ်ချိန်နည်းပါးခြင်း နဲ့ နေ့စဉ် ၈ နာရီထက်ပိုသည်အထိ အိပ်ချိန်များပြားနေခြင်းတို့လို နာတာရှည် အိပ်ချိန်မမှန်ခြင်းဟာ သက်လတ်ပိုင်း နဲ့ သက်ကြီးပိုင်း အမျိုးသမီး တွေမှာ အမျိုးအစား ၂ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားနိုင်နှုန်းကို များပြားစေနိုင်တယ်ဆိုတာပါပဲ။

သုတေသီတွေ ဆွေးနွေးတင်ပြခဲ့တာက တစ်နေ့ကို သာမန် အိပ်ချိန်ထက် ၂ နာရီများနေခြင်းဟာ အမျိုးအစား ၂ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ ၁၅ ရာခိုင်နှုန်း အခွင့်အလမ်းများလာစေပြီး အခြား ရောဂါလက္ခဏာ တွေဖြစ်တဲ့ အစားအသောက်မမှန်ခြင်း ၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု များမှာ အခက်အခဲ ရှိလာခြင်း ၊ အိပ်ပျော်နေစဉ် ဟောက်ခြင်း ၊ အိပ်နေရင်း အသက်ရှု ရပ်ရပ်သွားခြင်း ၊ စိတ်ဖိစီးခြင်း ၊ ခန္ဓာကိုယ် အလေးချိန်များ ပြောင်းလဲလာခြင်း တို့ကိုပါ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုက ပြသခဲ့ဖူးတာကတော့ တစ်နေ့ကို အိပ်ချိန် ၇ နာရီ (သို့) ၈ နာရီ အိပ်သူတွေထက်စာရင် အိပ်ချိန် နည်းလွန်းသူတွေ ၊ များလွန်းသူတွေဟာ ဆီးချို သွေးချို ဖြစ်နိုင်ခြေများတယ်ဆိုတာပါ။ ကာလကြာရှည် အိပ်ချိန် မမှန်မှုဟာ အစားအသောက် ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ၊ ကိုယ်အလေးချိန် နဲ့ ဆီးချိုသွေးချို ဖြစ်နိုင်ခြေတို့မှာ အပြောင်းအလဲ ဖြစ်လာတာနဲ့ ပတ်သက်ပြီး ဝေဖန် ဆန်းစစ် ထားတဲ့ လေ့လာမှု တွေမရှိခဲ့ပါဘူး။

Diabetologia ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှု အသစ်အရတော့ အသက် ၅၅ နှစ်ကနေ အသက် ၈၃ နှစ်ကြားရှိပြီး ဆီးချိုသွေးချို မရှိတဲ့ အမျိုးသမီး အယောက် ၅၉၀၀၀ ယောက်ကို သက္ကရာဇစ် ၂၀၀၀ ခုနှစ်မှာ လေ့လာကြည့်ခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ထိုအမျိုးသမီးတွေကိုယ်တိုင် တင်ပြထားတဲ့ အသက် ၂၄ နှစ်အရွယ် အိပ်ချိန် နဲ့ သက္ကရာဇ် ၂၀၀၀ ခုနှစ်ရဲ့ အိပ်ချိန်ကြားက ခြားနားမှုတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

အစားအသောက် ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တွေနဲ့ အခြား လုပ်ဆောင်ချက်တွေကိုလည်း ၂ နှစ်ကနေ ၄ နှစ် တစ်ကြိမ် ပုံမှန် Update လုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ တစ်နေ့ကို အိပ်ချိန် ၆ နာရီထက်နည်းခြင်း နဲ့ ၈ နာရီထက်များခြင်းတို့ဟာ အမျိုးအစား ၂ ဆီးချို သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းများစေနိုင်တယ်ဆိုတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ