တက္ကဆပ်နယ်စပ်တွင် ဇီကာရောဂါ ပြန်လည်ဖြစ်ပွားနေ


ပူနွေးစွတ်စိုလာသည့်မိုးလေ၀ါသကြောင့် တက္ကဆပ်နှင့်မက္ကဆီကိုနယ်စပ်တွင် ဇီကာဗိုင်းရပ်ကိုသယ်ဆောင် သည့် Aedes ခြင်အကောင်ရေ များပြားလာပြီး ယခုအခါ ဇီကာဗိုင်းရပ်ကူးစက်မှုလည်း ပြန်လည်ဖြစ်ပွားနေ ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာသည်။ တက္ကဆပ်ပြည်နယ်နှင့်မက္ကဆီကိုပြည်နယ် နယ်စပ်ရှိ တောင်ကြားချိုင့်ဝှမ်းတွင် ဇီကာဗိုင်းရပ်ပျံ့ နှံ့ ကူးစက် မှု ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး အချိန်တိုအတွင်း ဆက်လက်ပျံ့ နှံ့ သွားမည်ကို စိုးရိမ်နေရကြောင်း၊ ၄င်း ဧရိယာတွင် လူပေါင်း ၁.၃ သန်းထက်မနည်းနေထိုင်ပြီး အများစုမှာ ဆင်းရဲသားလူတန်းစားများဖြစ်ကြောင်း နေအိမ်တည်ဆောက်မှုညံ့ဖျင်းခြင်း၊ ခြင်ထောင်၊စောင် အစရှိသည်တို့ မလုံလောက်ခြင်းတို့ ကြောင့် ဇီကာ ဗိုင်းရပ်ကူးစက်မှုကို မထိန်းနိုင်ဘဲ လျင်မြန်စွာပျံ့ နှံ့ သွားမည်ကို စိုးရိမ်နေရကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ဒီမှာ မိသားစုအတော်များများက အမှိုက်သန့် ရှင်းရေးလုပ်ဖို့ တောင် ငွေကြေးမတတ်နိုင်ကြပါဘူး။ ကျန်း မာရေးအသိမှာလည်း အားနည်းပါတယ်။

သူတို့ အိမ်မှာ ကြွက်တွေ၊ယင်တွေ၊ပိုးဟပ်တွေ အစရှိတဲ့ ကျန်း မာရေးကိုထိခိုက်စေနိုင်တဲ့ အင်းဆက်နဲ့ တွင်းအောင်းသတ္တ၀ါတွေမျိုးစုံရှိနေသလို ခြင်ကလည်း ပေါပါ တယ်ဟု ၄င်းက ဆက်လက် ရှင်းပြသည် ။ ဒီတစ်ကြိမ် ဇီကာဗိုင်းရပ်က ဆင်းရဲသားလူတန်းစားကို ရွေးချယ်တိုက်ခိုက်မယ့်သဘော မြင်တွေ့ နေရ ပါတယ်။ လူချမ်းသာတွေ၊ လူချမ်းသာမဟုတ်တောင် လူလတ်တန်းစားနဲ့  သာမန်စားနိုင်သောက်နိုင်သူ တွေက သူတို့ ကိုသူတို့  ခြင်ရန်ကနေ ကာကွယ်နိုင်ကြပါတယ်။ ဒီ ဆင်းရဲသားလူတန်းစားတွေမှာတော့ အန္တရာယ်ရှိမှန်းသိသိကြီးနဲ့  ခြင်ကို လက်ဝါးနဲ့ ရိုက်နေကြရုံမှတစ်ပါး မတတ်နိုင်ကြပါဘူး ဟု တက္ကဆပ် ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် Joseph McCormick က ပြောပြသည်။

တက္ကဆပ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၌ ကျန်းမာရေးအာမခံပြုလုပ်ထားမှု အနည်း ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ပြည်သူ့ ဆေးရုံလည်း မရှိကြောင်း၊ ဇီကာဗိုင်းရပ်ကူးစက်ခံရလျင်လည်း ရောဂါ ၏ ၈၀ ရာခိုင်နှုန်းမှာ လက္ခဏာပေါ်လွင်ခြင်းမရှိသည့်အတွက် ၄င်းတို့ မှာ မိမိကိုယ်ကိုယ် ဇီကာကူးစက်မှု ခံရခြင်းရှိ၊မရှိ သိရှိကြမည်မဟုတ်ကြောင်း၊ ထို့ ကြောင့် ဇီကာကူးစက်မှု လျင်မြန်စွာပျံ့ နှံ့ သွားနိုင်သည့် အတွက် တက္ကဆပ်ပြည်နယ်၏ ဇီကာပြဿနာကို ဖက်ဒရယ်အစိုးရက ပါဝင်ဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ