ကော်ဖီနှင့် ကျန်းမာရေး


Aroma မျိုးနွယ်ဝင်ဖြစ်တဲ့ အပင်မှရရှိတာကြောင့်လည်း ကော်ဖီက ရောဂါပိုးမွှားများကို တိုက်ဖျက် ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်း(ခေါ်) Antioxidant ရဓာတ် သတ္တုများစွာ ပါဝင်နေပါတယ်။

အဆီများလောင်ကျွမ်းမှုကိုကော်ဖီကအားပေးကူညီပေးပါတယ်။အသည်းကိုအားကောင်းလာစေပါတယ်။ပါကင်ဆန်(ခေါ်)အသက်ကြီး၍ ခြေတုန်လက်တုန်ရောဂါများနှင့် အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့အသက်၆၅ နှစ်အထက်သက်ကြီးပိုင်းတွေကို ကဖိန်းဓာတ်နည်းတဲ့ ကော်ဖီပျော့ပျော့ တိုက်ကျွေး သင့်တယ်လို့ The University of South Floridaနှင့် The Universityof Miami တို့မှ သုတေသီများက အကြံပြု ထားပါ တယ်။

အချိုမပါတဲ့ကော်ဖီတစ်နေ့နှစ်ခွက်ပုံမှန်သောက်ခြင်းက ဆီးချို အမှတ်-၂ ဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်း လျှော့ချ ပေးကြောင်း he American Chemical Societyက အကြံပြုထားပါတယ်။ကဖိန်းဓာတ်က သွေးထဲမှာရှိတဲ့ ဖက်တီး အက်စစ် ပမာဏကို တိုးပွားစေကာ ထိုအက်စစ်တွေကို ခန္ဓာကိုယ် ကြွက်သားများ က စုပ်ယူ လောင်မြိုက် ပေးတာမို့ ကိုယ်လက် ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေ တာကြောင့် အထူး သဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင်နဲ့ စက်ဘီး စီး အားကစား သမားအတွက် အထောက် အကူပြုတယ်လို့ he New York Times မှာ ဖော်ပြသွားခဲ့ပါတယ်။

အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ် ၂ဝ ကြာ သုတေသနပြုပြီးတဲ့ အခါမှာကော်ဖီက အရေပြား ကင် ဆာနဲ့ ရင်သားကင်ဆာတွေဖြစ်နိုင်ခြေ နည်းပါးစေတယ်လို့ Brigham and Women'sHospital မှ အကြံပြု ထား ပါ တယ်။

ကော်ဖီသောက်ပြီးတဲ့အခါ စိတ်ကိုလန်းဆန်းပျော်ရွှင်လာစေသောကြောင့် ဆယ်ကျော်သက်များ မိမိကိုယ်ကိုသေကြောင်း ကြံစည် လိုမှု ၅ဝ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း righam and Women'sHospital မှ အတည်ပြုထားပါတယ်။

ကိုရီးယားနိုင်ငံ Seoul National University ကကြွက်များနဲ့ စမ်းသပ်ပြီးနောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက် ကင်းစေတဲ့အပြင် လိင်စိတ်နိုးကြွစေတယ်လို့ ဆိုပါတယ်။

၂ဝဝ၆ ခုနှစ်က အမေရိကန်မှာ အရက်စွဲနေသူပေါင်းတစ်သိန်းနှစ်သောင်းကျော်ကို ၂၂ နှစ်ကြာ သုတေသန ပြုချက်များ အရ နေ့ စဉ်ကော်ဖီတစ်ခွက်ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေ အလား အလာ ၂ဝ ရာခိုင်နှုန်းမျှ လျော့ကျစေပါတယ်။

ကော်ဖီက အရွယ်တင်နုပျိုစေတဲ့အပြင်သည်းခြေအိတ်ကျောက်တည်ခြင်း မကြာခဏ မျက်စိပုတ်ခတ်ပုတ် ခတ်လုပ် သူများ၊ သွားပိုးစားခြင်း၊ ဂေါက်(ခေါ်)အဆစ်အမျက်ရောင်ရမ်းနာများစသည်တို့အတွက် ဆေးဖက်ဝင်တယ်လို့ ကျန်းမာရေး သုတေ သီတွေက ဆိုထားကြပါတယ်။

ကော်ဖီက လူ့သငံရည်(သားနံရည်)ကြောအဖွဲ့အစည်းကို အဆိပ်အတောက်ပြေစေတာကြောင့် အထူးသဖြင့် Orange Peel ခေါ် အရေပြားအဖုအထစ်ကြမ်းတမ်းခြင်းကို သက်သာစေနိုင်လို့ အရေပြားရောဂါရှိသူများ ကော်ဖီမှုန့် နဲ့ပြု လုပ် ထားတဲ့ဆပ်ပြာ၊ ကရင်မ်၊လိုးရှင်းတွေကို အသုံးပြုသင့် ပါကြောင်းလှပမှုဆိုင်ရာအရေပြားရောဂါဗေဒပညာရှင်တွေက၂ဝ၁၃ခုနှစ်ဇူလိုင်၁၃ ရက်က Beauty Mantra ခေါ် အမေရိကန်အလှအပဆိုင်ရာ အင်တာနက် စာမျက် နှာမှာအကြံပြု ထားပါတယ်။

၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ ImperialCollege London မှ လေ့လာတွေ့ရှိမှု အသစ်တစ်ရပ်အရ အမျိုး သမီး ဦးရေ၄၅၆ဝဝဝကို လေ့လာခဲ့ရာမှတစ်နေ့လျှင် ကော်ဖီသုံးခွက် သောက်သုံးလေ့ရှိတဲ့အမျိုးသမီးများမှာသားအိမ်ကင် ဆာဖြစ် ပွားလာနိုင်မှုအန္တရာယ်ကို ၁၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါးသုတေသနပညာရှင်များက အသက် အရွယ်ကြီးရင့်သူ ၁၄ဝဝ အား စမ်းသပ်လေ့လာခဲ့ပြီး အလယ်အလတ်စား ကော်ဖီသောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက် ကျန်း မာရေးကိုအထောက်အကူပြုနေကြောင်း တွေ့ရှိခဲ့တယ်။ အဆိုပါလေ့လာမှုအား အီတလီ ဘာရီအယ် လ်ဒိုမော် ရိုတက္က သိုလ်မှ သုတေသီများကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်အရွယ်ကြား အီတလီသက်ကြီးပိုင်း ၁၄၄၅ ဦး၏ ကော်ဖီသောက်သုံးခြင်းနှင့် အာရုံကြောဆိုင်ရာကျန်းမာသန်စွမ်းခြင်းဆက်နွှယ်နေမှုအပေါ်သုံးနှစ်ကြာအချိန်ယူ၍ လေ့လာသွားခဲ့တာပါ။ လေ့လာမှုအရ နေ့စဉ်ကော်ဖီနှစ်ခွက်သောက်သုံးခြင်းဟာ ဦးနှောက်၏ စွမ်းအင်ကို တိုးတက်လာစေ နိုင်ကြောင်းနှင့်အဆိုပါတွေ့ရှိမှုအား ဦးနှောက်အမေ့လွန်ရောဂါနှင့်ပတ်သက်သည့် အယ်လ်ဇိုင်းမား ဂျာနယ်တွင် ပုံနှိပ် ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ကော်ဖီနှင့်ဘေးထွက်ဆိုးကျိုးများကော်ဖီကအထက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်သော်လည်းပဲ မွေးရာပါ ကိုယ်ခံအားနည်းသူများ ၊ကဖိန်းဓာတ်နဲ့ဓာတ်မတည့်သူများ ၊ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံးသူများနဲ့ ကော်ဖီ အမှုန့်တွေကိုမစစ်ခံဘဲ သောက်မိတဲ့အခါ များမှာခန္ဓာကိုယ်ကိုအကျိုးယုတ်စေတဲ့LDLကိုလက်စထရောတွေမြင့်တက်လာပြီး နှလုံးသွေးကြောရောဂါ၊ အစာအိမ်အချဉ်ဖောက်၊ အာရုံကြောကိုနှိုးဆွပေးလို့ အိပ်မပျော်ကတုန်ကယင်၊သွေးတိုး၊ ကော်ဖီ အသောက်များတဲ့ ကလေးငယ်တွေမှာ ခန္ဓာကိုယ်ကြီးထွား မှုနှောင့်နှေးခြင်း ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ သား လျှောခြင်း၊ အရိုးပါး၊ အစာအိမ် ၊အူလမ်းကြောင်း အတွင်း ဖုံးလွှာထိခိုက်ခြင်း၊ သွားတွေ ညိုမည်းခြင်း စတဲ့ဘေး ထွက်ဆိုးကျိုးများ ဖြစ်စေပါတယ်။

ကော်ဖီသောက်သင့်မသောက်သင့်ဒါကြောင့်ကျန်းမာရေးအမြင်ကျယ်လာတာနဲ့အမျှကော်ဖီကောင်း၏၊ဆိုး၏ဟူ၍ကာလကြာ ရှည်အငြင်းပွားလျက်ရှိနေကြတယ်။ယနေ့ အမေရိကန်မှာတော့ ကော်ဖီကရတဲ့ ကဖိန်းဓာတ်နဲ့ Homeopathic Medicineခေါ်လူကောင်းအတွက် ရောဂါရစေပြီးလူနာများအတွက် ရောဂါပျောက်စေတဲ့ ကုထုံးကို အောင်မြင်စွာကုသနိုင်ပြီလို့ ဆိုထားပါတယ်။

ကော်ဖီသောက်ရန် အသင့်လျော်ဆုံးအချိန်နံနက်အိပ်ရာနိုးထလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Cortisol ဟော်မုန်း ပမာ ဏမြင့် တက်နေချိန်ဖြစ်ပြီး အဲဒီအချိန်ကော်ဖီသောက်လိုက်တဲ့အခါမှာကဖိန်းဓာတ်တွေနဲ့ ဟော်မုန်းတို့ဓာတ်ပြုကြပြီး နောက် ခန္ဓာ ကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်အောင်နှိုးဆော်ပေးပါတယ်။

ဒါကြောင့် နိုင်ငံတကာဆေးသုတေသီတွေရဲ့ လေ့လာဆန်းစစ်မှုအရ နံနက်အိပ်ရာမှနိုးထပြီးနောက် တစ်နာရီ ခန့်အကြာ ဟာကော်ဖီသောက်ရန်အသင့်လျော်ဆုံးအချိန်ဖြစ်ပါတယ်။ထို့ပြင် နေ့လယ်စာ စားပြီးနောက်တစ်နာရီကျော်အကြာနဲ့ညနေခင်းအချိန်တွေကလည်းကော်ဖီသောက်ရန် သင့်လျော်ကောင်းမွန်တဲ့ အချိန်များပါပဲ။သို့သော်တန်ဆေးလွန် ဘေးဖြစ်တတ် တာကြောင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက်ထက်ပိုမသောက် သင့်ပါ ဘူး။ ကော်ဖီကို တစ်နေ့သုံးခွက်ထက်ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျ ရောဂါများနဲ့ အရိုးပါးရောဂါတွေဖြစ် လာစေတတ်ပါတယ် ။ အကယ်၍တစ်နေ့လေးခွက်နဲ့အထက် သောက်သုံးသူများမှာအသက်တိုစေနိုင်ပါတယ်။ ဒါ့ပြင် ကော်ဖီကို ပါရာစီတမောလ် အကိုက် အခဲပျောက်ဆေးတွေနဲ့ လုံးဝတွဲ မသောက်သင့်ပါကြောင်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း၍ကိုယ်ခံအားနည်းသူများအဖို့ကော်ဖီကို လျှော့ သောက် သင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ